Zaw gyi version
"ကန်စွန်းဥ မီးဖုတ် မွှေးမွှေးလေးရပြီ..."
ပိုင်ရန်ဟုန် သည် တနေ့တမျိုးမရိုးအောင်
ဟိုဟာ ချက်လိုက် ဒီဟာ ချက်လိုက်
အမျိုးမျိုးပြုလုပ်ပြီး
ကျွေးနေတဲ့ ယွီကြောင့်
မျက်နှာတို့ပင် ပြည့်ဖောင်းလာသည်ဟုပင်
ခံစားနေရသည်အခုလည်း
သူကိုယ်တိုင် လောလောလတ်လတ် လုပ်လာတဲ့ ကန်စွန်းဥ ပူပူလောင်လောင်ကို
သေသေချာချာ အခွံဖယ်ကာ
မိမိရဲ့ ပါးစပ်နားသို့ ခွံကျွေးနေပြန်ပြီ"ရတယ် ကိုယ့်ဘာသာ ယူစားမယ်"
မိမိ ကျွေးတာကိုမစားတဲ့ စစ်သူကြီးကို
အလိုမကျစွာ ကြည့်လိုက်ပြီး
သူ့လက်ထဲက ကန်းစွန်းဥကို ပြန်ချထားလိုက်သည်"ဒီညနေ
စမ်းချောင်းမှာ ရေချိုးရင်း ငါးဖမ်းရအောင်
ငါမင်းကို ငါးကောင်းကောင်းကင်ကျွေးမယ်"စားလက်စ ကန်းစွန်းဥကိုပင် ဆက်မစားနိုင်တော့ဖဲ
"မင်း ငါ့ကို အစားအသောက်တွေကျွေးပြီး
ထုံထိုင်းအောင် လုပ်နေတာလား"ယွီသည် ပြန်ရန်တွေ့နေတဲ့
စစ်သူကြီးရဲ့ စကားကို သဘောကျစွာရယ်မောလိုက်သည်"ဒီတိုင်း သက်သက်ကြီး ဖမ်းထားရအောင်
ငါက ဘာအပြစ်တွေများ
မီးနတ်အရှင်ပေါ်ပြုလုပ်ထားမိလို့လဲ..
မင်း ငါ့လက်က ဖူးစာကြိုးနီကို ဖြုတ်ပေးပါလား ငါဒီအိမ်ထဲမှာ လိမ်လိမ်မာမာဘဲနေမယ်လေ
မင်းရဲ့ ဆေးပင်တွေကိုလည်း သေချာ ဂရုစိုက်ပေးမယ် မင်းချက်သမျှဟင်းတွေကိုလည်း
အကုန် ငါ့မြည်းပေးမယ် ..."ပိုင်ရန်ဟုန် သည် ပါးစပ်က ထိုသို့ ပြောနေပေမဲ့ စိတ်ထဲတွင်မှု
"မြန်မြန် ဖြုတ်ပေးလိုက်ပါ...ဒီဖူးစာကြိုးနီ
မရှိတော့တာနဲ့ အရှင့်သားဆီ သွားရမယ်
အရှင့်သား တစ်ယောက် ဘာအန္တာရာယ်နဲ့
ကြုံနေရပြီလည်းမသိဘူး
အမြန်ဒီ အရူးနတ်ဘုရား လက်ကလွှတ်မှဖြစ်မယ်....
ဒီမှာကြာကြာနေလို့မဖြစ်တော့ဘူး"ထိုကဲ့သို့ အတွေးတွေနဲ့ ကမ္ဘာပျက်နေလေရဲ့
"အိုက်ယား...ငါရဲ့ အပင်လေးတွေကို
သွားဂရုစိုက်လိုက်ဦးမယ်
မင်းဒီမှာ အေးဆေးထိုင်နားပြီး
ပူတုန်းစားလိုက်ဦး"
YOU ARE READING
မီးနတ်ဘုရား ၏ (System! 別耍我) (Zaw Gyi / Uni)
RomanceChinese name System ! 別耍我 System ! Bié shuǎ wǒ System ! ကျွန်တော့်ကို မလှည့်စားပါနဲ့ Myanmar name မီးနတ်ဘုရား၏ " what the fuck ဘယ်လိုကမ္ဘာကြီးထဲရောက်သွားတာလဲ" "ခုဖဲ နတ်ဘုရား ဖြစ်မယ်မကြံသေးဘူး ချက်ချင်း လူဖြစ်နေပီ ခုတင်လောလောလတ်လတ်သေပြီး ဘ၀ကူးလာတဲ့...