34

1.5K 195 9
                                    

(Unicode)

"ရိပေါ်..."
"ဘာလဲ.."
"ဒီပိတ်ရက်ကျရင် Joseph က သူ့အိမ်မှာ party ရှိတယ်တဲ့.. ငါသွားမလို့.. နင်လိုက်ဦးမလား..."
"တော်ပါပြီ..."
"လိုက်ခဲ့တာမဟုတ်ဘူး နင်ကလဲ... ပိတ်ရက်လေးမှာ ပျော်ပျော်နေရမဲ့ဟာ.."
"ကောမွေးနေ့ရှိလို့... မလိုက်တော့ဘူး..."
"ဟယ်... ငါလဲလိုက်မယ်..."
"ငါတို့ကဘယ်သွားမှာမလို့ နင်ကလိုက်မှာလဲ..."
"အဟီး မသိဘူးလေ.. ဘာပဲဖြစ်ဖြစ် ငါလဲ ငါ့ idol လေးမွေးနေ့ကို အတူတူ celebrate ချင်တာပေါ့..."
"မခေါ်ဘူး နင်ကနားညီးတယ်.."
"ဝမ်ရိပေါ်.."
"ဘာလဲ.."
"နင်ကလဲဟာ.. ငါလိုက်ချင်လို့ပါ.."
"ဖေးဖေး နင် ကောကိုကြိုက်နေတာလား..."
"ဟယ် မဟုတ်ကဟုတ်က..."
"မသိဘူးလေ.. အတင်းလိုက်မယ်လုပ်နေလို့.."
"မခေါ်ချင်လဲနေတော့.. party ပဲသွားတော့မယ်.."
"အရက်သမား နင်တအားတွေသောက်မနေနဲ့ဦးနော်... ပြောတော့ အဖြူတွေနဲ့မပေါင်းချင်ဘူးဆိုပြီး သွားလိုက်ရတဲ့ party... အချို့ကောင်တွေကလွယ်တာမဟုတ်ဘူး.."
"အေးပါ..."

ချေမိုးတဲ့ ရိပေါ်နဲ့ ဒီလိုအခြေအနေရဖို့ Sophie က တော်တော်သည်းခံပြီးပေါင်းခဲ့ရပါတယ်... တစ်လလောက်နေတော့မှ ရိပေါ်က တရင်းတနှီးစပြောလာတာ... 'ဖေးဖေး' ဆိုတဲ့ အိမ်နာမည်ကိုတောင် မနဲပြောင်းခေါ်ခိုင်းရတာ...

ပုံစံကအပိုးမကျိုးပေမဲ့ စိတ်ထားလေးကကောင်းတာကြောင့်လဲ Sophie က ရိပေါ်ကို တစ်ကယ်ကိုခင်တယ်...
ရိပေါ်က သူတို့နဲ့သာအပိုးမကျိုးတာ သူ့အကို ရှောင်းကျန့်ကောနဲ့ဆိုရင်တော့ မျက်နှာကျောက ပျော့ပျောင်းဖော့ဖယောင်းကိုဖြစ်လို့...
ရှောင်းကျန့်ကောကတော့ လူတိုင်းကို အပြုံးချိုချိုလေးအမြဲပေးတတ်တဲ့အကို... သူတို့နယ်ပယ်မှာဆိုရင် ရှောင်းကျန့်ကောက နာမည်ရှိတဲ့သူဖြစ်ပြီး လက်ရာတွေကလဲ အနုပညာဆန်လွန်းလို့ Sophie က အရမ်းကြိုက်ခဲ့ရတာ... အခု သူငယ်ချင်းရဲ့ ရင်းနှီးတဲ့အကိုဖြစ်နေတော့ Sophie တစ်ယောက် တစ်ပြုံးပြုံးဖြစ်နေတော့တာ.... သူ့အကိုသာ ရှောင်းကျန့်ကောလိုလေးဆိုရင် ဘယ်လောက်ကောင်းမလဲလို့တောင်တွေးမိတာ...

အိမ်ကအကိုနဲ့ကတော့ မတည့်အတူနေမမြင်ချောင်းကြည့်ပဲ... တွေ့တာနဲ့ ငါးမိနစ်အတွင်းသတ်ကြတာပဲ... ညီမလေးမို့ အကြောပေးလိုက်မယ်ဆိုတာ အဝေးကြီးမှာ... အခုလို နိုင်ငံခြားမှာကျောင်းလာတက်မှ ကိုကိုရေ ညီမလေးရေနဲ့ ဖြစ်ကြတာ...

Leap YearWhere stories live. Discover now