*အကယ်၍ မင်းနဲ့ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးဆိုတာသာ ကြိုသိခွင့်ရခဲ့ရင်။ မင်းကိုဘယ်တော့မှ ထပ်မထိတွေ့နိုင်တော့ဘူးဆိုတာသာသိခဲ့ရင်။ မင်းကို ဘယ်တော့မှ ထပ် ငေးကြည့်ခွင့်မရနိုင်တော့ဘူးဆိုတာသာ သိခဲ့ရင်....*
ကောင်လေးတစ်ယောက်။ မျက်ဝန်းနှစ်ဖက်က နီရဲကာနေပြီး မျက်နှာတစ်ခုလုံးကလည်း ညိုးငယ်နွမ်းဖက်နေလေသည်။ ဒူးနှစ်ဖက်ကိုထောင်ကာထားပြီး အခန်းတစ်ခုရဲ့ နံရံထောင့်တစ်နေရာကိုနောက်ကျောမှီကာ ထိုင်နေလေ၏။
ငိုလိုက်ရင် နာကျင်မှုတွေအနည်းငယ်လောက်တော့ လျော့ပါးသွားလောက်လေမလားလို့ သူတွေးမိပေမဲ့ မျက်ရည်က တစ်စက်မျှကိုကျဆင်းမလာကြပဲ ရင်ထဲကသာဆို့နင့်မှုကို ခံစားနေရသည်။ မျက်ဝန်းနှစ်ဖက်က ကြမ်းပြင်ကိုသာ တစ်ချိန်လုံးငေးစိုက်ကြည့်နေပြီး လက်တစ်ဖက်က သူ၏ ရင်ဘတ်ကိုသူပြန်ထုနေလေသည်။
ထိုကောင်လေးနှင့်မလှမ်းမကမ်းတွင်တော့ ဈာပနာအခမ်းအနားအပြင်အဆင်နှင့် အဖြူရောင်ပန်းပွင့်တို့ကြား ရီမောပျော်ရွင်နေသော ကောင်လေးတစ်ယောက်၏ ဓာတ်ပုံကိုထောင်ကာထားသည်။
ဈာပနာအခမ်းအနားပြီးဆုံးတော့ ဧည့်သည်တွေအားလုံးနီးပါးလည်း ပြန်ကာသွားလေပြီဖြစ်သည်။ ထိုကောင်လေး၏မိဘများသည်လည်း ဝမ်းနည်းပူဆွေးနေကြပြီး တစ်ယောက်ကိုတစ်ယောက်ဖေးမရင်းနှင့်ပင် ပြန်သွားကြလေသည်။
ဈာပနာခမ်းမကြီးတစ်ခုလုံးကို အမှောင်ချကာ မီးအလင်းရောင်ပိတ်စေလိုက်တော့သေဆုံးသူ၏ နေရာတစ်ခုသာ မီးရောင်အနည်းငယ်ထင်ကျန်နေခဲ့သည်။
ရှန့်ချင်တုန်းက ရုတ်တရက်မတ်တပ်ကောက်ရပ်လိုက်ပြီး ထိုသေဆုံးသူကောင်လေးရဲ့ဓာတ်ပုံရှေ့သို့လျှောက်လာလိုက်သည်။ အလည်တည့်တည့်နားလောက်တွင် ရပ်တန့်လိုက်ပြီး ထိုကောင်လေး၏ ဓာတ်ပုံအား အချိန်အတော်ကြာသည်အထိ ငေးစိုက်ကြည့်နေလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းကျဆင်းလာခဲ့သော မျက်ရည်စတို့က မျက်ဝန်းတစ်ခုလုံး၏အမြင်အာရုံကိုပိတ်လှောင်ပစ်သည်အထိ စွမ်းဆောင်နိုင်လွမ်းသည်။ ချင်တုန်းက ဒူးထောက်ထိုင်ချပစ်လိုက်ပြီး ခေါင်းကိုငုံ့ကာ ငိုလေတော့သည်။
"ငါ..... ငါတကယ်ပဲ....မင်းကို ဒီလိုမျိုး....ဆုံးရှုံးရလိမ့်မယ်ဆိုတာသာ...ငါ...ငါသိခဲ့ရင်....ငါလေ...ငါမင်းကို....ဘယ်လောက်ထိချစ်ကြောင်း....ငါမင်းကိုဘယ်လောက်ထိ မြတ်နိုးကြောင်း.....မင်းရဲ့ မျက်ဝန်းတွေကို..ဆိုက်ကြည့်ပြီးငါပြောမယ်။"
တစ်စက် တစ်စက် ကျဆင်းလာသော မျက်ရည်စတို့က ကြမ်းပြင်ထက်တွင် ရေစက်ငယ်တို့ကိုဖြစ်ပေါ်စေသည်။
"တစ်ရက်...နောက်ထပ်တစ်ရက်လေးပဲ ငါသာ မင်းကို တွေ့ဖို့အခွင့်အရေးရှိခဲ့မယ်ဆိုရင်.... မင်းကိုဘယ်လောက်ထိလိုအပ်ကြောင်း...မင်းကိုချစ်တဲ့အကြောင်းတွေကို မင်းနားငြီးတဲ့အထိ ပြောမယ်.....တစ်ရက်လေးပါပဲ...တကယ်ကိုတစ်ရက်လောက်လေးပါပဲ....."
ဘယ်တော့မှပိုလာမှာမဟုတ်လောက်ဘူးလို့ထင်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့သူငယ်ချင်းထက်ပိုတဲ့အချစ်က မစတင်ခင်မှာပဲပျက်စီးသွားလိမ့်မယ်ဆိုတာဘယ်သူကကြိုတင်သိနိုင်ခဲ့မှာလဲ။
..................................
ရှန့်ချင်တုန်းတစ်ယောက် မနက်သုံးနာရီခန့်လောက်မှ အိမ်ကိုပြန်လာခဲ့လိုက်သည်။ တိုက်ခန်းအသေးစားလေးတစ်ခုမှာ တစ်ယောက်တည်းငှားနေတာကြောင့် ဘယ်အချိန်အိမ်ပြန်ပြန်သူ့အတွက် ပြောမဲ့သူမရှိချေ။ အထက်တန်းကျောင်းသား ဖြစ်သည့်အတွက် ချင်တုန်းကတော့ ပျက်စီးနေသည့်ကျောင်းသားတော့မဟုတ်။ သူ၏အချစ်ဆုံးသူငယ်ချင်း လီဝမ်ချင်းကတော့ နည်းနည်းဆိုးတဲ့ကျောင်းသားပေါ့။
သူ့အတွက်ကတော့ တိတ်တခိုးချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်။ လွန်ခဲ့တဲ့နှစ်ရက်က သူနဲ့စကားအခြေအတင်ဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့စီးနေကျဖြစ်တဲ့ စက်ဘီးကိုယူပြီး ကျောင်းကနေထွက်သွားခဲ့တယ်။ တခါတလေ ရန်ဖြစ်နေကြပေမို့ ချင်တုန်းက သိပ်ဂရုမမူတော့ပဲ သူ့ရဲ့ တိုက်ခန်းအသေးစားလေးကိုပဲ ဘက်စ်ကားစီးပြီး ပြန်လာခဲ့လိုက်တယ်။
မိုးအတော်ချုပ်လေတော့မှ ကြားလိုက်ရတဲ့သတင်းက သူ့ရဲ့ရင်ဝကိုဓားနဲ့ဆောင့်ထိုးချလိုက်သလိုပဲ။ အထက်တန်းကျောင်းသားလေးတစ်ယောက် ကားနဲ့ စက်ဘီးနဲ့ တိုက်မိပြီး ပွဲချင်းပြီးဆုံးသွားတယ်တဲ့။ ကားလာတဲ့အရှိန်ကပြင်းတဲ့အပြင် လွင့်ထွက်ပြီး ကျတဲ့အချိန်မှာ နောက်ကားတစ်စီးက သူ့ရဲ့ ခန္တာကိုယ်အလည်ပိုင်းတစ်ခုလုံးကို ကြိတ်ပစ်သလိုဖြစ်သွားခဲ့တယ်။ ဆေးရုံကိုရောက်လာတဲ့အလောင်းရဲ့ပုံစံက ဘယ်သူမှနောက်တစ်ခါထပ်မကြည့်ရဲလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့တယ်။