With You ( 2yeon short fic)
သာယာနေသော ညနေခင်းကို ဖျက်ဆီးနေသော လူနှစ်ယောက်....
တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောက်ျားလေး.... ပြီးတော့ ဘေးနားက ဖျန်ဖြေပေးနေသော ကောင်မလေးတစ်ယောက်......
" Jeong,...ငါပြောနေတယ် တော်ပြီလို့..."
ဖျန်ဖြေပေးနေသော ကောင်မလေးက ရန်ဖြစ်နေသော ကောင်မလေးကို အတင်းဆွဲပြီး ပြောလိုက်သည်.....
" Young ကျွန်မ သူ့အစား တောင်းပန်ပါတယ်..."
" တောင်းပန်စရာမလိုဘူး... ဘာကြည့်တာလဲ မင်းမကျေနပ်ဘူးလား..."
" Jeong တော်တော့လို့ပြောနေတယ်....Young သွားလိုက်ပါတော့..."
နောက်ဆုံးပျော့တိပျော့ဖတ်နဲ့ ကောင်လေး ထွက်သွားမှ.......
" Jeong ရာ ငါစိတ်ညစ်တယ်... အဲ့ကလေးက ငါ့ကိုကူညီပေးတာပါဆို..."
" မလိုဘူး.... နင့်နောက်မှာ ငါ့လူတွေရှိတယ် သူတို့ကူညီလိမ့်မယ်....အဲ့ကောင်နဲ့ နောက်မပတ်သက်နဲ့.... ငါနောက်တစ်ခါဆို အာမ မခံနိုင်ဘူး..."
" အေးပါ...လာ..ငါဆေးထည့်ပေးမယ်...ဟိုကလေးက ပျော့တာပျော့တာ လက်သီးပြင်းတယ်နော်... "
" ငါ့ရှေ့မှာသူ့အကြောင်းမပြောနဲ့လို့ပြောနေတယ် Im Nayeon..."
" အေးပါ....Aigoo...စိတ်ကလဲ လက်တစ်ဆစ်..."
Yoo Jeongyeon ဆိုတာ Im Nayeon ကိုငယ်ငယ်ကတည်းက သူနဲ့လက်ထပ်ဖို့ ပြောနေခဲ့သူ....Nayeon ရဲ့နားမှာ ယောကျာ်းလေးတွေကိုတွေ့တာနဲ့ ပြဿနာရှာတတ်သော Jeong......
ဒါတွေကို သူမကိုယ်တိုင်ဘာမှပြဿနာရှာခြင်းမရှိ......ဘာကြောင့်လဲ....သူမကိုယ်တိုင်လဲ သူ့ကိုမလွန်ဆန်နိုင်လို့လေပဲလား..မိန်းကလေးပေမဲ့ မိန်းကလေးမဆန်သော Jeongyeon....တစ်ခါတစ်ရံ သူ့ကိုယ်သူ ' ကိုယ် ´ လို့သုံးတတ်တဲ့ Jeongyeon......
Nayeon ဆိုတာ Jeongyeon ကိုဘယ်သော အခါမှ ကြာကြာစိတ်မဆိုးတတ်တဲ့သူ.....Jeongyeon ဘက်က သူမ ကို ချစ်ကြောင်းဝန်ခံပြီး အဖြေတောင်းထားပေမဲ့.... စောင့်ခိုင်းထားသည်....သူမလဲ သူ့ကိုအနည်းငယ်စိတ်ဝင်စားသည်ပေါ့လေ....
➖➖➖➖➖➖➖➖➖
ငြင်းဆန်နေပေမဲ့ ပေါင်းဖက်ဖို့ကံကြမ္မာပါလာလေရဲ့........