Part - 15

2.1K 238 66
                                    

For Zawgyi;

Jungkook's side~~

"...အကို...Kookieကို...ချစ်..ချစ်တယ်"

ကျွန်တော့်မျက်လုံးတွေ ပြူးသထက် ပြူးသွားခဲ့သည်။

မျက်လုံးဖောင်းဖောင်းလေးများကို
အတင်းမှိတ်ကာ ပြောနေတဲ့ အကိုက
ရှဉ့်ပေါက်လေး တကောင်လို...

..အကိုက ကျွန်တော့်ကို ချစ်တယ်တဲ့...?

ကျွန်တော် နားကြားများမှားလိုက်မိလေသလား...?

..အကိုက Kim Taehyungကိုပဲ
ချစ်တယ်လို့ ထင်ခဲ့မိတာ...

ဟား...နောက်ဆုံးတော့ အကို့ကို
ကျွန်တော်ပိုင်ဆိုင်ရပြီပေါ့..!

***

"..အကို တကယ်ပြောတာလား ဟင်
နောက်နေတာတော့ ..မဟုတ်ပါဘူးနော်"

"ငါက ဒီလိုကိစ္စကို နောက်မလား Kookieစုတ်ရဲ့
တော်ပြီ ဟွန့်"

နှုတ်ခမ်းထူထူလေးများကို စူထားပုံလေးက
ချစ်စရာကောင်းလှသည်။

ကျွန်တော် မထိန်းနိုင်ပဲ အကို့မျက်နှာသေးသေးလေးကို
ဆွဲယူကာ ထို နှုတ်ခမ်းလေးများနဲ့
ကျွန်တော့်နှုတ်ခမ်းများကို ထိကပ်မိသည်။

ချိုတယ်....သိပ်ချိုတယ်...

ခဏအကြာ အကို့ဘက်မှ
အနမ်းများတန့်ပြန်လာတာကြောင့်..

ပတ်ဝန်းကျင်ဆိုတာကိုလဲ သတိမပြုနိုင်တော့...

အဆက်မပြတ်နမ်းနေမိသည်။

ဒီနှုတ်ခမ်းလေးတွေပေါ်က Kim Taehyungရဲ့
အငွေ့အသက်တွေကို ဖယ်ပစ်ချင်တာမို့....

"ခွပ်!!!"

ကျွန်တော်မျက်နှာပေါ်ကျရောက်လာသော
လက်သီးတစုံ...

Reaction{Completed}Where stories live. Discover now