Zawgyi
မင်ရွှယ်အခန်းထဲပြန်ရောက်လာတော့ ဝမ်ဟောင်ရှင်းကသူ့ကုတင်ပေါ်မှာထိုင်ကာ သူ့ကိုစောင့်နေသည်ကိုမြင်လိုက်၏။သူဝင်လာတာမြင်တော့ ဝမ်ဟောင်ရှင်းကထလာကာ သူ့အနားကိုကပ်လာပြီးစိတ်ပူနေသောမျက်နှာဖြင့်..စိုးရိမ်တကြီးမေးလာသည်။
"ကိုကို..ဖေဖေဘာပြောလဲ!ကိုကို့ကိုဆူနေတာမလား။ကျစ်!ဒါကိုကို့ကိုအမှားမဟုတ်တာ ကျွန်တော်အဖေ့ကိုသွားပြောမယ်!"
ထိုသို့ပြောလျက် ထွက်သွားဖို့လုပ်နေတဲ့ဝမ်ဟောင်ရှင်းကို မင်ရွှယ်လက်ကနေဆွဲကာတားလိုက်တယ်။"မသွားနဲ့!အဖေ ကိုကို့ကိုဘာမှမဆူပါဘူး။ဒီတိုင်းဆုံးမအောဝါဒပဲပေးတာပါ"
မင်ရွှယ်ထိုသို့ပြောလိုက်တော့ ဝမ်ဟောင်ရှင်းကသူ့ကိုမယုံသင်္ကာနဲ့ကြည့်လာသေးတယ်။သူလဲ 'တကယ်'ပါဆိုပြီးခေါင်းထပ်ငြိမ့်ပြလိုက်မှ နည်းနည်းမယုံချင်ယုံချင်နဲ့သက်ပြင်းချပြီး ကုတင်ပေါ်မှာပြန်ထိုင်နေလေတယ်။မင်ရွှယ်လဲ ဝမ်ဟောင်ရှင်းဘေးမှာထိုင်လိုက်တယ်။နှစ်ဉီးသားကြားတိတ်ဆိတ်မှုကခဏတာကြီးစိုးသွားပြီးနောက် မင်ရွှယ်ကဝမ်ဟောင်ရှင်းကိုမကြည့်ပဲ အပေါ်မျက်နှာကြပ်ကိုကြည့်ကာ..တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်။
"ဟောင်ရှင်း..မင်းမှာရည်မှန်းချက်ရှိလား?"သူမေးလိုက်တော့ ဝမ်ဟောင်ရှင်းကသူ့ကိုလှည့်ကြည့်ကာ အားပါပါနဲ့ပြန်ဖြေလာတယ်။
"အင်း!!ကိုကို့ကိုကာကွယ်ပေးဖို့ဆိုတာ ကျွန်တော်ရည်မှန်းချက်လေ!!""..."
'ဟုတ်ပြီ မင်းကမနိုင်တော့ဘူး'"ကိုကိုပြောတာအဲ့လိုရည်မှန်းချက်မဟုတ်ဘူးလေ။ဟောင်ရှင်းကြီးလာရင်ဘာဖြစ်ချင်လဲ..ဥပမာ-ဆရာဝန်ကြီးလား၊ရဲသားကြီးလား၊ကြေးစား..အဟမ်း လေယာဉ်မှူးလား အဲ့ဒါမျိုးပေါ့"
[Hostအခုလေးတင် ကြေးစားလူသတ်သမားလို့ထွက်တော့မလို့မလား]
'အင်း..နဲနဲပဲလိုတော့တယ်'
"..."
ဝမ်ဟောင်ရှင်းက မင်ရွှယ်စကားကြောင့် စဉ်းစားသွားတယ်။ကျောင်းကဆရာမလဲ ကိုကို့လိုပဲမေးဖူးတယ်။ကြီးလာရင်ဘာဖြစ်ချင်လဲတဲ့။အဲ့တုန်းကလဲ ကိုကို့ကိုကာကွယ်ပေးချင်တယ်လို့ပဲပြောခဲ့ပေမဲ့ ကိုကိုကပါမေးနေတော့ သူပြန်တွေးရသည်။သူ့မှာဘာရည်မှန်းချက်ရှိလို့လဲပေါ့။
YOU ARE READING
System Ah Li
RomanceZawgyi Li Rong တစ်ယောက် သူ့မွေးစားအဖေဟာလုပ်ကြံခံရပြီး သူလဲ လူသတ်တရားခံလို့စွပ်စွဲခံနေရသည်။ထို့အပြင် သူ့ရဲ့ချစ်လှစွာသောညီကလဲ ထိုကိစ္စတွင်ပါဝင်ပတ်သတ်နေတာကတစ်ကြောင်း သူနောက်လိုက်နေတဲ့ လူများကြောင့် ထွက်ပြေးရင်း ကားတိုက်ကာ system တစ်ခုထဲရောက်ပြီး တာဝန်ပေ...