" မှုံရွှေရည် .... ခိုင်မာလာ နှင်းဆီ ... ကြိုင်ကာသာသင်းကြည် .... မြိုင်ဟေမာတွင်း ထုံဝေစီ "
အောက်လင်းမီးရောင်အောက်တွင် ကြက်သွေးဖျော့ရောင် ဗလာထဘီကို ခြေဖျားလေး ခတ်ကာခတ်ကာ သီချင်းကလေးကို ဆိုရင်း ကနေသော မင်းသမီး။ ချွေးတို့စိုနေသော နဖူးလေးက အလင်းပြန်နေသော မီးရောင်အောက်တွင် အတော်လေးတော့ လှရက်နေပါ၏။
နှစ်ပါးသွားကဏ္ဍမစတင်မီတိုင်း မှုံရွှေရည်သီချင်းကို တောင်းတတ်၍ မင်းသမီးလေးခမျာ ရောက်လေရာအရပ်တိုင်း ဖျော်ဖြေရလေ့ရှိလေသည်။ ယခုလည်း ကိုယ်တိုင်သီဆိုကာ ကပြနေခဲ့ပြီ။ စူးရှအောင်မြင်သော အသံက အတော်လေး နားထောင်ကောင်းပေမဲ့ တစ်မျိုးတစ်ဖုံ ဆန်းကြယ်နေခဲ့သည်။
ပုဝါစလေးကို လက်ဖျားတွင်တင်ကာ ပုခုံးလေးကို လှုပ်ယမ်းရင်း ပြုံးစစမျက်နှာပေးနှင့် တစ်ချက်လောက်ကြည့်လိုက်ရင်ဖြင့် ကာလသားများပါမက ကာလသမီးများပါ ရင်သိမ့်တုန်ရသည်ဟု နာမည်ကြီးသော အငြိမ့်မင်းသမီးလေးသည် ဤနယ်တလွှားတွင်တော့ တစ်ယောက်သာရှိ၏။
နှောင်ရစ်ထွေး ဟူသော အမည်သည် လူလေးနှင့် အတော်ပင်လိုက်ဖက်လှသလို နောင်စစ်သွေးဟူသော ခေါင်းဆောင်မင်းသားနှင့် အမြွှာမောင်နှမတော်သေးသည် ဆို၏။
တစ်ရံရောအခါက ဇာတ်ဆရာကြီးတစ်ယောက်သည်ကား တစ်နယ်တစ်ကျေးသို့ အလည်အပတ် သွားစဥ်တုန်းက ဆယ်နှစ်အရွယ် ထိုကလေးနှစ်ယောက် ပါလာခြင်းဖြစ်၏။ ဇနီးမရှိ၊ သားသမီးမရှိသော ဇာတ်ဆရာကြီး ဦးကျောက်ချွန်းသည် ကလေးနှစ်ယောက်ကို မြေတောင်မြှောက်ပေးကာ ရွှေချွန်းဇာတ်သဘင်၏ ပင်တိုင် မင်းသားနှင့်မင်းသမီးဖြစ်လာသစေခဲ့ခြင်း။
ဇာတ်သဘင်တို့ကို အထင်မကြီးသောလူတစ်ချို့ကတော့ ရလိုရငြား ဇာတ်ဆရာကြီးထံ လာဘ်ငွေထိုးကာ မင်းသမီးနှင့်ရင်းနှီးလိုကြောင်း လာရောက်ကမ်းလှမ်းသူရှိသော်ငြား ဇာတ်ဆရာကြီး ဦးကျောက်ချွန်းကတော့ ရဲလက်အပ်လိုက်တာ များ၏။ နောက်တော့လည်း မင်းသမီးကို ရမလားဟု လက်တည့်စမ်းသူများလည်း အချုပ်ထဲ အိပ်ရပါများလာတော့ မလုပ်ရဲကြတော့ပေ။
YOU ARE READING
အိုဘယ့်မှုံရွှေရည်(Completed)
RomanceStart Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက သူေဋ္ဌးတစ်ယောက်ကို ရောင်းလိုက်ပြီး ထွက်ပြေးသွားပါလေရောပေါ့ကွယ်။ သူေ...