အခန်း (၂၈၆)

1.3K 183 1
                                    

လူသားသစ္စာ စာစဉ် (၂၁)
ဘာသာပြန်ဆိုသူ ... ကြည်ဖြူ (ရိုးရာ)

အခန်း  (၂၈၆) : ကိုယ် မင်းကို အရမ်းချစ်လို့ပါကွာ

မိုဝူကျီက သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း ပြဖို့ရာ အချက်ကျကျ ရှင်းလင်းပြသွားသဖြင့် ရှုန်းရှင်းထန်နှင့် ရုန်ဟယ်တို့က ဖန်းချီကို ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့အစ်ကိုကြီးမှာ ကျင်းတန်ဝူကို အလွန်ယုံကြည်၍ မိုဝူကျီ အကြံပေးချက်များကို လုံးဝလျစ်လျူရှုထားလေသည်။

ဖန်းချီက ကျင်းမျိုးနွယ်စုအကြောင်းပြောရန် ရည်ရွယ်ချက်မရှိသည်ကို တွေ့သည့်အခါ နှစ်ယောက်သား စိတ်ထဲ၌ သက်ပြင်းချရင်း တိုးတိုးတိတ်တိတ်သာ နေလိုက်ကြသည်။

ချူချင်းလောင်က အဆိပ်မိနေသောကြောင့် မလှုပ်ရှားနိုင်သေးပေ။ ထို့ကြောင့် မိုဝူကျီနှင့်ကျန်လူများက သူမကို အဖော်ပြုပေးနေခြင်း ဖြစ်သည်။

တစ်ရက်အကြာတွင် မိုဝူကျီ ခန့်မှန်းထားသည့်အတိုင်း ချုချင်းလောင် အဆိပ်က ပျောက်ကွယ်သွား၍ ဖြည်းဖြည်းချင်း အင်အား ပြန်ရလာ၏။

“ အစ်မချူလည်း ပြန်ကောင်းလာပြီဆိုတော့ ကျုပ်တို့လည်း နှုတ်ဆက်သင့်ပြီပဲ ... ” သူမက ပြန်ကောင်းလာသည်ကို တွေ့ပြီး မိုဝူကျီက အရင်ဦးစွာ နှုတ်ဆက်လိုက်သည်။

ထိုသည်က ချူမျိုးနွယ်စု အတွင်းရေး ဖြစ်ကာ မိုဝူကျီက လိုအပ်သည်များ ကူညီပေးပြီးပြီ ဖြစ်၍ နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ ချူချင်းလောင်က မိုဝူကျီကို နောက်တစ်ကြိမ် ဦးညွှတ်ကာ “ဝူကျီ ... ရှင်က ထူးခြားတဲ့လူဆိုတာ ကျမ သိပါတယ်။ ကျမနဲ့ ချူမျိုးနွယ်စုဆီ လိုက်ပြီးတော့  ကျီဟန်ကို ခေါ်လို့ရအောင် ကူညီပေးနိုင်မလား .... ”

မိုဝူကျီက ခဏတာ စဉ်းစားလိုက်လေသည်။ အကြောင်းမှာ သူက ထိုသို့ကိစ္စရပ်မျိုးတွင် ပါဝင်ပတ်သတ်လိုစိတ် မရှိချေ။

ချူချင်းလောင်က မိုဝူကျီ တွေဝေမှုကို သတိပြုမိ၍ အလျှင်အမြန် ဆက်ပြောလိုက်သည် 

“ ချိူးဟယ် သစ္စာဖောက်တာက ရိုးရှင်းမှာ မဟုတ်ဘူး မျိုးနွယ်စုက တစ်ယောက်ယောက်က အရိုက်အရာလိုချင်ပြီးတော့ သူ့ကို အဲလိုလုပ်ခိုင်းတာ ဖြစ်လိမ့်မယ်။ သူက ချူမျိုးနွယ်စုကို သစ္စာရှိဦးမယ်လို့ ယုံကြည်တယ် ....

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now