(Unicode)
Jung kook တို့ထွက်သွားပြီးမှ....
"Jimin....."
"အင်းပြော....."
"မင်းတို့နှစ်ယောက်က အိမ်ထောင်သက်လည်း ၅နှစ်ရှိနေပြီ...ကလေးတောင် ၂နှစ်ရှိပြီ...ဘယ်လိုဖြစ်လို့ အခေါ်အဝေါ်တွေက......ပြီးတော့ Jung Kookကိုကြည့်ရတာ သွေးအေးလိုက်တာ...ဧကန္တ အခုထိ မင်းတို့ တစ်ယောက်နဲ့တစ်ယောက်မချစ်ကြသေးဘူးလား....."
Jiminကား ကလေးကို လွှဲပြောင်းယူရင်း နာနာကြည်းကြည်းပြုံး၏...
"အဟား......လက်ထပ်ပြီးကလေးရလာတာနဲ့ ချစ်တာနဲ့က တစ်ခြားစီလေကွာ.....လက်ထပ်ပြီး ကလေးရလာတာနဲ့ ချစ်ကြရောလား......ငါတို့က မင်းတို့လို ချစ်ပြီးမှ လက်ထပ်ခဲ့ကြတာမှမဟုတ်တာ Taehyungရယ်...."
"အဲ့တာဆိုအခုထိ..."
"ဟိုမှာနေလည်း သူနဲ့ငါနဲ့က အခန်းခွဲနေတာ...
တစ်ခန်းတည်း အတူတူအိပ်တယ်ဆိုတာ Byulလေးယူဖို့ စဉ်းစားတုန်းကပဲရှိတယ်.....byulလေးကို ယူတာလည်း အမေတို့စိတ်ချမ်းသာဖို့ယူလိုက်ရတာ.........""မင်းတို့ကွာ....Video callခေါ်တိုင်း မင်းကိုကြည့်ရတာ ပြုံးရွှင်နေတော့ အဆင်ပြေနေတယ်လို့ ငါက ထင်တာ....ပြီးတော့ မင်းယောက္ခမအိမ်ကိုရောက်တိုင်း Ommonieတို့က မင်းတို့နှစ်ယောက်ဘယ်လိုအဆင်ပြေတယ်ဆိုတဲ့အကြောင်း ပြောနေတော့ ငါကတော့ ပြဿနာပြီးသွားပြီလို့ထင်နေခဲ့တာ...."
"အဟား.....ဩဇီရောက်စတုန်းကဆို ငါ့အတွက် တစ်နေ့တာက ငရဲပဲ...ဘယ်သူမှမသိတဲ့နေရာ၊ ကိုယ့်အတွက်ခက်ခဲတဲ့ဘာသာစကား၊ ဘယ်ဆွေမျိုးမှလည်းမရှိဘဲ....နွေးထွေးမှုချစ်ခြင်းမေတ္တာက ဝေလာဝေး...ငါတစ်ယောက်တည်း ခက်ခက်ခဲခဲရှင်သန်ခဲ့ရတာ.....
Byulလေးကိုမွေးပြီးမှ ငါတော်တော်အဆင်ပြေလာတာ....."Taehyungစွန့်အစွာငြိမ်နေမိသည်...
သူ့သူငယ်ချင်းက ဘယ်လောက်တောင်နာကျင်လိုက်လေမလဲ........."ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သာ မချစ်ကြပေမဲ့ Byulလေးကိုတော့ သည်းသည်းလှုပ်ချစ်ကြတယ်......မတူညီကွဲပြားတဲ့ ငါတို့စရိုက်မှာ တူညီနေတာလေးတစ်ခုက Byulလေးအပေါ်ထားတဲ့ မိဘမေတ္တာပဲ.....Byul လေးက ငါတို့အသက်ပဲလေ...."
"Byulလေးက မင်းတို့နှစ်ယောက်ရဲ့ ပေါင်းကူးတံတားလေးဖြစ်လာရင် ဘယ်လောက်ကောင်းမလဲကွာ..."
"Byulလေးမွေးပြီး ၂နှစ်ဆိုတဲ့အချိန်က မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေကို ပေးခဲ့ပြီလေကွာ...ဘာများထပ်မျှော်လင့်နေရမှာလဲ.......သမီးမျက်နှာနဲ့၊ မိဘတွေမျက်နှာနဲ့ ငါတို့ရှေ့ဆက်နေရတာ....ကိုယ်တိုင်မှ ချစ်ခြင်းမေတ္တာမရှိတာ ဘယ်လိုအချစ်ဆိုတာ မွေးဖွားလာမှာလဲ...အနေနီးရင် သံယောဇဉ်တွယ်တယ်ဆိုတာကလည်း နဂိုကတည်းက ရေခဲရိုက်ထားတဲ့ နှလုံးသားပိုင်ရှင်နှစ်ယောက်အတွက်တော့ မှားတယ်ကွ....."
ခပ်လှောင်လှောင်ပြုံးကာ ကျောပေးပြီးထွက်သွားသော သူငယ်ချင်းဖြစ်သူကို ကြောင်အစွာငေးမောနေမိသည်.....ဘယ်သောအခါမှ သူ့သူငယ်ချင်းလေးဟာ မာနကိုမလျှော့ခဲ့သလို ချစ်ခြင်းတရားဆိုတာကိုလည်း အယုံအကြည် မရှိလေခဲ့...
#################################
"ဘာ....အ့ဆို မင်းတို့နှစ်ယောက်က အခုထိ အဆင်မပြေကြသေးဘူးပေါ့....""Nae....hyung...."
"ဟင်း.......တကယ်ပါပဲ Jung Kook ရယ်.... ommonieတို့သာသိရင် ဘယ်လောက်ရင်ကွဲလိုက်မလဲ...သူက မင်းတို့အဆင်ပြေတယ်ဆိုပြီး ပျော်နေရှာတာ..."
"သူ့ကိုစိတ်မညစ်စေချင်လို့ လိမ်ထားကြတာ...အခုလည်း ကျွန်တော် ကုမ္ပဏီနဲ့ နီးတဲ့နေရာမှာ ကွန်ဒိုတစ်လုံးရှာရတော့မယ်....ပြောင်းနေမှဖြစ်မယ်...ကြာရင် အလိမ်ပေါ်နိုင်တယ်လေ..."
"ဟင်း......စိတ်ညစ်ပါရဲ့ကွာ....."
သက်ပြင်းတို့ချကာ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေတုန်း...
"ဆော့ကီ......သွားမယ်လေ....ကျွန်တော်တို့ရောက်ပြီ...."
"အာ...အင်း...."
လူစုံပြီမို့ ကားကိုမောင်းထွက်လာလိုက်သည်....
Jung Kook နားထဲ airpod ထည့်ကာ မျက်လုံးမှိတ်သွားပြီ.....သူငယ်ချင်းနှစ်ယောက်ကတော့ တွတ်ထိုးနေလေရဲ့......."ပါး......ချို...ချို......ဆာ......"
၁နှစ်ကျော်ကျော် ၂နှစ်စွန်းစွန်းပဲရှိသေးပေမဲ့ ဟိုမှာနေတုန်းက Jimin က ကလေးထိန်းရင်း စကားပြောပါ သင်တာမို့ နဂိုကတည်းက ဉာဏ်ကောင်းသည့် အလည်လေးက စကားတစ်လုံးနှစ်လုံးပြောတတ်နေသလို ပြောသမျှလည်း နားလည်တတ်နေပြီ.....