ဒါပုံပြင်မဟုတ်ပါဘူး ပြောလို့ကောင်းတဲ့ ပါးစပ်ရာဇဝင်လည်းမဟုတ်ပါဘူး။
သူ့အကြောင်းပါ
ကိုယ့်အချစ်ဆုံးသူငယ်ချင်း ကိုယ့်အတွက်အမြဲရှိနေပေးတဲ့ သူငယ်ချင်းပါ။ "ဟဲ့ ကိုယ်စာရေးချင်တယ် နင့်အကြောင်းရေးမှာနော်"လို့ပြောတုန်းက ရယ်ရယ်မောမော နဲ့ ရေးပေါ့ဟာ ငါ့နာမည်တော့ပြောင်းပေးလို့ပြောဖူးတယ်။ သူနဲ့မူလတန်းတုန်းက နေပြည်တော်မှာကျောင်းအတူတူတက်ခဲ့တာပါ ကိုယ်က လေးတန်းမှာရန်ကုန်ကိုကျောင်းပြောင်းခဲ့တယ် သူကတော့ ငါးတန်းမှာ ရန်ကုန်ကိုကျောင်းလိုက်ပြောင်းခဲ့တယ်။အဲ့အတောအတွင်း ကိုယ်တို့ အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။အိမ်အလည်လာတာကလည်း တစ်ပတ်သုံးခေါက်လောက်ရှိပါတယ် သူဆေးရုံကုတင်ပေါ်မလှဲရခင်ထိ အရာအားလုံးအဆင်ပြေခဲ့ပါတယ်။သူ ရှစ်တန်းမှာ အရမ်းချူချာပီး နေမကောင်း ခဏခဏဖြစ်နေတာကိုယ်သတိထားမိတယ်။မေးလိုက်ရင်တော့ ရပါတယ် ဆိုတာကြီးပဲ။ သူ့ရုပ်သွင်ပြင်ကတော့ ဆန်ကျင်ဘက်ပါပဲ။ကိုးတန်းနှစ်မှာ သူသွေးကင်ဆာဖစ်နေတာ ကိုယ်ကြားရတော့ သူ့ကိုစိတ်လည်းတိုမိတယ် စိတ်မကောင်းလည်းအရမ်းဖစ်တယ်။ သူကတော့ ကိုယ့်ကို ပြောဖို့လုပ်ထားပုံပါပဲ ကိုယ်အရင်သိနေတာ မပြောတော့ဘဲသူပြောတာစောင့်နေတော့ သူပြောခဲ့တာက "ငါ့အကြောင်းမရေးတော့ဘူးလားတဲ့"စိတ်မထိန်းနိုင်ဘဲသူ့ပေါ်ငိုချမိတယ် သူလည်းကိုယ့်ကိုဖက်ပီးငိုတော့တာပဲ။အခုတောင် ငိုနေမိတယ်။ဆရာဝန်တွေက နှစ်နှစ်လောက်အချိန်ရတယ်လို့ပြောတော့ ကိုယ့်ခေါင်းပေါ်မိုးကြိုးပစ်လိုက်သလိုပဲ။ဆိုးတာက သူ့အခြေအနေသူမသိသေးဘူး။သိရင်သူအရုပ်ကြိုးပြတ်ဖစ်သွားမှာ ကိုယ်သိပ်စိုးရိမ်တယ်။သူကကိုယ်ထင်တာထက်ပိုသန်မာတဲ့မိန်းကလေးပါပဲ။သူလဲမကျခဲ့ဘူး။အဲ့နောက်ပိုင်း သူစာသေချာပိုလုပ်ပီး ကိုယ်နဲ့လည်းသိပ်မဆုံဖစ်တော့ဘူး။သူနဲ့ နေ့တိုင်းတောင်ဖုန်းမပြောဖစ်တော့ဘူး။သူက ဆယ်တန်းကိုသေချာဖြေဖြစ်အောင်ဖြေဦးမှာလို့ပြောသေးတယ်၊ ဒါပေမယ့်သူဆယ်တန်း မဖြေနိုင်ခဲ့ပါဘူး။ဖြေဖို့အခွင့်အရေးမရခဲ့တာပါ။ သူ...ဇူလိုင်လ ၁၇ ရက် မနက် သုံးနာရီ ခွဲ မှာပိုကောင်းတဲ့နေရာကို ကိုယ့်ကိုထားခဲ့ပီး ထွက်သွားခဲ့ပါတယ်။အဲ့နေ့မနက် ဝေလီဝေလင်းကြီးအဲ့ သတင်းကြီး ကြားလိုက်ရတော့ တစ်ချိန်လုံးငိုနေရတော့တာပေါ့၊ကိုယ့်ကိုသူ အဲ့ေန့မတိုင်ခင်က ဖုန်းခေါ်ပီး အိမ်မှာ အသုတ်လာစားပါလားလို့ခေါ်သေးတယ်။ကိုယ်မအားတာနဲ့မသွားဖြစ်ခဲ့ဘူး။သူစိတ်ကောက်ပီးဘဝပြောင်းသွားသလိုခံစားရတယ်၊ ကိုယ်သူဆုံးသွားတဲ့ နေ့မနက် ကိုးနာရီမှာ အာဇာနည်နေ့အကြိုဟောပြောပွဲ ကိုကျောင်းမှာကျင်းပတော့ ကိုယ်သူ့အကြောင်းထည့်ပြောရင်း ငိုမိသေးပါတယ်။
အခုတော့ သူငယ်ချင်းရေ မင်းရဲ့မမနဲ့ Ro ခဲ့တာတွေကို ကိုယ့်ပထမဆုံး ဝတ္တုမှာ ထည့်ေရးပေးလိုက်ပီနော်။
ပိုကောင်းတဲ့နေရာမှ ငါမပါဘဲပျော်နေမှာ ငါမြင်ယောင်မိနေပါတယ်။ အရာရာ အဆင်ပြေချောမွေ့ပီး ပျော်ရွှင်ပါစေ၊
YOU ARE READING
မင်းမှမင်း
Romanceကိုယ်ရေးမယ့်ဟာက တက္ကသိုလ် ကျောင်းသူဘဝအတွင်း ကြုံဆုံရသမျှဒုက္ခ သုခတွေနဲ့ ဗရုတ်သုခလေးတွေလည်းပါတာပေါ့နော် 😂 GL FIC လေးဖစ်မှာပါ။💕 ငယ်ရွယ်မှုရဲ့ လွတ်လပ်မှု/စိတ်ကူးယဥ်မှုတို့ကနေ တည်တံ့လာတဲ့ ခံစားချက်တစ်ခု...... ဒါကအချစ်များလား? 🙄�...