နှစ်ပတ်မျှစောင့်ကြည့်ခဲ့သော်လည်း အဖိုး Lucas အခြေအနေက မကောင်းသေး။ ဤအတောအတွင်း မြို့တွင်းရှိ ဆရာဝန်တစ်ယောက်ကိုခေါ်ကာ ဂရုတစိုက် ကုသစေခဲ့သည်။ ၀ယ်ထားပြီးခဲ့သော ကုန်ခြောက်များ
ပြတ်လပ်သွားကာမှ ဈေးသွားရန်ဆုံးဖြတ်လိုက်ရသည်။
အဖိုး Lucas ကတော့ အတန်တန်မှာရှာသည်။
ငယ်စဉ်ကတည်းက အတူနေထိုင်ခဲ့သောကြောင့်
အဖိုးLucasက သူ့အား သားတစ်ယောက်ကဲ့သို့ ချစ်ခင်သည်။ သူ ပထမဆုံး heat၀င်သောအခါက
အဖိုး Lucas အတော်လေးပျာယာခဲ့ရသည်။
အကိုတော် Shun က ချက်ချင်းရောက်လာကာ
ဆေးထိုးတန်သည်ထိုး ၊ ဆေးသောက်တန်သည်သောက်
လုပ်ပြီးကာမှ ပြန်သွားသဖြင့် သူ့ရဲ့ လှို့ဝှက်ချက်ကိုဖုံးကွယ်နိုင်ခဲ့သည်။စံအိမ်အပြင်ဘက်၌ Beta အများဆုံးရှိပြီး
Alphaများက ရှားပါးသည်။ Alpha အများစုက ထိပ်တန်းအဆင့်မြင့်အလုပ်များကို တာဝန်ယူကြရသည်မို့
ယခုလိုနယ်မြို့လေးမှာ အရွယ်မရောက်သေးသော Alpha များမှလွဲလျှင် ကျန်သည်က Betaများသာ။Alpha ကြီးစိုးသော ဤကဲ့သို့အသိုင်းအဝိုင်းမျိုး၌
Omegaများက ကိတ်မုန့်ပေါ်မှ ချယ်ရီသီးလေးများလို။
အလှဆင်သည့်အနေဖြင့်သာအများဆုံးသုံးကြပြီး ထိပ်တန်းလူသုံးကုန်ပစ္စည်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ဆံနွယ်အဖြူရောင်များကို ခေါင်းစွပ်တစ်ခုသုံးကာ လုံအောင်ခြုံလိုက်သည်။ မိုးပြာရောင် ပိုးပျော့ကော်လံလေးကို သေချာတပ်ဆင်ပြီးနောက် သူအဆင်သင့်ဖြစ်ပြီ။ Heat ထိန်းချုပ်ဆေးနှင့် pheromones ထိန်းချုပ်ဆေးကိုသောက်ပြီးနောက် အနည်းငယ်မျှသော စိတ်လှုပ်ရှားမှုကိုငြိမ်အောင်ထိန်းပြီးမှ အောက်ထပ်သို့ပြန်ဆင်းလာသည်။
"ကဲ သွားကြရအောင်"
Nora ရော Phoniex ရော မော့ကြည့်လာသည်။
ထိုကလေးနှစ်ယောက်လုံးကို သူငယ်ငယ်က အ၀တ်အစားလေးတွေ ဆင်ထားပေးသဖြင့်
ကြည့်ရသည်မှာ အလွန်ချစ်စရာကောင်းနေသည်။" သခင်လေး သခင်လေး ...ကျွန်တော်တို့ သခင်လေးကိုစောင့်ရှောက်ပေးမယ်နော် သခင်လေး။
စိတ်ချသိလား ။ဖိုးဖိုးLucas က ကျွန်တော်တို့ကို ပြောပြပြီးသား ဟီးဟီး။"
YOU ARE READING
Daddy !!!! We love you.
Werewolfအချစ်တွေက သိပ်ကိုကွဲပြားတယ်။ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်သလိုမျိုး လူနှစ်ယောက်က လူတစ်ယောက်တည်းကိုလည်း ချစ်နိုင်တယ်။ သားသမီးတွေက မိဘတွေကို အားကိုးသလိုမျိုး ကျွန်တော်တို့ကလည်း daddy ကို အားကိုးတယ်။ daddy ကို ကာကွယ်ပေးချင်တယ်။ daddy ကို ပိုင်ဆိုင်ချင...