Part - 25(Unicode )

4.4K 237 26
                                    


[Unicode]
စနေ တနင်္ဂနွေရုံးပိတ်ရက်ကြောင့် ဘယ်မှမသွားဘဲ
အလုပ်လေးလုပ်ရင်း အိမ်ထဲပဲနေနေကာ ပြတင်း
ပေါက်နားလေးတွင် Coffee လေး
သောက်ရင်းအပြင်ကိုငေးမောနေမိသည်။ မျက်ဝန်းထဲတွင်အထွန်းရဲ့ပုံရိပ်များကိုမြင်ယောင်နေမိသည်။အရင်နှင့်မတူတော့သော အထွန်းမှာတော်တော်ပင်
ပိန်သွားတာကိုသတိထားမိသည်။မြတ်နဲ့မတွေ့တော့တဲ့နောက်ပိုင်း သူဘယ်လိုတွေဖြစ်နေမည်လဲဆိုတာ
မြတ်သိချင်မိသည်။လွမ်းသည့်စိတ်များကိုထိန်းချူပ်
လို့မရပေ......။

ဖုန်းကိုယူလိုက်ပြီး Gallery ထဲမှ သူနှင့်အတူရိုက်
ထားသောပုံများကို ထုတ်ကြည့်လိုက်သောအခါ
အသည်းထဲမှာ တနုံ့နုံ့နှင့် ပို၍ပင်ခံစားရသည်။
အချိန်တွေကိုနောက်ပြန်ဆုတ်ခွင့်သာရလိုက်ရင်
အဲ့ဒီ့နေ့ညမှာ အထွန်းနဲ့ဘုဏ်းသစ်ကိုတားလိုက်ချင်
သည်။အထွန်းရဲ့ပုံလေးတွေကို ကြည့်လေကြည့်လေ
မြတ်ရဲ့အသည်းနှလုံးမှာ ပိုပြီးနာကျင်လေလေပင်။
သို့သော် မနေ့က အထွန်းကိုရုတ်တရက်တွေ့လိုက်ရ
သောအခါ မြတ်ရဲ့ရင်ခုန်သံတွေဟာ ဟိုအရင်အတိုင်း
ပင်။တကယ်တော့ သူနဲ့ပြန်တွေ့မိတဲ့အခါ မြတ်ရင်ခုန်
နေဆဲ......။မြတ်ရင်နှင့်အမျှသိပ်ချစ်ရတဲ့သူ
တစ်ယောက်ကို စွန့်လွှတ်လိုက်ရတဲ့အတွက်ကြောင့်
အသည်းကွဲတဲ့ဒဏ်တွေကို အချိန်ကပဲကုစားပေး
သွားပါလိမ့်မယ်လို့ဖြေသိမ့်လိုက်ရင်း လဲ့ဆီကိုဖုန်း
ခေါ်လိုက်သည်......။

"ဟဲလို လဲ့.. ''
"ဟုတ်ကဲ့ မမမြတ်''
"လဲ့ အားလား''
"ဟုတ် အားပါတယ် မမမြတ်ရဲ့''
"ဒါဆို မမမြတ်အိမ်ကို ခဏလာခဲ့ပါလား....စကားခဏပြောချင်လို့''
" သြော် ဟုတ် အဲ့ဒါဆို လဲ့အခုထွက်လာခဲ့လိုက်မယ်
နော်''
"အင်း....''

ဖုန်းချလိုက်သည့်အချိန် ရုတ်တရက် အောက်မှ ဘဲလ်
တီးသံကြားလိုက်သောကြောင့် ဘယ်သူများလဲဟု
စဉ်းစားရင်း ဖုန်းနဲ့Coffee ခွက်ကိုစားပွဲပေါ်သို့
တင်လိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့ကာ အိမ်တံ
ခါးဖွင့်ပေးလိုက်သည့်အချိန်..........

"နင်.... နင်ငါ့ဆီဘာလာလုပ်တာလဲ''
" အိမ်ရှင်ကဧည့်သည်ကို ဒီလိုပဲဆက်ဆံတာလား
အရင်ဆုံးပေးဝင်ပါဦးဟာ''

သူမ သိေစ..... (Z+U)Where stories live. Discover now