အခန်း - ၈

12.6K 1.5K 53
                                    

Unicode

အခန်း(၈)လိပ်ပြာအိမ်မက်

ကျင်ရော့သည် သိသိသာသာကို ကျင်း​ဟောက်အပေါ် စိတ်ရှိနေခဲ့တာပဲ။ ဒါကို ကျင်း​ဟောက်က ဘာလို့သတိ မထားမိနိုင်ရတာလဲ။ ပြီးတော့ သူချုန်ရှင်းကို တစ် ယောက်တည်း ထားခဲ့တာကို တွေးကြည့်ရင် သူမရဲ့ သူငယ်ချင်းတွေရှေ့ သူမကို မျက်နှာပျက်စေလိုက်တာပဲ လေ။

ရှောက်ချောင်သည် သူမကိုစိတ်သက်သာစေဖို့ သူ့ လက်မောင်းကြားထဲ တကယ်ကို ဆွဲသွင်းချင်မိသည်။ ဒါပေမယ့် သူက အဲ့နေရာအတွက် မသင့်တော်ပေဘူး။ သူက သူ့ကိုယ်သူ အတင်းအကျပ်ပြုံးခိုင်းရင်း ပြောသည်။

"ဒါတွေက ကိုယ့်အမှားပါ... ကိုယ်အလုပ်မအားလို့ ရှောင်ကျင်ကို ပစ်ထားမိတယ်....ဒါကမရေးမကြီးပါဘူး..... ကိုယ်မင်းကို အကြာကြီးစောင့်ခိုင်းထားမိတယ်.....မင်း ဗိုက်ဆာနေရောပေါ့... ဒါကြောင့် ဒီညစာအတွက် မင်းတို့ နှစ်ယောက်လုံးကို ကိုယ်ဒကာခံမှာပါ....မင်းတို့ ကြိုက်တာ စားလို့ရတယ်''

သူက ပြောနေရင်းနှင့် menuကဒ်ကို ချုန်ရှင်းဘက် တွန်းပေး၏။

သူအလုပ်များနေတယ်ပေါ့။ ဒါတောင်ချုန်ရှင်းနဲ့ ဆက်သွယ်ဖို့အချိန်ကို ဘယ်လိုများရှာလိုက်တာလဲ။

ကုကျင်သည် နဖူးပေါ် ဝဲကျနေတဲ့ဆံပင်ကို နားရွက် ဘေးကို သပ်တင်လိုက်ပြီး သူတို့ကို တိတ်တဆိတ် စောင့် ကြည့်နေစဥ် သူမရဲ့နှုတ်ခမ်းထောင့်လေးတွေက အပြုံး အဖြစ် ကွေးညွှတ်သွားတယ်။ သူမရဲ့နှင်းလိုဖြူဖွေးလှတဲ့ လက်ကောက်ဝတ်မှာတော့ ကျောက်စိမ်းလက်ကောက် လေးကို ဝတ်ဆင်ထားခဲ့သည်။

ချုန်ရှင်းက သူ့ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ရှောက်ချောင် အကြိုက်ဆုံးဟင်းလျာများများကို ယဥ်ကျေးစွာ မှာယူပေးသည်။

ခဏသာကြာပြီး ဟင်းလျာတွေက စားပွဲပေါ် တစ်မျိုး ပြီးတစ်မျိုး နေရာယူသွားခဲ့၏။

စားချင်စဖွယ် ဟင်းလျာများသည် သရေယိုစဖွယ်အနံ့ တွေ ထုတ်လွှတ်နေပေမယ့် ကုကျင်ကတော့ အကုန်လုံး ကို စားချင်စိတ်မရှိလှဘူး။ သူမရော မူလကိုယ်ရောဟာ အစားအစာနဲ့ပတ်သက်ပြီး ဇီဇာကြောင်သည်။ သူတို့ နှစ်ယောက်လုံး နံနံပင်ထည့်ပြီး ချက်ထားတဲ့ ဘယ်အစား အစာကိုမှ မကြိုက်ချေ။

You'll also like

          

ဒါပေမယ့် စားပွဲပေါ်ရှိဟင်းလျာတွေထဲမှာ နံနံပင်မပါ ဘဲချက်ထားတာဆိုလို့ နှစ်မျိုးပဲရှိလေတယ်။ သူမအဖြစ်ကို ကြည့်မယ်ဆိုရင် တစ်ယောက်က သူမရဲ့ ချစ်သူကောင် လေးအဖြစ်ကြေငြာထားစဥ်မှာ ကျန်တစ်ယောက်က သူမ ရဲ့ ရင်းနှီးတဲ့ မိန်းကလေးသူငယ်ချင်း ဖြစ်လေသည်။ တကယ်ကို သူတို့ထဲက ဘယ်တစ်ယောက်ကမှ သူမ အကြိုက်ကို ထည့်သွင်းမစဥ်းစားခဲ့ဘူး။

သူတို့ သတိမထားမိဘူးဆိုပေမယ့် သူတို့ အဲ့ဒါကို ဂရု မစိုက်တာ ပိုဖြစ်ပေလိမ့်မည်။

အဲ့အချိန်မှာပဲ သူမရဲ့အတွေးတွေက စိတ်ထဲ များစွာ သောအမှတ်တရတွေနဲ့ ပုံရိပ်တွေကို မှတ်မိလာစေသည်။ မူလကိုယ်ရဲ့မကျေမနပ်မှုတွေက သူမကို အမြဲလွှမ်းမိုးနေ ခဲ့ကာ နှစ်သိမ့်လို့မရနိုင်အောင်ပါပဲ။

သူမ သူတို့ကို မေးလိုက်ချင်တယ် 'ဘာကြောင့်လဲ....?'

ဘာကြောင့် ရှောက်ချောင်က သူ့နှလုံးသားအခန်းထဲ ချုန်ရှင်းအတွက်ပဲ နေရာရှိတာကိုတောင် သူမအချစ်ကို လက်ခံခဲ့တာလဲ။ ဘာကြောင့် ရှောက်ချောင်က သူမကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တာလဲ...သူမရဲ့ ဝမ်းကွဲကို သူ ဘယ်တော့မှ မမေ့နိုင်တာတောင်မှလေ။

သူမ ရှောက်ချောင်နဲ့ လက်ထပ်ပြီးတဲ့နောက်ပိုင်း ဘာ ကြောင့် ချုန်ရှင်းက ပတ်ဝန်းကျင်ရဲ့အမြင်တွေကို လျစ်လျူရှုခဲ့ရတာလဲ။ အကူအညီလိုရင် ရှောက်ချောင်ကို ဘာကြောင့် ဆက်ရှာနေခဲ့သေးတာလဲ... အဲ့အရာတွေက လူတွေရဲ့သံသယကို ဖြစ်စေတာတောင်မှလေ။

သူမရဲ့ခံစားချက်တွေကို လုံးလုံး လျစ်လျူမရှုပစ်သင့် ဘူးလား......ဘာကြောင့်လဲဆို သူမက ကြင်နာနူးညံ့ပြီး စဥ်းစားနိုင်စွမ်းရှိတဲ့လူ မို့လို့လေ။

အဲ့ဒီနေ့မှာ သူမရဲ့လည်ပင်းပေါ် ပြန်ပေးဆွဲသမား တွေရဲ့ဓားရောက်နေခဲ့တုန်းက ကုကျင်က လုံးဝကို မျှော် လင့်ချက်မဲ့သွားခဲ့ရတာ။

သူမရဲ့လက်တွေကို ဝမ်းဗိုက်တစ်ဝိုက်မှာ အုပ်ကိုင် ထားခဲ့ရတယ်....သူမရဲ့ အရင်က ကလေးလေးကို သေချာ ကာကွယ်ပေးခဲ့ချင်လို့ပေါ့။
ရှောက်ချောင်က ကလေးတွေကို ချစ်တတ်တာကြောင့် သူက သူမရဲ့နားထဲ မကြာခဏ တီးတိုးပြောလေ့ရှိတယ် ....သူမရဲ့ကလေးတွေ မွေးဖွားလာတဲ့အခါ သူတို့ ဘယ် လောက်ချစ်ဖို့ကောင်းလိမ့်မယ်ဆိုတာကိုပေါ့...။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now