Chp 752

294 3 3
                                    

ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရား
စာစဉ္(၅၄)
အပိုင်း ( ၇၅၂ )

အေးခဲခြင်း

“ ကောင်းတယ်။ မင်းက အင်မတန်ထူးချွန်တာပဲ ” မုဆိုးက နွေးထွေးစွာဖြင့် ပြုံး၍ ပြောလိုက်သည်။ သူက လင်းဖန်နှင့် ဆက်လက်မတိုက်ခိုက်တော့ပေ။ သူမြင်ခဲ့ရပြီဖြစ်၍ လုံလောက်ပြီဖြစ်သည်။ လင်းဖန်က တျန်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ရှေ့မှာပင် အရှုံးမပေးချေ။ ထို့ပြင် မုဆိုးက အနိုင်ရရှိရန် အစွမ်းကုန်သုံးခဲ့ရ၏။

လင်းဖန်မှာ ကြောက်မက်ဖွယ်ကောင်းသော ပင်ကိုယ်စွမ်းရည်များရှိသည်။ စိတ်ဆန္ဒသုံးမျိုးအပြင် သူ့မှာ ခိုင်မာပြတ်သားသော စိတ်ဓာတ်ရှိသည်။

လင်းဖန်က သူ့ကိုစိတ်မပျက်စေခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် လွန်စွာကျေနပ်အားရမိသည်။

တျန်ချီရွှဲ့၏မျက်လုံးများ တလက်လက်တောက်ပနေသည်။ လင်းဖန်၏အစွမ်းက သူမ တွေးထင်ထားသည်ထက် သာလွန်နေခဲ့၏။ သူက အံ့မခန်းအစွမ်းထက်သည်။ စိတ်ဆန္ဒသုံးမျိုးကိုပင် ထိန်းချုပ်နိုင်သည်။ သူက အင်မတန်မာနကြီးနေရသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။ အနည်းဆုံးတော့ သူမ၏မျက်လုံးတွေထဲမှာ သူက မာနကြီးနေခဲ့သည်။

လူတချို့မှာ မနှစ်မျို့ဟန်ဖြစ်နေကြသည်။ အထူးသဖြင့် ပိုင်လီရွှဲ့ပင်။ သူက စမ်းသပ်ချက်ကို အရင်ဆုံးလုပ်ဆောင်ခဲ့သူဖြစ်ပြီး တခြားသူများနှင့်ယှဉ်လျှင် အင်မတန်နိမ့်ကျဟန် ရှိနေသည်။

ဟန်ကျုံးယွီက သူ့ထက်သာလွန်နေခဲ့ပြီး ဟွမ်ဖူလုံသည်လည်း အတူတူပင်။ လင်းဖန်ကား သူ့ထက် ဆိုဖွယ်ရာမရှိ သာလွန်နေခဲ့၏။

“ မုဆိုး…မင်းဘယ်လိုသဘောရလဲ ” အဘိုးအိုက ရှေ့သို့လျှောက်လာရင်း မေးမြန်းလိုက်သည်။ သူက ပိုင်လီရွှဲ့၏ဆရာအဖြစ် ရွှဲ့လီကျန်းကို ညွှန်ပြခဲ့သည်။ ဟန်ကျုံးယွီ၏ဆရာအဖြစ် ဇွမ်ကျွမ်းကို ညွှန်ပြခဲ့ပြီး ယခု လင်းဖန်အတွက် ဆရာတစ်ယောက် ရှာပေးရလိမ့်မည်။

“ သူ့ကို လူတစ်ယောက်ဆီ ကျုပ်ခေါ်သွားမယ် ” မုဆိုးက အဘိုးအိုကို  ပြောလိုက်သည်။

You'll also like

          

အဘိုးအို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တလက်လက်တောက်ပနေသည်။ သူက ပြုံးလိုက်ပြီး ပြောလိုက်၏။

“ ကောင်းပြီ။ မင်းကြိုက်သလို လုပ်နိုင်တယ် ”

“ သူတို့ကို ခင်ဗျားခေါ်သွားနိုင်တယ်။ သူ့ကို ကျုပ်နဲ့အတူ ထားခဲ့လိုက်ပါ ”

“ ကောင်းပြီ ” အဘိုးအိုက လူအုပ်စုကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ သူတို့က အဘိုးအို၏နောက်သို့လိုက်ရမည်ဖြစ်ကြောင်း အားလုံးနားလည်ကြသည်။ အဘိုးအိုက သူတို့ဆရာဆီသို့ ခေါ်သွားလိမ့်မည်ဖြစ်သည်။

လူအားလုံးက လင်းဖန်ကိုတချက်ကြည့်ကာ ထွက်ခွာသွားသည်။ သူတို့က သူဘယ်နေရာသွားရမလဲဆိုသည်ကို သိချင်နေကြသည်။

သူတို့အားလုံးထွက်သွားသောအခါ လင်းဖန်၊တန်ယုံယုံနှင့် ရွှယ်လင်းလုံတို့သာ ထိုနေရာမှာ ကျန်ရစ်ခဲ့သည်။

“ ငါ့နောက်လိုက်ခဲ့ ” မုဆိုးက လင်းဖန်ကိုခေါင်းညိတ်ပြကာ ပြောလိုက်သည်။ သူတို့က နှင်းဖုံးနေသော တောင်တန်းများ၏အနက်ရှိုင်းဆုံးဆီသို့ ထွက်ခွာလာခဲ့သည်။

လင်းဖန်နှင့်တန်ယုံယုံတို့က မုဆိုး၏နောက်သို့လိုက်ပါလာခဲ့ပြီး ရွှယ်လင်းလုံက လင်းဖန်၏ပခုံးများထက်မှာ ရှိနေခဲ့သည်။ သူတို့က နှင်းဖုံးလွှမ်းသောဒေသသို့ အတူတကွ ခရီးနှင်လာခဲ့ကြ၏။

သူတို့က အဆောက်တချို့နှင့်နန်းတော်များကို ကျော်ဖြတ်လာခဲ့ပြီးနောက် နှင်းများဖုံးလွှမ်းရာကန္တာရတစ်ခုသို့ ရောက်လာခဲ့သည်။ ကောင်းကင်ယံမှ နှင်းခဲများ အဆက်မပြတ် ကျဆင်းနေပြီး ထိုဒေသက အရင်သူတို့လာခဲ့သည့်နေရာထက် ပိုမိုအေးစက်နေဟန်ပေါ်သည်။ ထိုနှင်းခဲများက ပွယောင်းသော ငှက်မွှေးထက်ပင် ကြီးမားနေသည်။

တန်ယုံယုံက အလွန်တရာ အေးစက်စွာခံစားနေရပြီး တုန်ယင်နေမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။ မည်မျှများပြားလိုက်သည့် ရေခဲချီများနည်း။ သာမန်ကျင့်ကြံသူတစ်ယောက်ပင် အေးခဲသွားစေနိုင်၏။

သူတို့ရှေ့ရှိ မနီးမဝေးနေရာမှာ အိမ်တစ်လုံးသဏ္ဍာန် အနက်ရောင်အစက်လေးတစ်စက် ရှိနေသည်။

ကျေးဇူးပြုပြီး အတွဲ၃လေးပေးပါ့လားရှင့်

3y ago

Writer
ကိုယ်ကပြန်တဲ့သူမဟုတ်ပါဘူး ကိုယ့်ဟာကိုယ်ပြန်ဖတ်မလို့သိမ်းထားတာပါ pdf လေးရှိပါတယ် link ပို့ပေးမယ်နော်

4y ago

PMGWhere stories live. Discover now