Uincode
မိဖုရားရဲ့စကားတွေကြောင့်တွေဝေခြင်းများစွာနဲ့အဆောင်တော်ကိုပြန်လာခဲ့သည်။ အထဲကိုရောက်တော့ကြမ်းပြင်တွင်ကျနေတဲ့အဝါရောင်စာလွှာလေး ဟုတ်သားပဲဒီစာလိပ်ကမိဖုရားလက်ထဲမှာပါလာခဲ့တာပဲ ။ သိခြင်စိတ်ပြင်းပြစွာဖြင့်ဖွင့်ဖက်လိုက်တော့အထဲကအကြောင်းရာတွေက
ဂျန်ဆူဝမ်ကိုမနက်ဖြန်ဘင်အဆင့်ထိတိုးပေးရန်အတွက်တံဆိပ်တုံးနှိပ်ခက်ရန်သာကျန်တော့တဲ့ စာလွှာ နောက်တစ်ခုအထဲကအဖြူရောင်စာလွှာတစ်ခုထဲထားသေးသည်။ အဒီထဲကစာလွာကတော့ ဘာစာမှမပါပဲ နွန်းဆိုးဟွာပန်းပုံကိုသေချာလေးဆွဲထားသည်။ အများသောအားဖြင့်နွန်းဆိုးဟွာကလိမ္မော်ရောင်အဆင်းရှိပင်မဲ့ဒီပန်းပုံမှာတော့ ရဲတောက်နေတဲ့အနီရောင်ကိုသုံးထားသည်။ ဒီပုံကဘာကိုပြောပြချင်နေတာလဲ အောက်အစပ်နားမှာရေးထားတာက ကာကွယ်ပေးပါတဲ့ ။
" ဆိုးဟွာမင်းကိုယ်တော်ကိုရူးအောင်လုပ်နေတာလားကွာ "
ဒီညကတော့ဘဝတစ်ခုလုံးတွင်အချိန်အားဖြင့်အရှည်ကြာဆုံးသောညတစ်ညဖြစ်နေသည်။ စိတ်ထဲမှာလဲဘာကိုစိတ်ပူရမှန်းမသိအောင်ပူလောင်နေသည်။ အရှေ့စားပွဲပေါ်ကသေရည်အိုး၉အိုးလောက်ကလည်းမူးအောင်မစွမ်းဆောင်နိုင်စွာပင်။
" တော်! ဘာကြောင့်လဲ ဘာကြောင့်များလဲကွာ "
ခွမ်းးး းး းးးး
" မင်းကြီးအဆင်ပြေပါရဲ့လား "
အရှေ့ကသေရည်အိုးတွေကိုပေါက်ကွဲပစ်လိုက်တာမို့အထိန်းတော်နမ်ကအပြေးလေးဝင်လာကာမေးသည်။ ထူးဆန်းတယ်ကိုယ်တော်ရင်ထဲမှာတစ်ခုခုကြီးခံစားနေရတယ် အရမ်းတန်ဖိုးထားတဲ့အရာတစ်ခုကိုစွန့်လွတ်ပေးလိုက်ရသလိုမျိုးခံစားချက်ကြီး။
" အထိန်းတော်နမ် ကိုယ်တော်ဘယ်လိုလုပ်ရပါမလဲ"
" မင်းကြီးဘာကိုဆိုလိုခြင်တာပါလဲ "
" သူကိုချစ်လွန်းလို့ရူးရတော့မယ် သူနဲ့ပတ်သက်တာတွေအားလုံးသိပြီးလို့ထင်နေပင်မဲ့ တကယ်တမ်းတော့ကိုယ်တော်ဘာမှမသိခဲ့ဘူး သူကိုနားလည်ပြီးထင်ပင်မဲ့တကယ်တမ်းတော့ကိုယ်တော်ဘာမှနားမလည်ခဲ့ဘူးပဲ"
YOU ARE READING
အရှင့်ရဲ့နွန်းဆိုးဟွာ(completed)
Short StoryBl fiction own creation Author by Yawnathan start date ( 27. jul. 20) ယောကျာ်းလေးတစ်ရောက်ဖြစ်ပင်မဲ့သေသွားတဲ့အမနေရာမှာအစားထိုကာ တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးနဲ့လက်ထပ်လိုက်ရတဲ့ နွန်းဆိုဟွာဆိုတဲ့ကောင်လေးတစ်ရောက်အကြောင်း........... သူလက်ထပ်ပြီး...