အခန်း ၆၇။ ရှောင်းကျန့်...သို့မဟုတ်...စွန့်ပစ်ခံခဲ့ရသောမင်းသားလေး

1.9K 204 2
                                    

"အရှင့်သား..."

"ရှောင်းကျန့် အဆင်ပြေရဲ့လား ဘယ်လိုနေသေးလဲ"

"သားလေး ဘယ်နားနာနေသေးလဲ"

စိုးရိမ်တကြီးမေးသံတွေက ရှောင်းကျန့်၏ အိပ်မက်နှင့်လက်တွေ့ဘ၀ကို ခွဲခြားပေးလိုက်သည်။ ပထမတော့ စိတ်ကြောင့်မြင်ယောင်နေသလားဟု တွေးမိသော်လည်း မဟုတ်ပါချေ။

ရှောင်းကျန့်၏အတွေးတို့က စိုးရိမ်တကြီးမေးနေကြသောစကားသံများကို ကြားနေရပေမယ့်လည်း အာရုံမ၀င်နိုင်ဘဲ အိပ်မက်ထဲက အကြောင်းအရာကသာ စိတ်ထဲစိုးမိုးနေသည်။

ပထမပိုင်း သူတို့စနောက်ကျီစယ်တာ၊ ရိပေါ်ကသူ့ကို ထောင်ဟွားလို့ခေါ်တာ စတဲ့အကြောင်းအရာတွေက ယခင်ဘ၀ကအကြောင်းအရာတွေဖြစ်ပြီး အားလုံးမှန်ကန်နေသည်။

သို့သော်လည်း သူမိစ္ဆာအဖြစ်ပုံစံပြောင်းလဲသွားသည်ဆိုတာက ဘာကြီးလဲ။ တစ်ခါမှမဖြစ်ခဲ့ဖူးသလို ဖြစ်လဲမဖြစ်လာနိုင်သည့် အရာသာ။ သည်အတိုင်း ကယောင်ချောက်ခြားမက်တာနေမှာပါလေ။

နစ်မျောနေသည့် အတွေးများကိုအတင်းဖြတ်ချရင်း ထိုင်ရန်ကြိုးစားလိုက်တော့ ရိပေါ်ကထူပေးသည်။ နံဘေးမှ ရိပေါ်ကိုကြည့်လိုက်တော့ စိုးရိမ်နေသော မျက်၀န်းတစ်စုံကို မြင်လိုက်ရသည်။

"အဆင်ပြေရဲ့လား"

"ကျွန်တော်... ကျွန်တော်မျိုးအဆင်ပြေပါတယ်... အဲဒီ့ဟာက ခရမ်းကိုးလွှာရေခဲမြက် ဟုတ်တယ်မလား"

အဆင်ပြေကြောင်းပြန်ဖြေရင်း သူသောက်ခဲ့သော သေရည်ထဲမှအဆိပ်ပင်အကြောင်းမေးလိုက်သည်။ ဆေးပညာဝါသနာပါသော ဆရာတော့်ကိုကူညီရင်း ဆေးပင်၊ အဆိပ်ပင် အတော်များများကိုခွဲခြားပုံတွေအကြောင်း သူသိထားတာဖြစ်သည်။ အနံ့အရခွဲခြားတာလည်းအပါအ၀င်ပေါ့။

ရိပေါ်ကတော့ ဘေးမှအရီးတော်ကိုသာ လှည့်ကြည့်လိုက်သည်။ သူ့ရဲ့အရီးတော်ကတော့ ရှောင်းကျန့်ကိုသာငေးကြည့်နေပြီး အမေးစကားကိုကြားဟန်မတူပေ။

ရိပေါ်သတိပေးလိုက်တော့မှ ကျဆင်းနေသောမျက်ရည်များကို တို့သုတ်ရင်းပြန်ဖြေလေသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now