ဟိုးရှေးရှေးတုန်းက ရဲတိုက်ကြီးထဲမှာ ကျိန်စာသင့်နေတဲ့ သိပ်ကိုအထီးကျန်တဲ့ မင်သားလေးတစ်ပါး ရှိသတဲ့...ပုြံပင်လေးက ဒီလိုစတယ်~~~
♥♥♥♥♥♥♥
လူတွေအများကြီးကို ရုတ်တရက်တွေ့လိုက်ရပေမဲ့ ရှောင်းကျန့်ရဲ့ အထီးကျန်ခြင်းဝေဒနာဟာ နည်းနည်းလေးမှကို လျော့မသွားပါဘူးတဲ့။ ရင်ဘတ်ထဲမှာ ဟာနေတဲ့ခံစားချက် တစ်ခုခုလိုနေတဲ့ ခံစားချက်ဟာ အရင်အတိုင်း ခံစားရစမြဲပါပဲ။
ပျော်ရွှင်ခြင်းဆိုတာ ဒီကမ္ဘာမှာ တကယ်ရောရှိရဲ့လား...
.............................
ဒီနေ့မှာလည်း ရှောင်းကျန့်ရဲ့အကြည့်တွေက ပြတင်းပေါက်ကမြင်နေရတဲ့ မြေနီလမ်းလေးဆီမှာပါပဲ...ဒီနေ့မှာတော့ လေငြိမ်တယ်။ လေယူရာယိမ်းထိုးနေတဲ့ အပင်တွေကို မမြင်ရတော့ ရှောင်းကျန့်က စိတ်အလိုမကျပြန်ဘူး။ မနေ့ကပဲ လေတိုက်လို့ စိတ်ပျက်နေမိပေမဲ့ ဒီနေ့လေမတိုက်ပြန်တော့လည်း ရှောင်းကျန့်က မကြိုက်ပြန်ဘူး။ မြေနီလမ်းလေးကိုကြည်ြ့ပန်တယ် တစ်စုံတစ်ယောက်ကို မျှော်ပြန်တယ်။ တစ်စုံတစ်ယောက်က ဘယ်သူလဲဆိုတာတော့ သူကိုယ်တိုင်လည်းမသိဘူး...
"မြင်ကွင်းလေးက လှတယ်နော်..."
နောက်ကျောဘက်က အသြံဖစ်တယ်...ရှောင်းကျန့် အသံလာရာကြည့်လိုက်တော့...ဟိုကောင်လေးရယ် ဝမ်ရိပေါ်...
"သူများအခန်းကို ဝင်မယ်ဆို မင်းတံခါးခေါက်သင့်တယ်..."
"ကျွန်တော် တံခါးခေါက်နေတာ ကြာပြီ...အစ်ကိုမကြားတာ"
ကောင်လေးက ပြတင်းတံခါးနားကို လျှောက်လာပြီး ပြတင်းပေါက်ဘောင်ပေါ်မှာ လက်ထောက်လိုက်တယ်။ ရှောင်းကျန့်ကို ကျောပေးရပ်ကာ ရှူ့ခင်းတွေကို တဝကြီးကြည့်တယ်...
"ဒြီမင်ကွင်းက ဒီလောက်လှတော့ အစ်ကိုနေ့တိုင်းကြည့်နေတာကိုး..."
"ငါကြည့်တာ အဲြ့မင်ကွင်းမဟုတ်ဘူး...
ပြီးတော့ ငါအဲြ့မင်ကွင်းကိုလုံးဝမကြိုက်ဘူး..."
ကောင်လေးက ပြုံးကာလှည့်ကြည့်တယ်...နူးည့ံတဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရတဲ့ အခိုက်အတန့်...
"တစ်စက္ကန့်...
နှစ်စက္ကန့်...
သုံးစက္ကန့်..."
သုံးစက္ကန့်လောက် ကမ္ဘာကြီးရပ်တန့်သွားတယ်...
"အနားမှာရှိနေတဲ့အရာတွေကို တန်ဖိုးထားပါကော...
သူတို့တွေက တန်ဖိုးထားခံရသင့်ပါတယ်..."
အခန်းထဲက ထွက်သွားတဲ့ကောင်လေးကို ရှောင်းကျန့်ကငေးတယ်။ ကောင်လေးအကြောင်းသိလိုချင်စိတ်တွေက စတင်ခဲြ့ပီထင်တယ်။ သူကောင်လေးအကြောင်းကို စိတ်ဝင်စားမိလာတယ်။ သူကောင်လေးအကြောင်း သိချင်တယ်...
TBC
~~~~~~~~~
