2

9.3K 911 12
                                    

နောက်နေ့မနက်မှာတော့ ပါပါးက နေ့စားငှားထားတဲ့လူတွေနဲ့အတူ ခြံဝန်းထဲပြုပြင်သင့်တဲ့နေရာတွေကို ပြန်လည်ပြင်ဆင်နေတယ် ။

မနက်စာစားပြီးနောက် သူလည်း ခြံထဲပဲဆင်းခဲ့ရင်း အလုပ်သမားတွေနားမှာ စီမံနေတဲ့ပါပါးဆီ သွားလိုက်တယ် ။

" ကောင်းကောင်းအိပ်ပျော်ရဲ့လား သား "

" ဟုတ် ပါပါး "

ပါပါးကပြုံးလာရင်း သူ့ပုခုံးကိုဖွဖွပုတ်လို့ သူက ပါပါးရဲ့ခါးကျောကို တစ်ချက်ပြန်ပွတ်လိုက်ရင်း ဒါကလည်း သူတို့သားအဖနှစ်ယောက်ရဲ့ မနက်ခင်းနှုတ်ဆက်နည်းတစ်မျိုး ။

မနက်ဖြန်စက်ရုံကိုပြန်ဝင်ရမယ့် ပါပါးက ဒီနေ့အပြီး ဒါတွေအကုန်ပြင်မယ့်ပုံ ။ မဟုတ်တောင် လူသိပ်မနေလို့ ဖုန်နဲ့နွယ်တချို့တက်နေရုံအပြင် သိပ်တော့လည်းပြုပြင်စရာမရှိတာမို့ ဒီနေ့တွင်းပဲပြီးလောက်ပါတယ် ။ ပါပါးနားကပ်လို့ ဟိုဟိုဒီဒီကြည့်မိနေရင်း မနေ့ကသွားမိတဲ့ လမ်းလေးနားမျက်လုံးရောက်သွားတာမို့ စကားစလိုက်တယ် ။

" ပါး.. "

" အင်း "

" ခြံနောက်ဘက်မှာ ရေတွင်းပျက်တစ်ခုတွေ့တယ်နော် "

သူ အဲ့အကြောင်းပြောလိုက်တာနဲ့ ပါပါးက ထူးဆန်းတဲ့အမူအရာမျိုးဖြစ်သွားတယ် ။ ပြီးမှ တစ်ခုခုတွန့်ဆုတ်နေသလို အနားကပ်လာကာ ခပ်ကြိတ်ကြိတ်ပြောလာတယ် ။

" ပါပါးပြောပြမယ် ရှောင်ဝမ်..သေချာနားထောင် "

" ဟုတ် "

" ဒီနယ်ခံတွေကတော့ အဲ့ဒီရေတွင်းက
လျှို့ ဝှက်ချက်ရှိတယ်လို့ပြောကြတယ် "

ဝမ်ရိပေါ် နားမလည်စွာ ပါပါးမျက်နှာကိုပြန်ကြည့်လိုက်တယ် ။

" လျှို့ဝှက်ချက်? ပါပါးပြောချင်တာ ဘယ်လိုဟာမျိုးလဲ "

" တကယ်တော့.. ပါပါးတို့နဲ့ကပ်လျက် ဟိုဘက်ခြံက
အစောင့်အရှောက်နတ်ကွန်းတွေထားတဲ့နေရာပဲ "

" အရမ်းနာမည်ကြီးလို့ အခါရက်တွေဆိုရင် လူတွေအကုန်လာကြတယ်တဲ့ ၊ ဒါ့ကြောင့် အဲ့နဲ့တစ်ဆက်တည်းရှိနေတဲ့ရေတွင်းကလည်း ထူးဆန်းတယ်လို့ပြောကြတာ..အဲ..အစတုန်းက ရေတွင်းက အဲ့ဒီဘက်ခြမ်းမှာရှိနေခဲ့တာတဲ့ ၊ တလောကမှ အစိုးရရဲ့ မြေယာတွေရှင်းလင်းခန့်ခွဲမှုမှာ ဒီလိုဖြစ်သွားတယ်ဆိုပဲ "

The Spirit [ Edited ]Where stories live. Discover now