Part 13

22.4K 1.9K 15
                                    

ဦးဘုန်းညကအိမ်မပြန်ဖြစ်ဘဲ သူပိုင်တဲ့ Hotelရဲ့ Barမှာ တစ်ယောက်တည်း အမူးသောက်လေသည်။ ပါးစပ်ကလည်း 'ဦးတောင်းပန်ပါတယ် ကလေး' ဆိုတာချည်းပဲ ထပ်တလဲလဲရွတ်နေ၏။ ပြုံးရယ်နေတဲ့ညရောင်မျက်နှာကို မျက်လုံးထဲမြင်ယောင်ပြီးရယ်လိုက်၊ ဝမ်းနည်းနေတဲ့ညရောင်မျက်နှာကို မျက်လုံးထဲမြင်ယောင်ပြီး ငိုလိုက်နဲ့ ....

တော်ပါသေး၏။ Barမှာ လူတစ်ယောက်မှမရှိလို့။ ဦးဘုန်းလာမယ်ဆိုတာနဲ့ ရှိသမျှဧည့်သည်တွေကို စိုင်းနောင်ကရှင်းထုတ်ပေးထားသည်။ waiterတွေ အခြားအလုပ်သမားတွေပါ အကုန်ပြန်ခိုင်းသည်။ ဦးဘုန်းရဲ့ မလှမ်းမကမ်းလောက်မှာ စိုင်းနောင်ရယ်၊ bodyguardနှစ်ယောက်ရယ် ရပ်နေရသည်။ အခြားသူတွေသာရှိကြည့်။ Silver Group CEOရဲ့ လူစားလဲထားသလို အပြုအမူတွေတွေ့ပြီး အံ့ဩနပန်းဖြစ်ရအုံးမည်။ စီးပွားရေးလောကရဲ့ဘုရင်တစ်ဆူဦးဘုန်းရဲ့ ပုံစံကိုတွေ့ပြီး social mediaမှာ နာမည်ကြီးအုံးမည်။

#####

ဝူးခနဲကားမောင်းလာသံကိုကြားတော့ ဦးဘုန်းပြန်လာတယ်အထင်နဲ့ ဒေါ်ကြီးစိုးအပြေးအလွှားထွက်ကြည့်မိသည်။ သို့ပေမယ့် ကားပေါ်ကဆင်းလာသူက စိုင်းနောင်။

"ဪ မောင်စိုင်းနောင် .... သားဘုန်းရော"

"Boss ကိစ္စလေးရှိလို့ ဒီရက်ပိုင်းအိမ်ပြန်မလာနိုင်ဘူးတဲ့ခင်ဗျ"

"ဪ ဟုတ်လား .... သားဘုန်းအဆင်ပြေတယ်မလား ပြဿနာကြီးကြီးမားမားမရှိဘူးမလား"

"မရှိပါဘူးဒေါ်ကြီးစိုး .... ဒါနဲ့ အစ်ကိုလေးရော"

"ညရောင်လေးကအပေါ်မှာ .... ဖျားနေရှာတယ်လေ"

"ဗျာ ဘယ်လိုဖြစ်လို့လဲ"

"အင်း ဒေါ်ကြီးစိုးအမှားပေါ့လေ .... ညရောင်လေးက မနေ့ညက သားဘုန်းပြန်မလာမချင်းခြံထဲမှာထိုင်စောင့်နေတာ ဒေါ်ကြီးစိုးအထဲဝင်စောင့်စေချင်ပေမယ့် သားဘုန်းပြန်လာတော့မှာဆိုပြီး စောင့်နေတော့ ဒေါ်ကြီးစိုးလည်း သားဘုန်းတကယ်ပြန်လာမယ်ထင်နေတာ .... ဒေါ်ကြီးစိုးက ဧည့်ခန်းထဲမှာအိပ်ပျော်သွားတာ မနက်၅နာရီလောက်ကျ ဒေါ်ကြီးစိုးနိုးတော့ သားဘုန်းလည်းပြန်မလာသလို ညရောင်လေးက ခြံထဲကခုံပေါ်မှာ ဒီတိုင်းအိပ်ပျော်နေတာ .... လေစိမ်းတိုက်တော့ အအေးပတ်ပုံရတယ် ဒီမနက်ဖျားရော"

Stolen LoveWhere stories live. Discover now