💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၉)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀""ဘာကွ...""
""ဝုန်း...ခလွမ်း..""
ဦးဓနမိုးတစ်ယောက် ဒေါသတကြီးနဲ့ ခုံပေါ်ကပစ္စည်းတွေကို အကုန်လုံး ကို တိုက်ချပစ်လိုက်၏။
""အသုံးကိုမကျဘူး...တစ်ယောက်မှကို သုံးစားလို့ကိုမရဘူး..ဘာဖြစ်လို့..နှစ်ယောက်စလုံးကို အဲ့နေရာမှာဘဲ..ဓားနဲ့မထိုးသတ်ခဲ့ရတာလဲကွ.""
""ဒါ..ဒါပေမယ့်.သူက.သူဌေးရဲ့မြေး..
လေ..""""တိတ်စမ်း..ငါဆီမှာ ထစ်ချုန်းမိုးဆိုတဲ့.. မြေးတစ်ယောက်ဘဲရှိတယ်...
အခုချက်ချင်း..လွန်းပုံရိပ်ဆိုတဲ့..ကောင်ကို..သေရွာကိုသွားပို့ချည်..""ဦးဓနမိုးတစ်ယောက် ဒေါသတကြီးနှင့်တစ်ချက်လွှတ်အမိန့်ပေးလိုက်လေသည်။
ထိုအချိန်...""ဝုန်း....""
ဆိုပြီး..အခန်းထဲသို့ ဝုန်းဒိုင်းကျဲပြီး ၀င်ရောက်သည့်သူက ခါးသက်မိုး..။""သူဌေး..ကျွန်..ကျွန်တော်တို့လဲ..တားပါသေးတယ်..ဒါပေမယ့် ဒီကောင်က အကုန်လုံးကို ထိုးကြိတ်ပြီး..၀င်လာတာ..""
ခါးသက်မိုးအနောက်ကနေ..အပြေးလိုက်တားနေသည့်သူက ကပျာကယာနှင့်ဆိုသည်။
""အဘိုး ..မတွေ့ရတာတောင်အရမ်းကြာနေပြီနော်..""
ခနဲ့တဲ့တဲ့ အပြုံးတစ်ပွင့် ကိုခြွေရင်းနှင့် ခါးသက်မိုး ပြောလိုက်လေသည်။
""အကုန်လုံး..အပြင်ကိုထွက်သွားကြစမ်း..""
ဦးဓနမိုး အမိန့်သံအဆုံး...အကုန်လုံး အခန်းထဲကနေ ထွက်သွားကြလေသည်။
ဦးဓနမိုးက ခါးသက်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး..""ကဲ..ပြောစမ်း..မင်းဘာလိုချင်လို့လဲ..""
""လိုချင်တာထက်..သတိလာပေးတာလို့ ပြောရင် ပိုမှန်လိမ့်မယ် အဘိုး..""
""အဟက်..မင်းက..သတိလာပေးတာဟုတ်လား..""
""ဟုတ်တယ်.အဘိုး.ကိုလွန်းပုံရိပ်ကိုနောက်တစ်ခါ..ထိဖို့ မကြိုးစားပါနဲ့..ဒီတစ်ခါ ကျွန်တော်ငြိမ်ခံနေမှာ မဟုတ်တော့ဘူးနော် အဘိုး..""
YOU ARE READING
ဝိုးတဝါးအိမ်မက်
Romance(ZG) (UNI) 🍀မင်းနဲ့ဆုံတွေ့ခဲ့ရတဲ့. .အချိန်တွေက. အိမ်မက်တစ်ခု..ဟုတ်လား.. အဲ့ဒါဆိုရင်လဲ.. ငါဘယ်တော့မှ. မနိုးထတော့ဘဲ..အိမ်မက်ထဲမှာ. မင်းနဲ့အတူနေချင်တယ်..။ 🍀လွန်းပုံရိပ်🍀 🍂ကိုလွန်းနဲ့.ကျွန်တော့်ကို .စောစောဆုံစည်းခွင့် မပေးခ...