Part(11)

4K 481 1
                                    

Zawgyi

"ရိပေါ် ဘယ်သူ့ကိုရှာနေတာလဲ''

ကွင်းထဲကနေပရိတ်သတ်စင်ရှိရာကိုကွက်ကြည့်
ကွက်ကြည့်ဖြစ်နေတဲ့ရိပေါ်ကို သူငယ်ချင်းတွေ
ကတောင်သတိထားမိနေပီ။

"ဘာမှမဟုတ်ပါဘူး''

ရှောင်းကျန့်ကဘယ်တော့မှလူများတဲ့နေရာကိုမသွား
တတ်တာ။သူမျော်သာမျော်နေမိပေမယ့် လာမယ်လို့
တော့မထင်။

"ပွဲစတော့မယ်''

ကျောင်းသားတွေရဲ့ထုံစံအတိုင်း သူ့ကျောင်းသား
အသင်းကိုယ့်ကျောင်းသားအသင်း အပြန်အလှန်
အော်ဟစ်အားပေးရင်း ပြိုင်ပွဲကစည်ကားဆူညံ
လို့နေတယ်။

ကျောင်းမှာနာမည်ကြီးလှတဲ့ရိပေါ်က ကွင်းထဲ
လှပတဲ့ကစားကွက်တွေထုတ်သုံးတိုင်း ပရိတ်သတ်
မိန်းခလေးတွေရဲ့အော်ဟစ်သံက အားကစားရုံကြီး
ပွင့်ထွက်တော့မတတ်။

"ကိုကို''

အပေါက်ဆီကနေတရွေ့ရွေ့နဲ့ဝင်လာတဲ့အရိပ်
ကလေး။ရိပေါ်မယုံနိုင်စွာငေးကြည့်နေမိတယ်။
သူ့ရှိရာလက်ကလေးပြလို့ လူလွတ်တဲ့အတန်းထဲ
ကျုံ့ကျုံ့ကလေးဝင်ထိုင်ရှာတဲ့ရှောင်းကျန့်။

"အား ရိပေါ် ဒီဘက်ကိုကြည့်နေတယ်''

"ဘယ်သူ့ကိုကြည့်နေတာလဲ''

"ငါ့ကိုကြည့်နေတာများလား''

"ရူးနေလို့နင့်ကိုဖြစ်ရမှာလား''

ရှောင်းကျန့်ရဲ့အရှေ့တန်းမှာထိုင်နေတဲ့မိန်းခလေး
တွေကရိပေါ်သူတို့ဆီခနခနကြည့်နေတာကို
သတိထားမိပီး စိတ်လုပ်ရှားစွာပြောဆိုနေကြတယ်။
ရှောင်းကျန့် ကွင်းထဲကကောင်လေးကိုမြတ်နိုးစွာ
ကြည့်နေမိတယ်။

ရိပေါ်ကကျောင်းမှာနာမည်တော်တော်ကြီးတယ်
ထင်ပါရဲ့။ကွင်းထဲကပရိတ်သတ်သုံးပုံနစ်ပုံလောက်
ကရိပေါ်နာမည်ကိုဘဲအော်ဟစ်အားပေးနေကြ
တယ်။

တမြေ့မြေ့ချင်းလောင်ကျွမ်းလာတဲ့ချစ်စိတ်အစဉ်ဟာ
ကုရာနတ္ထိဆေးမရှိတော့ပီ။အကောင်မရှိဘဲအရိပ်ပြ
နေတဲ့အတိတ်ဆိုးတွေကနေလွတ်မြောက်နားခိုခွင့်
ရချင်မိတယ်ရိပေါ်။မင်းစိတ်နဲ့နွေးထွေးချင်မိပါရဲ့။

ashy silent (Complete) Where stories live. Discover now