Part~11

16K 1K 35
                                    

"ပိုင် မင်းကို နမ်းလို့ရမလား"

"မုဏ်းနော် ခဏခဏပဲ"

"မင်းက လှတော့ ခွင့်မပြုချင်ဘူးလား။ ငါက ညီလေးအရင်းတစ်ယောက်လို ချစ်တာကို"

ထိုသို့ပြောလိုက်တော့ ပိုင်က ဆံပင်ရှည်ကို သပ်ပြီး သူ့ကိုမျက်စောင်းထိုး၏။ ထိုအချိန်တုန်းက ဘေးနားတွင် ပွင့်ဖူးကြသည့် ပန်းများတောင် ပိုင်ကြောင့် လှပေနေကြသည်ဟု  ထင်ခဲ့မိ၏။

"မုဏ်း မင်းငါ့ကို ချစ်တာဟုတ်ရော ဟုတ်ရဲ့လား"

"ဒါပေါ့ ငါ့မှာ မင်းပဲရှိတာကို။ ပြီးတော့ မင်းကလှတယ်လေ။ ကြည့်ပါလား ပန်းတွေတောင် မင်းကြောင့် လှနေတာ"

"ပြောပြီ မုဏ်းကတော့ ပန်းကြောင့် ငါကလှနေတာပါ"

သူလုပ်ပေးထားသည့် ပန်းသရဖူတစ်ခုက ခေါင်းပေါ်၌ လှပသည့် အပြုံးပိုင်ရှင်အား ဦးညွှတ်နေသည့်အထိ သူ့အမြင်မှာ ပိုင်ဟာ အရမ်းလှနေခဲ့၏။ ဒီလိုအပြုံးများကို မျက်တောင်မခတ်ဘဲ ရှက်ရိပ်ပြေးနေသော မျက်နှာကို ငေးကြည့်ပြီး ဖျပ်ခနဲ နမ်းလိုက်သည့်အခါ...

"ဟာ...မုဏ်း မင်းကွာ"

"မဟုတ်ဘူး မင်းကြောင့် ပန်းတွေကလှနေတာပါ"

ထိုအချိန်တုန်းက လူတစ်ယောက်ကို ချစ်ဖို့ ငယ်သေးသော်လည်း မုဏ်းကိုချစ်ဖို့ သူ့အတွက် လုံလောက်ခဲ့၏။

"မုဏ်း မင်းကြီးလာရင် ဘယ်သူ့ကို လက်ထပ်ချင်လဲ"

ပိုင်က ရည်ရွယ်ချက်ရှိရှိမေးလိုက်တော့ မုဏ်းက ပြုံးပြီး...

"မင်းကို လက်ထပ်လို့မရဘူးလား"

မုဏ်းရဲ့ စကားတစ်ခွန်းကြောင့် မုဏ်းအပေါ် မျော်လင့်ချက်တွေ ထားခဲ့မိသည်ထင်။

"ငါတို့က ယောကျ်ားတွေလေ ချစ်လို့မရဘူးမလား။ ဘယ်လိုလက်ထပ်ကြမလဲ မုဏ်းရာ"

သူ့ဖက်က ငြင်းသော်လည်း မုဏ်းရဲ့သဘောထားကို ရင်ခုန်စွာ စမ်းသပ်မေးလိုက်သည်။သိပ်ကို ငယ်သေးသော်လည်း ထိုအချိန်ကတည်းက  မုဏ်းဆိုသည့် လူသားအတွက် သူ့အချစ်တွေ ထုတ်ပြဖို့ အသင့်ဖြစ်နေခဲ့၏။

အိမ်သူ သက်ထား[အိမ္သူသက္ထား ] {Complete}Where stories live. Discover now