Episode-16

9.9K 749 12
                                    

Zawgyi Version

ပြတင်းပေါက်မှဝင်လာသောနေရောင်ခြည်‌ကြောင့်
ဂျောင်ကုပိတ်ထားသောမျက်လုံးများကိုဖွင့်လိုက်မိသည်။

မျက်လုံးဖွင့်ဖွင့်ချင်း စိတ်ချမ်းသာစွာမြင်လိုက်ရသည်က
ကိုယ့်ရင်ခွင်ထဲအသက်ရှူမှန်မှန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်နေပါသော ထယ့်ရဲ့ မျက်နှာလေး....

လည်ပင်းနဲ့ ညှပ်ရိုးအနီးတစ်ဝိုက်မှာရှိသော အနီရင့်ရောင်
အမှတ်အသားတို့က ထယ်ယောင်းက ကိုယ်တစ်ယောက်
တည်းရဲ့ အပိုင်ဆိုတာ ညွှန်ပြနေသယောင်...။

ထယ်နဲ့အတူနေတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့်
ကြည်နူးမှုလေးတွေကတော့ ဒီတစ်ကြိမ်က ပထမဆုံး။
အရင်တစ်ခါက ဒေါသတွေ အတ္တတွေနဲ့ ဖုံးလွှမ်းခဲ့သည်ကို။

ရင်ခွင်ထဲကအကောင်ပေါက်လေးရဲ့ မျက်နှာကိုတစိမ့်စိမ့်
ကြည့်ရှုရင်း မနက်ခင်းစည်းစိမ်ကို ဂျောင်ကုအပြည့်အဝ
ခံစားနေမိသည်။
ကြည့်နေရုံအဆင့်နဲ့ မရောင့်ရဲနိုင်တော့ အဆင့်တက်၍
နဖူးလေးဆီအနမ်းပို့မိလေသည်။
ထို့နောက် မှဲ့နက်လေးရှိနေပါသော နှာခေါင်းလုံး
လုံးလေးဆီ အနမ်းတစ်ချက်၊
ညကကိုယ်စိတ်မထိန်းနိုင်ဘဲ အနမ်းကြမ်းမိခဲ့ခြင်းကြောင့်
ပေါက်သွားသောနှုတ်ခမ်းလေးပေါ်သို့ အနမ်းတစ်ချက်၊
မတင်းတိမ်နိုင်စွာသာ အနမ်းတွေပေးနေမိသည်။

ကိုယ်ပေးတဲ့အနမ်းတွေကြောင့် ဒီကောင်လေးနိုးသွားပြီထင်....
မျက်နှာကိုရှုံ့ မဲ့ကာ မျက်လုံးတွေကိုပွတ်သပ်ရင်း တအင်း
အင်းတအဲအဲဖြင့် နိုးလာပေသည်။

"ကိုကိုရာ.....ဘာလို့လိုက်နမ်းနေတာလဲ...အိပ်နေတာကို...!"

မကျေနပ်သံလေးနဲ့ ဆူထော်ထော်ပြောလာပါသော ထယ့်
စကားသံသည် ကိုယ့်နားထဲတွင်တော့ သာယာ
ငြိမ့်ညောင်းသော မနက်ခင်းတေးသွားလေးသဖွယ်။

"ကဲထပါတော့ကွာ.....၁၀နာရီပဲထိုးနေပြီ၊ နောက်ကျနေပြီ
လေ...."

"ဟွန့်...အိပ်ရာထနောက်ကျအောင် သူပဲလုပ်ပြီးတော့!"

"ဘာလဲ? ထယ်ကမကျေနပ်လို့လား? ဒါဆို နောက်နေ့
မနက်လည်းအိပ်ရာထနောက်ကျအောင်လုပ်လိုက်ရမလား?"

If You Can See (Completed)Where stories live. Discover now