If I was You
Chapter-4
.
.
.
.
"Ai ဂျပု"ကားကိုလမ်းဘေးသို့အမြန်ချရပ်ကာ လဲကျနေတဲ့ အဆိုးလေးကို အမြဲပြေးထူရတော့တယ်
"ဟေး ထနိုင်လား"
"ဒီလောက်ခြေခေါက်ပြီးကျသွားတာတောင်
ထနိုင်မလားဗျ "
ဒီလူကြီးကဆရာဝန်လုပ်ပြီးကန်းနေတာလားပဲ
ထနိုင်လားတဲ့။အမလေးဘုရားသခင်ရေ
ကျွန်တော့်အဖြစ်ကို မိုးပေါ်ကနေကုန်းကြည့်ပါအုံး"မသိဘူးလေကွာ မင်းကလဲ"
"ခင်ဗျား ဆရာဝန်ဖြစ်ပြီးတော့ ဒါတောင်မသိဘူး
လား"ခြေထောက်ထိထားလို့ပေါ့ဗျာ မဟုတ်လို့ကတော့
ဖိနပ်ချွတ်ပြီး အဲ့လူမျက်နှာကိုငါးချက်လောက်
ဆင့်ရိုက်လိုက်မယ်"ဒါနဲ့မင်းကငါနဲ့စကားနိုင်လုမှာလား
ငါထူပေးနေတာကိုထမှာလား""ထူထူ မြန်မြန်ထူ"
ကပ်ကပ်လန်အောင်ပြန်အော်တုတ်နေတဲ့
ဒီအဆိုးလေးကို စိတ်ရှိလက်ရှိသာဆိုရင်
လမ်းထိပ်ကနေ သူ့အိမ်အထိရောက်အောင်သာ
ကန်ပစ်လိုက်ချင်တယ်
OffလဲGunကိုထူပေးလိုက်ပြီး"မင်း လမ်းလျှောက်ပြန်နိုင်ရဲ့လား"
ဘာလဲဘာလဲ ဒီလူကြီးမျက်နှာထားက သူပဲငါ့ကို
ကားနဲ့ပွတ်သေး လိုက်မပို့ပေးနိုင်ဘူးဆိုတဲ့
သဘောလား"ဒီမှာ ခင်ဗျားကားကိုရှောင်လို့ကျွန်တော်ဒီလို
အဆစ်ခေါက်သွားတာလေ အဲ့ဒါကိုခင်ဗျားကြီးက တာဝန်ယူစိတ်မရှိတဲ့အပြင် လမ်းလျှောက်
ပြန်နိုင်ရဲ့လားတဲ့ အမလေး အမလေး အဖေကယ်ပါ အမေကယ်ပါ ဘယ်လိုလူစိတ်မရှိတဲ့
သူလဲ ဒီမှာအခုကျွန်တော်ရပ်ကွက်ထဲကလူတွေ
ကြားအောင်အော်လိုက်ရင် ကောင်လေးကဆရာဝန်ဖြစ်ပြီး စာနာစိတ်မရှိလိုက်တာတွေ
ဖြစ်ကုန်မှာနော်""ဟေးဟေး ဘာကိုအော်မှာလဲ မင်းကိုကြည့်
မရရင်သာနေမယ် ဒီလိုတော့မယုတ်မာဘူးကွ
လာကားပေါ်တက် "အမလေး ပြောသွားတဲ့မျက်နှာထားကိုက
"ဟေ့လူကြီး ဒီမှာလူကလမ်းပါလျှောက်မရပါဘူး
ဆို တွဲတောင်မခေါ်သွားဘူး"