2

20 2 0
                                    


ထူးမြတ်တစ်ယောက် တစ်ရိပ်ရိပ်ပြေးနေသော လမ်းဘေးသစ်ပင်များကို ငေးကာ တွေဝေနေမိသည် ။ တစ်ခုခုမှားနေတယ် လို့ စိတ်ထဲ ခံစားနေရသည် ။ မကြာခင်ရောက်လာတော့မယ့် စက်ရုံဝင်းဆိုတဲ့နေရာကို မရောက်ချင် ကားပေါ်ကနေသာ ပြေးဆင်းလိုက်ချင်တော့သည် ။
Bus ကားရဲ့ နောက်ဆုံးခုံမှာထိုင်နေပေမယ့် လမ်းပေါ်က ဖြတ်သန်းသွားလာခွင့်မပြု ဆိုတဲ့ ဆိုင်းပုတ်ကို လူတစ်ယောက် ဆင်းဖယ်နေတာ တွေ့လိုက်ရသည် ။ ကားမှာ ရပ်ထားရာမှ ပြန်အသက်ဝင်လာသည် ။ ကား​၏ အပြင်ဘက်မှာ မိုးစက်များမှာလည်း ဖြောင့်တန်းစွာကျနေရာမှာ တဖြည်းဖြည်းအနောက်ဘက်ကို တိမ်းစောင်းလာသလို ခံစားလိုက်ရသည် ။ ကျွန်တော်တို့ ထွက်ခွာလာသည်မှာ နာရီအနည်းငယ်ပင်ကြာခဲ့ပြီ...
မြို့ထဲက ဖြတ်လာပြီးကတည်းက အိမ်နဲ့တူတာဆိုလို့ အဆောက်အဦး တစ်ခုတစ်လေတောင် မမြင်ခဲ့ရပါ
ဖြတ်လာခဲ့သမျှ တောလမ်းသာဖြစ်သည် ။ လမ်းတစ်လျောက် ကတ္တရာခင်းထား၍ ဖြူးကာနေသော်လည်း လူက စိတ်ထဲ မသိုးမသန့်ခံစားနေရသည် ။ ဘေးတွင် ကျွန်တော့ ပခုံးကို မှီကာ အိပ်ပျော်နေသော ကောင်လေးမှာတော့ ထွက်လာကတည်းက အခုချိန်ထိ ခေါင်းပင် တစ်ချက်မှ ထောင်မလာခဲ့...
ကျောင်းတွင် စာတော်ပြီး ရုပ်ရည်ပါချောသောကြောင့် နာမည်ကြီးသည့် ထိုကောင်လေး​၏ မျက်တောင်စိတ်စိတ်များကိုသာ ငေးကြည့်နေမိတော့သည် ။ သူ့ကို ကြည့်နေရရင် ထူးမြတ်တစ်ယောက် အလိုလို စိတ်ချမ်းသာလာသည် ။ သက်ပြင်းရေးရေးလေးချကာ နေရဲဝင့်ရဲ့ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းပါးပါးလေးကို ကြည့်ကာ ပြုံးမိသည် ။
ဘေးဘီကို ပြန်ဝေ့ကြည့်လိုက်တော့ တံတားတစ်ခုကို ဖြတ်နေပုံရသည် ။ အတော်ရှည်တဲ့တံတားပင်ဖြစ်သည် ။ အချိန်အတော်ကြာသွားပြီးမှ ခြံတံခါးကဲ့သို့ အရာတစ်ခုကို တွေ့လိုက်ရသည် ။ ထိုအရှေ့တွင်လည်း ဖြတ်သန်းသွားလာခွင့်မပြုဆိုသော ဆိုင်းပုတ်တစ်ခု ထပ်တွေ့ရပြန်သည် ။ ကျွန်တော်တို့ လူတွေနဲ့ တော်တော်ဝေးဝေးကို ရောက်နေပြီဆိုတာ မပြောလည်း သိနိုင်နေပါပြီ...
ကားမှာ တစ်အိအိနှင့် ရပ်သွားပြန်သည် ။
ထိုလူကြီးမှာလည်း ဆိုင်ဘုတ်ကို ဆင်းဖယ်ပြန်သည် ။ ထို့နောက် ကားသည် တဖြည်းဖြည်းနဲ့ ဆက်လက်ထွက်ခွာလာပြန်သည် ။
ကားစီးရတာပင် အတော်လေးပင်ပန်းနေပါပြီ...
ရာသီဥတုမှာလည်း ဆိုးဝါးလာသည် ။
မြူတွေဆိုင်းနေသည်မှာ ရှေ့ကိုပင်မမြင်ရတော့...
ကားသမားလည်း ကားမီးကို ဖွင့်လိုက်သည် ။ ရှေ့ကို လေးပေလောက်သာ မြင်ရသော်လည်း ကားကတော့ အရှိန်လျော့မသွားပါ မူလနှုန်းအတိုင်းသာ ဆက်သွားနေသည် ။ ဖြတ်သွားဖြတ်လာလူမရှိဘူးဆိုတာ သေချာနေ၍ပင် ဖြစ်လိမ့်မည် ။

Silent Town (လက်တလောတွင် ရပ်နားထားသည်။) Where stories live. Discover now