*******
#မင်းလေးဘယ်အချိန်ထိ အနားယူအုံးမှာလဲ၊မညောင်းဘူးလား၊ထလာတော့လေ😢😢#..............................
သူမဆီကို သွားဖို့ခြေတွေကလေးလံနေတယ်၊အခုခုလာဆွဲထားသလိုပဲ နာကျင်ရတယ်
ရင်ထဲအနက်ဆုံးကနေတစ်ကျိန်းကျိန်းနာကျင်နေရတယ်။ စူးရှရှနေတာပဲ၊နာကျင်မှုဆိုတာဒီလိုလား။Lisa ခေါင်းကနေခြေအထိ တစ်ကိုယ်လုံးကျင်ထုံလာပြီး ကိုယ့်ကိုကိုယ်ရပ်နေမှန်းတောင် မသိရသလိုပဲ။Chae နားလေးကိုတုန်တုန်ရီရီနဲ့
လျောက်သွားပြီး ကုတင်ပေါ်တင်ထားသော သူ့လက်လေးကို
ကိုင်ကြည့်ဖို့ Lisa လက်မလာပြီး တစ်တိတ်တိတ််တုန်နေသောသူ့လက်လေးကို Chae လက်လေးဆီရောက်ဖို့ ပင်လယ်
ကြီးခြားထားသလို ပင်နီးပေမဲ့မရောက်နိုင်သေးချေ။မောတယ်၊နာကျင်တယ်လက်လေးတောင်သူ့ကိုထိတွေ့ဖို့
အခွင့်အရေးမပေးနေတော့ဘူး။
လေးလံပြီး အသားမသိ၊အထူအပါးမသိတုန်ရီရီဖြစ်နေသောသူ့ရဲလက်လေးကိုChae လက်ဆီ
ကမ်းထားတဲ့နေရာလေးမှာမရောက်နိုင်တော့ပဲ ချပစ်လိုက်ရတော့သည်။Chae မျက်နှာကိုကြည့်ပြီး
မျက်လုံးထဲကနေကျိန်းစပ်စပ်ဖြစ်နေသည်။မျက်နှာလေးတစ်လျောက် ခပ်ပူပူဖြစ်နေသော
ရေလိုင်းလေးတွေကသူ့နှုတ်ခမ်း ကနေမေးလေးဆီဖြတ်ဆင်းပြီး၊နောက်ဆုံးသူရပ်တဲ့နေရာလေးက
ကြမ်းပြင်ပေါ်ကိုတစ်ပွက့်ပွက့်နဲ့
ကျဆင်းသွားခဲ့သည်။ချိန်ထားသောသွေးလေးကနေတစ်စက်စက်နဲ့ပိုက်ကလေးထဲပြေးဆင်းလာပြီးChae ရဲ့လက်ကောက်၀တ်နေရာမှာထိုး
ဖောက်ထားသောအပ်ချောင်းလေးဆီကျသွားကာChae ရဲ့
Body လေးထဲ့ပျောက်ကွယ်သွား
တဲ့အထိ Lisa ရွှေ့မရ၊လုပ်မရနဲ့
လိုက်ကြည့်နေမိသည်။မျက်နှာလေးသွေးဖြူကာ
Oxygen တပ်ထားတဲ့အထဲကသူ့ရဲ့နှာခေါင်းလေးနဲ့ဖြူဖတ်ဖြူရော်ဖြစ်နေသောနှုတ်ခမ်းလေးကိုLisa လှမ်းမြင်နေရသည်။Chaeyoung ကုတင်ပေါ်မှာအိပ်စက်အနားယူပြီးအသက်မှန်မှန်လေးရူနိုင်နေပေမဲ့၊ကြမ်းပြင်ပေါ်လေးရပ်နေတာတောင် မထိသလိုလိုနဲ့လေထုထဲရောက်သွားသလိုLisa ခံစားနေရပြီ။
YOU ARE READING
True love Right Person
Short Story#မင်းနားလေးမှာ တစ်သက်လုံးနေပေးချင်ပေမဲ့....# (Chaelisa) (Jenlisa)