အတ္တနဲ့ ချည်တဲ့ ကြိုး
အပိုင်း (၄၂)
''မင်း ဘာပြောတာလဲ. . . .
''ရှင်. . ကျမ အကို ကို သိနေတာလား. . .. . .
''သိတာတင် ဘယ်ဟုတ်မလဲ အရမ်းကို ရင်းနှီးတာ. . .
''ဘယ်လို ရင်းနှီး မူ မျိုးလဲ ငါ ဘာလို့ မသိလဲ. . . .
''အာ ဟုတ်သား ပဲ . . .ထည်ဝါ က သခင်လေး လဲ မသိသေးဘူး ပဲ. . . သိတာပေါ့ သိပ်သိပ်သိတာပေါ့. . , .
လင်းမာန်အောင် . . . စီးပွားရေးလောကမှာ တစ်ခေတ်ထခဲ့တဲ့ လူတစ်ယောက်ကို မသိတဲ့ လူရှိပါ့မလား. . . Uc ရဲ့ သူဌေး ထည်ဝါ ကုပ္မဏီ ပိုင်ရှင် ရဲ့ ယောက်ဖ. . . ပြီးတော့. . .
လွန် ခဲ့တဲ ့ ၄နှစ်လောက်က ကားတိုက် မူ. . .''ဘာ. . . !!. . . အဲ့တာ မင်း လုပ်တာလား. . .
''ထင်တာပဲ. . . . . အဟင်း. . .ကြာတော့ သိပ် မမှတ်မိချင်တော့ဘူး . . . ဒါပေမယ့် သေချာမှတ်မိတာတွေတော့ ရှိသေးတယ်. . . . ပြီးတော့ အဲ့ဒီတိုက်သွား တဲ့ ကားက ဘယ်မှာလဲ သိလား. . . ဒီနေ ့ မင်း အတွက်က နောက်ဆုံး နေ ့ ဖြစ်ဖို ့များနေတော့ ငါမင်းကို ပေးသိလိုက်ပါ့မယ်. . . . ခုထိ ငါ့ ဆီမှာ ရှိနေသေးတယ်လေ. . . . မင်း ဘယ်လို ရှာ ရှာ . . ရှာ လို့ မရခဲ့ တဲ့ ကုန်ကားကြီးပေါ့. . . . ဘယ် ရှာ လို့ ရမလဲ ငါက အစထဲက ကားနံပါတ် ကို မရှိတဲ့ ကားနံပါတ်မျိုး သုံး ခဲ့တာလေ. . . ကားနံပါတ် အတု ပေါ့ ဟားဟား. . .
''မင်း. . မင်း. . . လူသတ် ခဲ့တာလား. . .
''ဘာလဲ ထူးဆန်းသွားလို ့လား. . .
မထင်ရဘူး မဟုတ်လား. . . .
ငါ မင်းကိုပြောလိုက်မယ်. . . ငါ လူသတ်ချင်လာအောင် ဆိုးရွား ခဲ့တာ မင်းတို ့မိသားစုကြောင့်လေ. . . .အပစ်တင်ရင် မင်း အဖိုး နဲ့ မင်း အမကိုသာ အပစ်သွားတင်. . . . ငါတို ့ ရဲ့ စီးပွားရေးတွေကို သိမ်းယူသွားခဲ့တာ မင်းတို ့လေ. . . . . မင်း ရဲ့ အဖိုး ငါ့ အဖေ က ဒူးထောက်တောင်းပန်ခဲ့တာတောင် လက်မခံ ခဲ့ ဘူး. . . နားလည်မပေးခဲ့ဘူး. . . . .''အဲ့တာကြောင့် မင်း ငါ့အမ ကိုသတ်လိုက်တယ်ပေါ့ ဟုတ်လား. . . .
''ဟုတ်တယ် ဆုံး ရူံး မူတစ်ခု ဖြစ်တယ်ဆိုတာ ဘာလဲ နားလည်စေချင်လို့. . . . . မင်း အဖိုး နဲ့ မင်း တို ့မိသားစုကို သိစေချင်လို့. . .
YOU ARE READING
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...