Unicode ❤️❤️
"သေစမ်း! ခင်ဗျား ရူးနေတာလား! ဒဏ်ရါရနေတာကို ဘာလို့ မပြောတာလဲ!?"
ရွှီယမ်ယိက သူ့ ဂါဝန်အနားစအား ဆွဲဖြဲလိုက်ကာ ဟယ်ကျင်းရန်ရဲ့ လက်မောင်းအား သွေးတိတ်စေရန် စည်းနှောင်ပေးလိုက်သည်
ရွှီယမ်ယိ သူ့အပေါ် ဂရုစိုက်ပေးသည်ကို သတိထားမိတော့ ဟယ်ကျင်းရန် နှုတ်ခမ်းတို့ ကွေးညွတ်အောင် ပြုံးလိုက်ပြီး ရွှီယမ်ယိနားသို့ မျက်နှာစောင်းလိုက်ကာ စနောက်သလိုလိုဖြင့်
"အချစ်... ကိုယ်အရမ်းနာတာပဲ.. ကိုယ့်ရဲ့ နာကျင်မှုတွေပျောက်သွားအောင် အနမ်းလေးပေးပါလား"ထို့နောက် သူ့ရဲ့ ပါးလျသောနှုတ်ခမ်းတို့ဖြင့် ရွှီယမ်ယိအား နမ်းရန် ဉီးတည်လိုက်သည်။ သို့သော်လည်း သွက်လက်၍ ဆတ်ဆတ်ထိမခံတတ်သော ရွှီယမ်ယိကတော့ ရုတ်တရက် ဟယ်ကျင်းရန်ပါးအား ရိုက်လိုက်သည်။
"လာမစစမ်းနဲ့... F*ck off!!"ဟယ်ကျင်းရန် အနမ်းတော့မရလိုက်ပဲ ပါးရိုက်တာသာခံလိုက်ရသည်။ ကျယ်လောင်သွားသော အသံကို နားထောင်ကြည့်ရုံနဲ့တင် ဘယ်လောက်တောင် နာကျင်နိုင်ကြောင်းသိနိုင်သည်။ သူကိုယ်တိုင် ဖန်တီးမိတာကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ပေ။
ထူးဆန်းစွာ.. ဟယ်ကျင်းရန်က စိတ်မဆိုးတဲ့အပြင် အပြုံးကြီးဖြင့်ပြုံးကာ
"ရှက်နေတာမဟုတ်လား.. မင်းရဲ့ ဒေါသထွက်နေတဲ့ မျက်နှာသေးသေးလေးကိုကြည့်အုံး အရမ်းချစ်စရာကောင်းတာပဲ"
ထို့နောက် ဟယ်ကျင်းရန် ရွှီယမ်ယိရဲ့ ပါးအား ဖိညှစ်ကာ မကောင်းဆိုးဝါးအပြုံးဖြင့် ပြုံးနေသည်။မကြာခင်မှာတင် ဟယ်ကျင်းရန် နဖူးတည့်တည့်ကို ရွှီယမ်ယိ သေနတ်နဲ့ ချိန်လိုက်ကာ ကြောက်စရာကောင်းသော ကျည့်ဖြည့်သံအား ကြားလိုက်ရသည်။
"ခင်ဗျားရဲ့ နောက်လက်မောင်းတစ်ဖက်ကို ဒဏ်ရါရစေချင်လား??"
ဟယ်ကျင်းရန် လက်တို့ကို ရုတ်လိုက်ပြီးနောက် ရွှီယမ်ယိက သူ့ ခေါင်းအား အားဖြင့် ဖိချိန်ထားလျက် သတိပေးလိုက်သည်
အမှန်တကယ်တမ်းတော့ ရွှီယမ်ယိ ဒေါသမထွက်ပေ။ ဟယ်ကျင်းရန်ကို သူ့ကိုယ်သူ ကောင်းကောင်းနေစေချင်ရုံပင်။
သို့သော်လည်း ဟယ်ကျင်းရန်ကတော့ ရွှီယမ်ယိရဲ့ ရုတ်တရက် ရန်လိုတတ်တဲ့ပုံစံကိုကြည့်ပြီး
သူ့ခေါင်းအားချိန်ထားသောသေနတ်အားလျစ်လျူရှုကာ နှစ်ခြိုက်စွာပြုံးလိုက်သည်။ရုတ်တရက် နောက်ပြောင်ခြင်းတို့အား ရပ်တန့်လိုက်ကာ သူ့လက်တို့အား လေထဲတွင် မြှောက်လျက်
"ကိုယ်အရှုံးပေးပါတယ် အချစ်.. သေနတ်ကို အောက်ချလိုက်ပါ.. ကိုယ့်ယောက်ျားရဲ့ခေါင်းကို သေနတ်နဲ့မချိန်ရဘူးလေ... ချိန်ချင်ရင် လုံရှန်ရဲ့ ခေါင်းကိုပဲ ချိန်လို့ရတယ်"
သနားစရာကောင်းသော လုံရှန်ကတော့ ဘာမှမလုပ်ပဲ.. အရှေ့ခန်းတွင်သာ ထိုင်၍ ကားဆက်မောင်းနေသည်။ဟယ်ကျင်းရန်ရဲ့ စကားကြားတော့ လုံရှန ချက်ချင်းပင် သူ့အား မျက်စောင်းထိုးကာ
"ဗိုလ်မှူး... တစ်နေ့နေ့များ အရက်သောက်ရင်း အမြည်းလိုနေခဲ့ရင် ငါ့ဘက်က သဘောထားကြီးစွာနဲ့ ဗိုလ်မှူးရဲ့ အကောင်ပေါက်ကို ဖြတ်ပေးပါ့မယ်... ဒါမှ ကောင်းကောင်းသောက်လို့ရမှာ"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုမျိုးလဲ!? အမှန်တရားဆိုပေမဲ့လည်း လုံရှန်အတွက်ကတော့ မဖြစ်စလောက်သာဖြစ်သည်။ အမြဲလိုလို သူက အကြောင်းအရာဆက်စပ်မှုမရိှပဲ ခန္ဓာကိုယ်တွင်း အင်္ဂါဖြင့်သာ ခြိမ်းခြောက်တတ်သည်
ရွှီယမ်ယိကတော့ သူ့နှုတ်ခမ်းသူ တင်းတင်းစေ့ကာ
'ဒီလူက တကယ်အန္တရယ်များတဲ့သူပဲ... သူ့ရဲ့ ဗိုလ်မှူးကိုပါ ဒီလိုမျိုးပြောရဲတယ်ဆို ငါဆိုရင်တော့....အကယ်၍ ငါသာ သူ့ကို ဒေါသထွက်အောင်လုပ်မိရင် သူဘယ်လို လုပ်မလဲမသိဘူး'ထိုအချိန်မှာတင် ရွှီယမ်ယိက သူ့ကိုယ်သူ သတိပေးထားတတ်သော အန္တရာယ်များသည့် လူများစာရင်းတွင် လုံရှန်ကို ထည့်သွင်းလိုက်တော့သည်။
ရွှီယမ်ယိနဲ့ မတူစွာ ဟယ်ကျင်းရန်ကတော့ လုံရှန်ရံ ခြိမ်းခြောက်မှုတွေကို အသားကျနေတာကြောင့် အေးဆေးငြိမ်သက်စွာသာနေနေသည် ။
"သေနတ်ကိုချလိုက်..မဟုတ်ရင် ကိုယ်အပြစ်ပေးရလိမ့်မယ် အချစ်"
လေးနက်ပြီး မတူညီတော့သော အကြည့်ကြောင့် ရွှီယမ်ယိထိတ်လန့်သွားပေမဲ့လည်း ဟယ်ကျင်းရန်ရဲ့စကားကို နားမထောင်ပေ။