ရာရာလေး၏ဆန္ဒအတိုင်း ရာရာ့ကိုအိမ်ရှေ့အထိပြန်ပို့ပေးသည် ။ ရာရာလေး
အိမ်ထဲသို့ပြေးဝင်သွားသည် ။ သို့သော် ရာရာလေး၏ခြေလှမ်းတွေကခြံအဝနားမှာတင်ရပ်တန့်သွားသည် ။ အိမ်ထဲကဒေါ်လေးရဲ့စကားသံတွေကိုရာရာကြားလိုက်ရသည် ။ အိမ်ထဲတွင်ဒေါ်လေးကရယ်မောရင်းသူငယ်ချင်းတွေနဲ့စကားထိုင်ပြောနေသည် ။{ဒေါ်လေးကပျော်နေတာလား}
"နုနုရယ် ငါလေအဲ့ဟာလေးမရှိတော့တာတော်တော့်ကိုစိတ်ပေါ့သွားတယ်သိလား ၊ အခုဆိုငါ့အကြွေးတွေလည်းကြေသွားပြီ ၊ ငါခဲတစ်လုံးတည်းနဲ့ငှက်နှစ်
ကောင်တောင်ပစ်လိုက်နိုင်တယ်"{ဒေါ်လေးက ဒေါ်လေးကိုယ်တိုင်ကရာရာ့ကိုရောင်းစားခဲ့တာလား}
"ဘာကိစ္စငါကစိတ်မကောင်းဖြစ်ရမှာလဲ ၊ ဒီဟာလေးကငါ့ဘဝကိုတော်တော်ရှုပ်နေတာ ၊ အခုမှငါတော်တော်ပေါ့သွားတာ ၊ ဒီညပွဲရှိတယ်မလား ၊ ငါလာခဲ့မယ်"
ဒေါ်လေးကပျော်ပျော်ရွှင်ရွှင်ကိုရယ်မောနေသည် ။ ရာရာ မျက်ရည်တွေဝဲကာ ဘေးနားတွင်အတူတူရပ်နေသည့် သျှင်းကိုမော့ကြည့်လာသည် ။ မြင်နေ ကြားနေရသည့်စိုးပိုင်နဲ့သက်အောင်သည်လည်းရာရာလေးအတွက်စိတ်မကောင်းဖြစ်လာသည် ။
"ကိုကိုဘာလို့ပြန်မပို့လဲသိပြီလားကလေး"
"မဟုတ်လောက်ပါဘူး ၊ ဒေါ်လေးကအခြားအကြောင်းပြောနေတာဖြစ်မှာပါ"
ရာရာအိမ်ထဲသို့ပြေးဝင်သွားသည် ။ ဒေါ်ယမင်းဖြူက ရာရာ့ကိုကျောခိုင်းပြီးဖုန်းပြောနေသည့်အတွက်ရာရာ့ကိုမတွေ့ ။
"ဒေါ်လေး"
ဒေါ်ယမင်းဖြူ အသံလာရာ သူမ၏အနောက်သို့လှည့်ကြည့်လိုက်သည် ။ ရာရာ့ကိုမြင်လိုက်ရသည့်ဒေါ်ယမင်းဖြူစိတ်ရှုပ်သွားပြီးမျက်မှောင်ကြုံ့ကာရာရာ့ကို
ကြည့်သည် ။"နုနုရေ ငါနောက်မှပဲပြန်ခေါ်လိုက်တော့မယ်နော် ၊ ဒီမှာရှင်းစရာကိစ္စပေါ်လာလို့"
YOU ARE READING
အသက်ထက်ပိုသော(Completed)