(Unicode)
"မင်းကိုကားတင်ပြေးလာတာ"
"ဘာ!!မင်းရူးနေလား ဂျွန်ဂျောင်ကု ကားကိုအခုချက်ချင်းရပ်!!!"
"မရပ်ပေးနိုင်ဘူး ပါးစပ်ပိတ်ပြီးလိုက်ခဲ့"
ပုံမှန် ထက်အရှိန်ပိုမြင့်ကာ မောင်းနေသော သူ့ကြောင့် ထယ်ယောင်း လက်ကိုင်တန်းတွေကိုမြဲမြဲကိုင်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ။
"ဂျောင်ကု ဒါ ပြန်ပေးမှုနော် ငါမင်းကို အမှုမဖွင့်ချင်ဘူး"
"ဟက် မနက်ဖန်တောင် တရားရုံးရောက်ပါ့မလား"
"ဂျွန်ဂျောင်ကု ကားရပ်လိုက်စမ်း!!!"
စိတ်ရူးပေါက်နေသော ဂျောင်ကုက
ပို၍ ပင် အရှိန်ပိုတင်လိုက်တာကြောင့် ထယ်ယောင်း ယောင်နနဖြင့် မှန်ပြတင်းပေါက်နားကပ်မိသွားသည်။အကြံတစ်ခုခေါင်းထဲဝင်လာတာကြောင့် မှန်ပြတင်းပေါက်ဖွင့်ကာ ခေါင်းထွက်လိုက်ရင်း
"ဂျွန်ဂျောင်ကု!!ငါ ခုန်ဆင်းမှာနော် ကလေးတွေ ဘာတွေလဲ မသိဘူး!!!"
"ထယ်ယောင်း ပြန်ဝင်စမ်း!!"
"မင်းမရပ်ပေးရင် ခုန်ဆင်းမှာ ကလေးပျက်ကျလဲ ဂရုမစိုက်ဘူး!!"
အရှိန်ကြောင့် ကြမ်းကြမ်းတိုက်ခိုက်နေသော လေအေးစိမ့်တွေက သူမျက်နှာကို တွေးဝှေ့နေပေမဲ့လည်း ဂရုမစိုက်နိုင်..။ခါးတစ်ဝက်လောက် ပိုထွက်လိုက်တော့ ဒေါသသံအပြည့်နဲသူ..။
"ကင်မ်ထယ်ယောင်း!!!"
"သုံး အထိရေမယ်"
"တစ်"
ထပ်ပြီးတော့ပင်အရှိန်ပိုတင်လိုက်တာကြောင့် သူ့စိတ်ထဲ တကယ်ခုန်ချရမိတော့မလားဟုတောင် ကြောက်ရွံ့စိတ်က ဝင်လာသည်။
"နှစ်!!!!"
မရပ်ပေးသေး ဆက်မောင်းနေသော သူ..။မျက်လုံးမှိတ်ကာပင်
"သုံး!!!!"
ကျွီခနဲ ရပ်သွားသောကားရယ် မတိုးတော့သော လေကြမ်းရယ် အရှေ့ကိုရောက်သွားသော ခန္ဓာကိုယ်ရယ်ကြောင့် သူကားရပ်လိုက်မှန်းသိလိုက်သည်။