part 19

305 20 0
                                    


ရိပေါ် ဘယ်လောက်ကြာအောင်အိပ်ပျော်သွားတယ်
မသိဘူး အပြင်က ကားတံခါးကိုထုနေတဲ့
အသံကြောင့်နိုးလာကာ
"ဟင် ကျန့်ကော ပြန်တော့မလို့လား"
"ပေါ်တိလေး ပြန်မယ်ဆိုပြီး ဒီမှာအိပ်နေတာလား
နေကောကောင်းပြီလား ဖျားနေသေးလား
ဆေးခန်းသွားမလား"
တရပ်စပ် မေးခွန်းတွေထုပ်ကာ ရိပေါ်ရဲ့မျက်နှာလေးကို
ထိတွေပြီးမေးနေတဲ့ ကျန့်ကောရဲ့မျက်နှာက
စိုးရိမ်မူ့ တွေကို အထင်းသားမြင်နေရတယ်
ကျန့်ကော ရဲ့လက်ကလေးကို ဆွဲယူ ပြီး လက်ခုံဖွေးဖွေး
လေးကို ဖွဖွလေး နမ်းရိုက်ရင်း
"ကျန့်ကောက ရိပေါ်အတွက် အားဆေးဘဲ
ကျန့်ကောသာအနားမှာရှိရင် တခြားဆေးတွေသောက်
စရာမလိုတော့ဘူး သိလား"
"တဂယ်လား ပေါ်တိလေးရဲ့"
"တဂယ် ပါဆို မယုံဘူးလား ခုနက ကျန့်ကောရဲ့
လက်ကလေးဘဲနမ်းရလို့ ဆေးကသိပ်
မစွမ်းဘူး "
လက်မြန်ခြေမြန် ရိပေါ်က ကျန့်ကျန့်မေးစေ့လေးကို
လှမ်းဆွဲကာ အနမ်းတွေ အချိန်ကြာကြာ
သိမ်းပိုက်လိုက်တော့သည်

ပါစပ်ထဲ အငံဓာတ် ရလာတာကြောင့်
သူ့ရဲ့ခပ်ကြမ်းကြမ်းစုပ်ယူမူကြောင့် ကျန့်ကောရဲ့
နူတ်ခမ်းလေးပေါက်သွားတာကို
သတိထားမိတော့မှ လွတ်ပေးလိုက်ကာ
ဟုတ်တာပေါ့ ကျန့်ကျန့်နူတ်ခမ်းလေးရဲတတ်ပြီး
ယောင်နေကာ ပွန်းသွားတဲ့နေရာလေးကို
"အုံ ဖွ ပျောက်စေ "ဆိုပြီးမန်းမူတ်ကာ
ကျန့်ကောကို စလိုက်တယ်
"ပေါ်တိ အဆိုးလေး လုပ်တုန်းက လုပ်ပြီး
အခုမှ "
"ဘာလဲ ကျန့်ကောစိတ်ဆိုးလို့လား"
"ပေါ်တိလေး အတွက်ဆို သွေးထွက်တာလောက်
ကို အသာထား အသက်တောင်
ပေးရဲပါတယ်နော်"
"ကျန့်ကော တော်တော့"ရိပေါ် ကျန့်ကျန့်ကို အော်လိုက်
ကာ
"နောက် အဲ့လိုစကားမျီုး မပြောပါနဲ့နော်
အသက်ပေးပြီးချစ်မှရမယ်ဆို ရိပေါ်ဘဲ ပေးမှာ
ကျန့်ကော ဘာမှမဖြစ်ရဘူးသိလား"
"အင်းပါ ပေါ်တိမကြိုက်ဘူးဆို နောက်မပြောတော့
ဘူးနော် ဒီနေ့ ဘာစားချင်လဲပြေ ကျန့်ကျန့်
ချက်ကျွေးမယ်"
"ဒီနေ့ ဘာစားရမလဲ ဆိုတော့ ပုဇွန် တုန်ယမ်း
ငါးခဲပါတ် "
"Ok အာ့ဆို စီးတော်ယဉ်ကြီး
ကြွချိတော် မူလော့ ဒီက စာဖိုမူးကြီး အမောင့်အိမ်သို့
လိုက်လံကာ အကောင်းစားဟင်းလျှာများကို
ချက်ပြုတ်ပေးတော် မူမယ်"
ကျန့်ကျန့်ရဲ့ ရှေ့ခေတ် စကားနဲ့ ရိပေါ်ကို
စနောက်နေသောကြောင့်
ရိပေါ်မှာ ကားမောင်းရင်း ပါစပ်မပိတ်နိုင်ဘဲ
ရယ်မောနေရတော့သည်
အိမ်ရောက်တော့ ကျန့်ကျန့် မီးဖိုခန်းထဲဝင်ကာ
ချက်ပြုတ်ဖို့ လုပ်နေချိန်
ရိပေါ်က ဘေးနားက အရွက်တွေ လှီးကာ
ကူညီနေသည်
ထိုအချိန် ကလင် ကလင်
"ဟဲလို စစ်ကျွေးပြော"
"အစ်ကို လေး ဝမ်ချောင် ဒီနေ့ ထူးခြားနေတယ်
သူ ကြည့်ရတာ ဒီနေ့ အစီစဉ် ရှိပုံဘဲ"
"အဲ့တာဆို ငါလာခဲ့မယ် ဘယ်နားမှာလဲအခု"
"ငါအခု ထွက်လာပြီ ဒါဘဲ"
"ကျန့်ကော ကျွန်တော် အပြင် သွားလိုက်အုံးမယ်နော်"
"ကားကို ဂရုစိုက်မောင်းနော် သတိနဲ့သွားအုံး ထမင်းစား
စောင့်နေမယ်နော်"
"အင်း သွားပြီ"
ရိပေါ်ကားကိုမောင်းကာ
စစ်ကျွေးဆီထွက်လာခဲ့လိုက်သည်
"စစ်ကျွေး အခြေနေ ဘယ်လိုလဲ"
"ဒီနေရာက ဝမ်ချောင် ရဲ့ စက်ရုံဘဲ အစ်ကိုလေးသူ
ဝင်သွားတာကြာပြီ ပြန်ထွက်မလာ
သေးဘူး"
"အဲ့တာဆို ကားထဲကစောင့်ကြည့်ရအောင်
ငါ့ကားနဲ့သွားမယ်"
ခနကြာတော့ ဝမ်ချောင်ကားထွက်လာတာကို
မြင်လိုက်တာကြောင့် ရိပေါ်ကားအရှိန်ကို ဖြေးဖြေး
မောင်းကာ နောက်မှ လိုက်ခဲ့တော့သည်
ထုံစံအတိုင်း ဝမ်ချောင် ကလေးတွေကို မုန့်ဝေ
ပေးနေသည် ထိုနောက် တည်းခိုခန်းထဲဝင်သွားတာကို
တွေ့လိုက်ရပြန်သည်
ဝမ်ချောင်တည်းခိုခန်းထဲဝင်သွားတာကြောင့်
စစ်ကျွေးနဲ့ ရိပေါ် ကားထဲကနေဘဲ ဝမ်ချောင်ထွက်အလာကို စောင့်ကြည့်ရပြန်သည်
ညက နက်သထက်နက်လာပြီဖြစ်တာကြောင့်
ရိပေါ် ကျန့်ကျန့်ကို ဖုန်းဆက်ဖို့ သတိရလာတာ
ကြောင့် ဖုန်းကိုထုပ်ကာ ကျန့်ကျန့်ဆီခေါ်လိုက်တယ်

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now