Side story(ရှင်သခင်❤ဦးရီးတော်)

16.9K 1.7K 333
                                    

(Zawgyi)

Side story-1(ဦးရီးတော်/ရှင်သခင်)

အရှင့်သား မိမိအား တောက်ပလွန်းသော အနက်ရောင် မျက်ဝန်းဝိုင်းဝိုင်းများဖြင့် တစ်ချိန်လုံး လိုက်ကြည့်နေသော သခင်ကြောင့် အကူအညီမဲ့နေသလိုပင် ခံစားနေရသည်။

အရှင့်သား နတ်မင်းများ အစီအရင်ခံထားသော စာလွှာများကို ဖတ်ရှုနေခြင်း ဖြစ်သည်။ ပုံမှန်ဆို ပါကစာကြည့်စားပွဲတွင် စာလွှာများ ဖတ်ရှုခြင်းအား ပြုလုပ်လေ့ရှိသော်လည်း ဦးရီးတော် အနားမှာ အိပ်ချင်တာ ဆိုသော ကိုယ်တော်လေး သခင်၏ စကားကြောင့် ကုတင်ပေါ်တွင် ခပ်လျော့လျော့ မှီထိုင် ရင်း စာလွှာများ ဖတ်နေရသည်။

မိမိပေါင်ပေါ် ခေါင်းအုံးကာ မိမိ၏ ဝမ်းဗိုက်နားတွင် ပါးတစ်ဖက်ကပ်ရင်း မိမိ ခါးအား အသေဖက် ထားသော သားပိုက်ကောင်လေး သခင်အား ငုံ့ကြည့်ကာ သက်ပြင်းသာချမိတော့သည်။ ဖယ်ခိုင်းလျှင်လဲ မရမှန်းသိသောကြောင့် စီရင်ချက်ချရမည့် စာလွှာများကိုသာ ဆက်လက်ဖတ်ရှုနေလိုက်သည် ။

သခင် ဦးရီးတော် ၏ မျက်နှာချောချောအား မျက်တောင်မခတ်တမ်း မော့ကြည့်နေခြင်း ဖြစ်သည်။ မျက်ခုံးတန်းတန်းလေးနှင့် ရွှေအိုရောင် မျက်ဝန်းများမှာ လိုက်ဖက်လွန်းနေသည်။ နှာတံစင်းစင်းလေးနှင့် အနီရောင် ဆေးစက်ကဲ့သို့ နှုတ်ခမ်းဖူးဖူးလေးက သခင့် ကို ဆွဲဆောင်နိုင်သည် ။

 ဦးရီးတော် ၏ ပြီးပြည့်စုံ သော မျက်နှာအစိတ်အပိုင်း တစ်ခုခြင်းဆီအား ကြည့်ကာ ရှင်သခင် အရူးတစ်ယောက်လို ပြုံးနေမိသည်။

ဘဝပေါင်းမြောက်များစွာ ပါးပါး ဝသန်ကို လိုက်ရှာနေခဲ့တဲ့ daddy ဆက်လျှံ...။ ပါးပါး ဝသန် ဘာ လုပ်လုပ် အမြဲငေးကြည့်နေတတ်တဲ့ daddy ဆက်လျှံ...။ ပါးပါး ဝသန်ကို မတွေ့တာနဲ့ ပြာယာခတ်အောင် လိုက်ရှာနေတတ်တဲ့ daddy ဆက်လျှံ...။ Daddy ခံစားချက်တွေကို သခင် ခံစားမိနေပြီ...။

ဦးရီးတော် ဆိုသောသူသည် သခင့် အတွက်တော့ ငေးကြည့်နေရလျှင်ပင် ပြီးပြည့်စုံသော ဖြစ်တည် မှုမျိုးပင် ဖြစ်သည် ။ အတွေးနှင့်အတူ သခင် နှုတ်ခမ်းစွန်း နှစ်ဖက်လုံး တွန့်ကွေးနေရလေသည်။ သခင် ဦးရီးတော်၏ ပုခုံးစွန်းမှ ဖြာကျနေသော ငွေဖြူရောင် ဆံနွယ်ရှည်များကို မိမိလက်များကြား ယူငင်ကာ ရစ်ပတ် စော့ကစားနေခြင်း ဖြစ်သည်။

Second Chance(System) [Completed]Where stories live. Discover now