#Unicode#လွန်ခဲ့တဲ့နှစ်နှစ်ကအချိန်ကိုတွေးရင်း ကော်ဖီသောက်ပြီးဆွေးနေခိုက် ဆိုင်အပြင်ဘက်စားပွဲမှာ
သင်္ချာပုစ္ဆာတစ်ပုဒ်ကိုသဲကြီးမဲကြီးတွက်နေတဲ့ကောင်လေးကို စိတ်ဝင်တစားစိုက်ကြည့်ပြီးခဏကြာမှ သူ့ဆီထားသွားကာ"မင်းသုံးနေတဲ့ပုံသေနည်းလွဲနေတယ်"
"ဗျာ"
ဝင်ထောက်လိုက်တဲ့သူ့ကို မော့ကြည့်ပြီး
"ကျွန်တော်အစောကတည်းကတွက်နေတာ ဒီတစ်ပုဒ်ထဲကိုနာရီဝက်ရှိနေပြီ ဘာလွဲနေမှန်းကိုမသိဘူး"
စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုပ်ပြီး ညည်းတွားသလိုပြောနေတဲ့ကောင်လေးကိုပြုံးပြကာ
"ကျူရှင်မယူဘူးလား ညီ"
"မယူနိုင်ပါဘူးဗျာ"
"ဒီဆိုင်ကစားပွဲထိုးလား"
အင်္ကျီကိုလက်ညှိုးထိုးပြီး မေးနေတဲ့သူကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး
"ဟုတ်တယ်အစ်ကို...ဒါကကျွန်တော့်နားချိန်လေ"
"ဪ....ကိုယ်ပြောတဲ့ပုံသေနည်းထည့်တွက်ကြည့်"
"ဟုတ်"
ခေါင်းညိတ်လိုက်ပြီး သူပြောသလိုတွက်လိုက်မှ အဖြေမှန်ကိုရသွားသည်
အဖြေမှန်လို့ပျော်နေတဲ့ချာတိတ်ကိုကြည့်ပြီး
"မင်းတွက်တာမဆိုးဘူး ကြိုးစား"
"ဟုတ်အကို"
"ဧကရာဇ်....ဟျောင့်....လာကွ ပြန်မယ်"
"အိုခေ အိုခေ"
ထွက်သွားဖို့ပြင်နေတဲ့ လူကိုလှမ်းအော်ပြီး
"အစ်ကို"
လည်ပြန်လှည့်ကြည့်တဲ့မျက်နှာချောချောကိုပြုံးပြရင်း
"အစ်ကို....ကျေးဇူးပဲ"
အသိမှတ်ပြုသလိုခေါင်းတစ်ချက်ညိတ်ပြကာလက်ရမ်းပြရင်း သူ့သူငယ်ချင်းတွေနဲ့အတူပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်
ဆိုင်ပိုင်ရှင်အစ်ကိုလာမှ
"ဟေ့ကောင်...သတိုး....စာမလုပ်ဘဲ ဘယ်တွေငေးနေတာလဲ"