💚❤️ Full House 🏠 Ep13

1.1K 114 8
                                    

Unicode 💚❤️💚❤️

ပေကျင်းကိုအပြန် လေယာဉ်ပေါ်တွင်တော့ တစ်ယောက်ပုခုံးပေါ် တစ်ယောက်မှီပြီး အိပ်ပျော်နေကြတဲ့ ကောင်လေးနှစ်ယောက်ရှိခဲ့လေသည်။

ပေကျင်းအိမ်ပြန်တော့ Yiboအရင်ဝင်သွားက ဧည့်ခန်းထဲကဆိုဖာပေါ် ပစ်လှဲလိုက်လေသည်။

XiaoZhanမှာတော့ နှစ်ယောက်စလုံးရဲ့အဝတ်အိတ်တွေကို အိမ်ထဲထိရောက်အောင် မနိုင်မနင်းပင်ပင်ပန်းပန်းနဲ့ သယ်လာရသည်။ဟိုအကောင်ပေါက်ကတော့ ကူညီရကောင်းမှန်းမသိ။

XiaoZhanအထုပ်တွေကို တမင်ပစ်ချလိုက်ပြီး Yiboအား

"အမောင် Wang Yiboတော်တော်မှ ပင်ပန်းပါရဲ့လား"

XiaoZhanရွဲ့ကာမေးလိုက်ခြင်းဖြစ်သော်လည်း Yiboပြန်ပြောလာသည့်စကားကြောင့်အမော‌စို့ကာ သေပင်သေသွားချင်မိသည်။

"ဟုတ်ပါ့ တော်တော်ကိုပင်ပန်းနေတာ အပေါ်တက်ပြီးနားချင်ပေမဲ့ ဘာမှမစားရသေးလို့ တစ်ခုခုပြင်ပေးပါဦးဗျာ"

"Wang Yibo မင်းလူရောလုပ်ရဲ့လားဟမ် "
{{နင်လူမှဟုတ်ရဲ့လား စာနာပြီးတွေးကြည့်ပါ ဒီကိုတစ်ချက်လေးငဲ့ကြည့်ပါ ငါမင်းကိုတစ်ခါတစ်လေတော့လည်းသတ်ပစ်လိုက်ချင်တယ် မင်းကို ××ဟိုမှာzhan geကသီချင်းတွေနဲ့ကိုပေါက်ကွဲနေပြီ‌ bo diရေ}}

Yiboပျင်းရိပျင်းတွဲသံနဲ့

"လူပါဗျာ လူစစ်စစ်ကြီး လုပ်ပါZhan geရယ် ကျွန်တော်ဗိုက်အရမ်းဆာနေလို့ပါ"

XiaoZhanဘာမှပြန်မပြောတော့ဘဲ မျက်စောင်းတစ်ချက်သာထိုးနိုင်တော့သည်။အဲ့ဒီကောင်လေး Zhan geလို့ခေါ်လိုက်တိုင်း XiaoZhanတစ်ယောက် အသိလွတ်သွားရသည်ပင်။

Yiboကတော့ဆိုဖာပေါ်မှာလှဲအိပ်နေရင်း ဖုန်းကြည့်နေလေသည်။ဖုန်းကြည့်နေရင်း ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ ShinYiဆီကပင်။Yiboမကိုင်ချင်တာနဲ့ ဖုန်းကိုဘေးခုံပေါ်တင်ပြီး ပြန်လှဲနေလိုက်သည်။

XiaoZhan ပြင်ပြီးတော့ မီးဖိုခန်းထဲကထွက်လာကာ

'Yibo ဖုန်းလာနေတာမလား မကိုင်ဘူးလား"

"အင်း အရေးမကြီးဘူး ထားလိုက်"

"ရပြီ လာစားလှည့်တော့"

Full houseWhere stories live. Discover now