မတော်တဆတွေ့ဆုံမှုမှာ
တွယ်တာစိတ်ရှိခဲ့မိရင်
တစ်မိနစ်လောက်တွေ့ရုံနဲ့
လုံခြုံမှုကိုခံစားမိရင်
ဘေးနားမှာတွေ့နေတာတောင်
လွမ်းဆွတ်မိရင်ရော
ကျွန်ုပ်ရဲ့အတ္တများလား
ကိုယ်မဟုတ်တဲ့တစ်စိမ်းတစ်ယောက်ကို
ပြုံးပြနေတာတွေ့ရှိလို့ပူလောင်နေမိရင်
သူ့အတွက်များစိတ်ရှုပ်စရာဖြစ်နေမလား
ကျွနုပ်အတ္တကြီးပါတယ်
လောဘကြီးပါတယ်
ခင်ဗျားလေးနဲ့ပတ်သတ်လာရင်ပေါ့
မပိုင်ဆိုင်ရသေးပဲ
ခင်ဗျားလေးကိုအူတိုမိရင်
ကျွနုပ်ကိုစိတ်ပျက်သွားများလား
အမြဲတမ်းခင်ဗျားရဲ့နားမှာအရိပ်လေးလိုရှိနေရင်
ကျွနုပ်ကိုခင်ဗျားစိတ်မဆိုးပါနဲ့
ကျွန်ုပ်ကခင်ဗျားလေးကိုတွယ်တာမိရင်
စိတ်မဆိုးပါနဲ့
ကာကွယ်ပေးမိရင်
ချစ်လွန်းလို့ခင်ဗျားလေးနားမှာ
နေချင်မိတဲ့ကိုယ့်ကို........ခွင့်လွှတ်ပါ