(zawgyi)
(3)" သီဟိုရ်..."
ဝုန်းခနဲ အသံကြီးနှင့်အတူသီဟိုရ်က ကိုးကိုးဘေးကနေ ရုတ်တရက်ကြီး သူတို့ဖြတ်သွားနေသည့် အခန်းတွင်းသို့ လွင့်စင်သွားခဲ့သည်။ကိုးကိုး အော်လိုက်သံက ကော်ရစ်တာ တစ်လျှောက် ဟိန်းထွက်သွားခဲ့သည်။
ရှေ့တွင်လျှောက်နေကြသည့် အေစ့် နှင့် မှိုင်းက
ကြောက်စရာကောင်းအောင် တိုက်ခတ်လာသည့်လေတွေကို အံတုရင်း...ဘာဖြစ်သွားခဲ့သည်ကို သိဖို့ အမြန်ကြိုးစားလိုက်သည်။ကိုးကိုးသည်လက်တော့ပ်ကို ဘုန်းခနဲ ကော်ရစ်တာ ပေါ်သို့ပစ်ချလိုက်ကာ သီဟိုရ် လွှင့်စင်သွားသည့် အခန်းအတွင်းသို့ အပြေးဝင်သွားလိုက်သည်။
ထိုင်ခုံတွေ စားပွဲခုံတွေက တမံတလင်းပေါ်တွင် ဟိုတစ်စ ဒီတစ်စ ကျိုးပဲ့ပျက်စီးနေပြီး
တော်တော်များများက မီးလောင်ထားလို့ ကျွမ်းကာပျက်စီးနေကြခြင်းဖြစ်မည်။အမိုး တစ်ခုလုံးလဲ မြင်ရက်စရာမရှိအောင် စုတ်ပြတ်သပ်နေပြီး အလင်းမရှိသည့် ကောင်းကင်ကြီးကို ဟာလာဟင်းလင်း မြင်နေရသည်။သစ်သားတိုင်တုံးတွေနှင့် အုတ်နံရံ တစ်ချို့မှ လွဲပြီး အကုန်လုံး ပျက်စီးယိုယွင်းနေသည်။ပြတင်းပေါက်တွေပါ မရှိတော့ပဲ ခနော်ခနဲ့ ကျန်ရစ်နေသည့် တိုင်တွေကြားအပေါက်လိုက်ကြီးထဲမှ... လေအေးတွေက
အခန်းအတွင်းသို့ တဝေါဝေါ တိုက်ခတ်နေသည်။ကိုးကိုးသည် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ကာ လရောင်မရှိ မှောင်မည်းနေသည့် အခန်းထဲတွင် သီဟိုရ့်ကို လိုက်ရှာနေမိသည်။နဖူးပေါ်ရှိ နဖူးပတ်ဓါတ်မီးကလဲ အခုချိန်တွင် လူ၁ယောက်ကို ရှာဖွေလိုက်နိုင်အောင်အထိ မထွန်းလင်းနိုင်ပေ...။
" သီဟိုရ်...သီဟိုရ်..."
တကြော်ကြော်အော်ခေါ်နေသည့် ကိုးကိုးအသံတွေ တုန်ယင်လာရသည်။သီဟိုရ် ဘယ်ရောက်နေတာလဲ...။
အေစ့် နှင့် မှိုင်းတို့ကလဲ ပြင်းထန်သည့်လေကို
အံတုကာ အခန်းအတွင်းသို့ ဝင်လာခဲ့ကြသည်။
မှိုင်းလက်ထဲတွင် ကင်မရာလေးကိုတော့ အမိအရ ကိုင်ထားဆဲဖြစ်သည်။လေတိုက်ခတ်မှုက ပိုမှို ပြင်းထန်လာကာ...မှိုင်းလက်ထဲမှ ကင်မရာက တကျီကျီနှင့် မြည်လာခဲ့ပြီး တီခနဲ ပိတ်ကျသွားခဲ့သည်။နဖူးတွင်ပတ်ထားကြသည့် မှိုင်းနှင့် ကိုးကိုး
တို့ရဲ့ ဓါတ်မီးတွေက တဖြတ်ဖြတ် လင်းလိုက်မှိတ်လိုက်ဖြစ်လာကာ...နောက်ဆုံးတွင် ဖောင်းခနဲ
မြည်သံကြီးနှင့်အတူ ကွဲသွားခဲ့သည်။
YOU ARE READING
Horror & Lovers
HorrorA group of four boys in two episodes began a live search for ghosts. What kind of ghosts will the four of them encounter? What interesting things will they encounter? #Bl Horror #Own Story 30,August,2020 #Light(L)