Let's Catch The Ghost(34)👻👻
ခွန်းလေးအမေနဲ့ဖုန်းပြောပီးသော် ညဏလဲကန်တင်းကိုထွက်လာသည်။ ခွန်းလေးက သူ့ဘာသာလာမယ် လာမကြိုနဲ့လို့ပြောထားသဖြင့် သွားမကြိုဖြစ်တော့။
ကန်တင်းမှာ ညဏတယောက်ထဲမုန့်စားနေလေသည်။ ကျန်တာတွေကကျောင်းမရောက်သေးပေ။ သူမုန့်စားနေစဉ် ဖုန်းဝင်လာသဖြင့် ကြည့်လိုက်သော် ဆက်သူက မန္တလေးက သူ့လေးလေးဖြစ်သည်။
စိုင်းညဏ - ဟဲလို လေးလေး
"အေး သားရေ လေးလေးအခု ရန်ကုန်ရောက်နေတယ် "
စိုင်းညဏ - ဟာ ဟုတ်လား ဘယ်နားမှာတုန်း ကျွန်တော်လာခဲ့မယ်
"ကားဂိတ်မှာကွ အခုဘဲရောက်တာ ငါ့ကိုလာခေါ်ပါဉီးကွာ"
စိုင်းညဏ - ဟုတ်ကဲ့ လေးလေး ကျွန်တော် အခုဘဲလာပီ
ညဏ ဖုန်းပြောပီးသည်နှင့် ပိုက်ဆံကိုစားပွဲပေါ်တွင် တင်ထားပီး ကားဂိတ်သို့ထွက်လာလိုက်သည်။ ဒီနေ့ ကျောင်းမလာဖြစ်တော့ဘူး ဟုလဲ Gp chartထဲစာပို့ထားလိုက်သည်။
**********************************************
ဝေယံ ကျောင်းသွားဖို့ပြင်ဆင်နေစဉ် ဖုန်းမှ ကတောင်ဟုအသံကြားသဖြင့်ဖွင့်ကြည့်လိုက်သော် Gp chartထဲသို့ညဏ က ဒီနေ့အတန်းမတက်ဖြစ်ကြောင်းစာပို့်ထားခြင်းဖြစ်သည်။
ဝေယံမိုး - သေစမ်း အင်တာနက်ပိတ်ဖို့မှမေ့ရတယ်လို့
ထို့နောက် အင်တာနက်ပိတ်ပီး ဖုန်းကိုလဲစားပွဲပေါ်တင်ကာ လွယ်အိတ်ထဲသို့စာအုပ်တွေထည့်နေလေသည်။ ထိုစဉ်သူ့ဖုန်းမှအသံထမြည်လာသည်။ ဖုန်းကိုယူကာ ဖုန်းဆက်သူကိုကြည့်လိုက်သော် ကောင်းထက်ဆီမြှဖစ်သည်။ ဖုန်းခေါ်သူကြောင့် ဝေယံခဏပြုံးမိသွားလေသည်။
ဝေယံမိုး - ဟဲလို
ကောင်းထက် - ဝေယံ ကိုယ်ပါ ကျောင်းမသွားသေးဘုးမှတ်လား
ဝေယံမိုး - အင်း ဟုတ်တယ်
ကောင်းထက် - ကိုယ် အခု ဝေယံ့အိမ်ရှေ့မှာ ဝေယံ့ကိုလာကြိုတာ
ဝေယံမိုး - ဟင်
ဝေယံ ဝရံတာကနေထွက်ကြည့်လိုက်သော် အဟုတ်ကိုပင် သူ့ခြံရှေ့မှာကားရပ်ကာ သူ့ကိုစောင့်နေသော ကိုကောင်းထက်။ သူ့ကိုမြင်တော့ ခုန်ပီးတော့တောင်လက်လှမ်းပြလိုက်သေး။ မသိရင် ၁၀နစ်လောက်ကွဲကွာနေတဲ့သူတြွေပန်တွေ့တာကျလို့။
YOU ARE READING
Let's Catch The Ghost 👻👻
RomanceBoy × Boy (Own Creation) ဇာတ်လမ်းပါအကြောင်းအရာများသည်စိတ်ကူးယဥ်ထားသောအရာများသာဖြစ်သည်။