စာမျက်နှာ 1️⃣

166 7 0
                                    

မြို့မကျ နယ်မကျ ဒီမြို့လေးမှာ ကျွန်တော်ရယ် မေမေရယ် ကျွန်တော့်ထက်နှနှစ်ကြီးတဲ့မမရယ် မိသားစုသုံးယောက် ဖေဖေချန်ထားခဲ့တဲ့ လက်ငုတ်လက်ရင်း စားသောက်ဆိုင်လေးဖွင့် အတွင်းပစ္စည်းနဲ့ပါတွက်လိုက်ရင် လူတန်းစေ့နေနိုင်တဲ့ အသိုင်းအဝိုင်းထဲကလို့ ပြောလို့ရတယ်ပေါ့ဗျာ။

ကျွန်တော်ဆယ်တန်းရောက်တော့ မမကတက္ကသိုလ်ဒုတိယနှစ် စီးပွားရေးဘာသာရပ်တက်နေတာပေါ့။ ကျွန်တော်ကဆယ်တန်းပဲရှိသေးပေမယ့် အရွယ်ရောက်ရင် မေမေ့ကိုကူဖို့ ဟိုတယ်နဲ့ခရီးသွားလာရေးသင်တန်းပဲတက်ဖို့စိတ်ကူးထားတယ်။ ဆိုင်ကိုလည်းကူ တဖက်ကလဲမြို့အတွက် ရပ်ခြားဧည့်သည်တွေအလည်လာရင် ကူညီပေးလို့ရအောင်ပါ။ ခုတော့ဆယ်တန်းစာမေးပွဲအတွက်အသည်းအသန် ကြိုးစားနေရတယ်ပေါ့ဗျာ။

မနတ်ဖြန် အကြိုစမ်းသတ်စာမေးပွဲအတွက် စာအုပ်တအုပ်ဖက်နေတုန်းမှာ အခန်းတံခါးခေါက်သံကြားလို့လှည့်ကြည့်တော့...

" အံမယ် ငါ့မောင်လေး စာတွေအရမ်းကြိုးစားနေတ
ယ်ပေါ့..."
" ဟုတ် မမဆွေ

" မမကိုတခုလောက်ကူညီပါလား "

" အောက်မှာ " လက် ရယ် ဟိန်း " ရယ်စောင့်နေတယ် တခုခုသောက်ဖို့သွားပို့ပေးပါလား ရေအမြန်ချိုးပြီးတာနဲ့ သူတို့နဲ့ ပြန်ထွက်ရမှာမို့လို့ "

မမကိုသိပ်ချစ်တဲ့ကျွန်တော် ဘာများပြန်ပြောနိုင်မှာလဲ ခေါင်းငြိမ့်ပြီး ထရပ်လိုက်တော့ မမကပြုံးပြပြီး သူ့အခန်းဖက်ကိုထွက်သွားသည်။

မီးဖိုချောင်ထဲဝင် ကော်ဖီနှစ်ခွက်ဖျော် အိမ်ရှေ့ရောက်တော့ မမရဲ့ငယ်သူငယ်ချင်းနှစ်ယောက်က ကျွန်တော့်ကိုပြုံးပြတယ်။ မမက " ဟိန်း " လို့ခေါ်တဲ့ ကိုဟိန်းမင်းသူရယ် " လက် " လို့ခေါ်တဲ့ ကို ညီစေလက် ရယ်ပါ ။

" ညီလေး ချမ်းမြေ့ ဘယ်လိုလဲ စာတွေလိုက်နိုင်ရဲ့လားကွ "

" ဟုတ် ကိုဟိန်း လိုက်နိုင်ပါတယ် "

" ကြိုးစားကွာ ဒါမှ လိုင်းကောင်းကောင်းရမှာ ဆွေ့ လိုတော့ စီးပွားရေး မယူနဲ့နော် ခေါင်းရှုပ်ရမှာ "

" ဟုတ် ကိုဟိန်း "

ဟိန်းမင်းသူက စကားတွေပြောနေပေမယ့် ညီစေလက်ကတော့တုတ်တုတ်မျှမလှုပ် "ချမ်း " ဖျော်လာပေးတဲ့ ကော်ဖီကိုသာ စိုက်ကြည့်နေသည်။ ငြိမ်သတ်နေတဲ့ ညီစေလက်ကို တချက်လှည့်ကြည့်ပြီး ချမ်းကို ယောက်ဖဖြစ်လာမည့်သူမို့ ရှိန်နေတာများလားဟု တွေးမိပြန်သည်။ ထိုစဉ် မမ ရောက်လာကာ...

" ကဲ သွားကြစို့ တော်ကြာ နဒီတို့မျော်နေတော့မယ် ရှဲရှဲနော် မောင်လေး နောက်မှ မုန့်ဖိုးပေးမယ် "

"သွားပြီနော် ညီလေးချမ်း"

" ဟုတ် ကိုဟိန်း"

မမက ချမ်းခေါင်းကိုပုတ်ပြီး အိမ်ရှေ့ကိုထွက်သွားသည်။ ကိုဟိန်းက နှုတ်ဆက်ပေမယ့် ညီစေလက်က တချက်တောင်လှည့်မကြည့်၊ နားလည်ရခက်တဲ့လူတယောက်များလားလို့ တွေးကြည်ပေမယ့် ကိုယ်ပဲငယ်သေးလို့ နားမလည်တာပဲဖြစ်မည် ထင်ပါသည်။

အဖြူ နဲ့ အမည်း ( Black and White ) ongoingWhere stories live. Discover now