သူမတို့လည်းအိမ်ရောက်သည်နှင့်ဆိုင်ရာပိုင်ရာ
အခန်းအသီးသီးသို့ဝင်ရန်ပြင်လိုက်သည်။ Lisa
သူမအခန်းတံခါးကိုဖွင့်ဖို့အလုပ် jenက.."ဟိုလေ..မနက်ဖြန် ခွင့်ယူလို့ရမလား.."
"အကြောင်းပြချက်ကဘာလဲ.."
Lisaလည်းအခန်းထဲမဝင်သေးဘဲသူမနားသို့သွား
ကာမေးလိုက်တော့သူမက.."အမ irene ဆီသွားမလို့..."
"အော်..ရပါတယ်..ကို တော့ မနက်ဖြန် အလုပ်လုပ်
ရတာ စိတ်ဖြောင့်ပါ့မလားမသိဘူး..""ဘာလို့လဲ.."
"မင်း အနားမှမရှိလို့လေ..."
ဟုဆိုကာသူမနှာခေါင်းလေးကိုလှမ်းညစ်ရင်းပြော
လိုက်တော့ jen က မျက်စောင်းထိုးကာ.."ရှင်သိပ်အကဲပိုတာဘဲ...ကျွန်မကိုရှင့်ကောင်မလေး
အောင်းမေ့နေလား..""မဟုတ်ဘူးလား..."
Lisa jen အနားသို့ပိုတိုးကပ်သွားရင်းမေးလိုက်တော့
သူမကနောက်သို့ ဆုတ်ဆုတ်သွားလေသည်။တဖြေး
ဖြေးနောက်ဆုတ်ရင်း အခန်းတံခါးနဲ့ jen ရဲ့ကျောတို့
မိတ်ဆက်သွားလေသည်။"ဘာ..ဘာကိုဟုတ်ရမှာလဲ.."
"ကို့ ကောင်မလေးမလုပ်ချင်ဘူးလား...jen..."
Lisa တံခါးကိုလက်နှစ်ဖက်နဲ့ထောက်ရင်းမေးလိုက်
တော့ပါးတွေနီမြန်းလာသောသူမ..ချက်ချင်းပင်တံခါး
လက်ကိုင်ကိုဆွဲ ဖွင့်ဖို့အလုပ်...lisa jenကိုတားလိုက်
သည်။"နေပါဦး..jen ရဲ့ မေးစရာကျန်သေးတယ်.."
"ဘာ..ဘာမေးဦးမှာလဲ ကျွန်မ အိပ်ချင်နေပြီ.."
"မင်း အပြေးသန်လား..."
"ဟင့်အင်း..မသန်ဘူး...."
"ကောင်းတယ်.."
"ဘာလို့လဲ.."
နားမလည်စွာမျက်လုံးလေးပြူးပြူးနဲ့မေးလာသောထို
ကလေးမကို Lisa အသဲယားလာသည်။ ချက်ချင်းပင်
သူမကိုအခန်းထဲဆွဲပွေ့ပစ်လိုက်ချင်သည်။"ဘာလို့လဲ ဆိုတော့..ငါလိုက်ရမခက်ဘူးပေါ့.. "
"ရှင်နော်..တော်ပြီ နားတော့မယ် good night "
YOU ARE READING
ဆူးနင့်လေသော..🔥(completed)
Romanceကြမ်းမှာ ဖတ်ရဲရင်ဖတ် 🔞 🔞ပါတဲ့အတွက်မကြိုက်တဲ့လူတွေမဖတ်ပါနဲ့💗 Zawgyi +Uni 🔥( own creation 💙)