Unicode
Written By Jeon YiMon 🖋
နေဝင်ရီတရောအချိန်မှာ ဒိုဆောင်း တောက အုံ့ဆိုင်းညှို့မှိုင်းကာ မာယာများသော ကဝေပျိုတစ်ဦးလို ။ ပုစွန်ဆီရောင်သန်းသန်း နေမင်းကတော့ အနောက်ကျွန်းသို့တိမ်ကောစ ပြုခဲ့ပြီ ။ တိတ်ဆိတ်နေသော တောကြီးအတွင်းမှာ ပြင်းထန်ဆူညံသော မြင်းခွာသံများသာ ပျံ့နှံ့နေခဲ့သည် ။
ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့သောပတ်ဝန်းကျင်ပုံရိပ်သည် မြန်ဆန်လွန်းသော အရှိန်ကိုဖော်ပြနေကြတယ် ။ ကြောက်စရာကောင်းသလို လှပသော ဒိုဆောင်း တောရဲ့ညနေ နေဝင်အလှတရားကို ထယ်ယောင်းတယောက်မြင်ခွင့်မရ ။ မေ့မြောနေသော ခန္ဓာငယ်လေးက ခေါင်းဆောင်ဂျုံးဂုရဲ့ရင်ခွင်ထဲမှာ ။ အသေအချာ ထိန်းချုပ်ဖက်တွယ်ထားသော သန်မာတဲ့လက်တွေကြောင့် ထယ်ယောင်းကိုယ်လေးက မြင်းရဲ့အရှိန်ဘယ်လောက်မြန်မြန် သက်တောင့်သက်သာပင်ရှိနေသည် ။
နာရီပေါင်းများစွာခရီးနှင်လာပြီးသည့်နောက်တွင် ခေါင်းဆောင်ဂျုံးဂု ရဲ့ စံအိမ်တော်တည်ရှိသည့်နေရာသို့ရောက်လာခဲ့သည် ။ နွယ်ပင်များဖုံးအုပ်နေသည့် ဂိတ်တခါးကြီး သည်တဖြည်းဖြည်းပွင့်လာခဲ့သည် ။ မီးတုတ်ကြီးများ၏အလင်းရောင်အောက်မှာ ဂျုံးဂုအုပ်စိုးသည့် ဤနေရာသည်အလှတမျိုးဖြင့်လှပနေခဲ့ပြန်သည် ။
နေရင်းဒေသကိုပြန်ရောက်သည်နှင့်အားလုံးမှာအလုပ်တာဝန်ကိုယ်စီဖြင့် ။ ရရှိလာသော ပစ္စည်း များကို သူ့နေရာသူထားသူကထား မြင်းများကို မြင်းဇောင်းမှာထားသူကထား ဖြင့်တာဝန်ယူကြရသည် ။ ဒါက ဂျုံးဂုချမှတ်ထားတဲ့စည်းကမ်းတွေပင်ဖြစ်သည် ။
"သူ့ကိုဘယ်ခေါ်သွားဖို့လည်း "
ထယ်ယောင်းကို ရင်ခွင်ထဲပွေ့ချီကာ ခြေလှမ်းလှမ်း လိုက်သော ဂျုံးဂုအား ယွန်ဂီက လှမ်းမေး၏ ။ ယွန်ဂီကို ခေါင်းငဲ့ကာ ကြည့်လိုက်သော ဂျုံးဂုရဲ့အပြုံးက မီးတိုင်တွေရဲ့ခပ်လှုပ်လှုပ်အလင်းရောင်အောက်မှာ ကြောချမ်းဖွယ် ။
"ငါ့အိမ်မှာဘဲထားမှာ "
ဂျုံးဂုရဲ့စကားကြောင့် ယွန်ဂီရဲ့မျက်ခုံးနှစ်ဖက်သည် အံ့ဩလွန်းလို့မြင့်တက်သွားခဲ့သည် ။ ယနေ့အချိန်ထိ ဂျုံးဂုရဲ့စံအိမ်အပေါ်တက်ဖူးခဲ့တာ မိမိတယောက်သာလျင်ရှိသေးသည် ။ မည်သူမျှယောင်လို့ပင် အိမ်အရိပ်တောင်မနင်းရဲကြ သတ်မှတ်ပေးထားသောနေရာများတွင်သာနေကြသည် ။ မိမိသည်လည်း အကြောင်းမရှိဘဲ ဂျုံးဂုရဲ့အိမ်ပေါ်မတက်ဖူးပေ ကိုယ့်အိမ်တွင်သာကိုယ်နေခဲ့သည် ။ အကြောင်းက ဂျုံးဂုက တစ်ဦးတည်းသာသီးသန့်နေတတ်သောသူမလို့ပင်ဖြစ်သည် ။ အခုလို ဒီကောင်လေးကို သူ့အိမ်တွင်ထားမည်ဆိုတာက ဆန်းပေ့တကာ့အဆန်းဆုံး ကိစ္စကြီးတစ်ခုပင်ဖြစ်သည် ။
YOU ARE READING
Master Of The JUNGLE
Fanfiction* Collaboration with YonDi * BTS OT7 ( Owncreation ) ** ဤစာအုပ်ပါအကြောင်းအရာအများသည် Author တို့နှစ်ယောက်ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ် သာဖြစ်ပါသည် ။ အပြင်မှာမရှိသောအကြောင်းအရာများ များစွာပါဝင်နိုင်သည့်အတွက် စာဖတ်သူများအနေနဲ့ ဖတ်ရသည်များအဆင်မပြေခဲ့သည...