ZAWGYI
Jimin ဆီက ဥက္ကဌကြီး သတိရပြီဆိုတဲ့ သတင်း
ကြားပေမယ့် သူမအားလို့ သွားမတွေ့ဖြစ်ရ
သေးပေ...ဒီနေ့မှ သူလာတွေ့ဖြစ်တာ...ရောက်ရောက်ချင်း အမောဆို့တယ်ဆိုတာ ဒါမျိုး
လား...ကိုယ်ချစ်တဲ့သူကတခြားတစ်ယောက်ရဲ့အ
နမ်းကို ကြည်ကြည်ဖြူဖြူခံယူနေတဲ့ မြင်ကွင်းက သူ့ရင်ဘတ်တစ်ခုလုံး ကြေမွသွားသလို.."Tae....ငါ ရှင်းပြပါ့မယ်"
သူတောင် ဘာမှမပြောရသေးဘဲ အခန်းပြင်ကိုဆွဲခေါ်
လာတာကြောင့် Taehyung ကြောင်တောင်တောင်
လေးနဲ့ ပါလာသည်။အရေးပေါ်လှေကားရောက်မှ Seokjin ရပ်လိုက်ပြီး Jungkook အမေအကြောင်းကို ပြောပြလိုက်သည်။
"ဘာလို့လဲ...ဘာလို့ Hyung မှလဲ..အငှားကိစ္စ
တောင် ကျွန်တော်ရင်နာနေရတာ..ဒီကိစ္စနဲ့ ဘယ်
လောက်တောင် နာကျင်နေရဦး
မှာလဲ Hyung..."အရာရာနားလည်ပေးသလိုဖြစ်နေပေမယ့် တိုးညှင်း
ညှင်း အသံနဲ့အတူ ဝမ်းနည်းနေပုံပေါ်နေတဲ့ Taehyung လက်လေးကို Seokjin ဆုပ်ကိုင်လိုက်သည်။"ငါတောင်းပန်ပါတယ်...ငါ မေမေကြီးကို ကူညီ
ပေးချင်လို့ပါ...စိတ်ချပါ...ငါစိတ်လဲမယိုင်ဘူး...မင်းကိုပဲ ချစ်ပြီး မင်းကိုပဲ လက်ထက်မှာ...""ကျွန်တော် Hyung ကို မယုံလို့ပြောနေတာမဟုတ်
ဘူး...ကျွန်တော် Hyung ကိုယုံတယ်..ဒါပေမယ့် ဒီလောက်ထိလုပ်မှ ဖြစ်မှာလား..စိတ်ဝေဒနာသည်ကို အမှန်အတိုင်းပြောလို့မဖြစ်ဘူးလား..
ဘာဟန်ဆောင်စရာ လိုလို့လဲ""စိတ်ဝေဒနာသည်ကို စိတ်ပျော်အောင်ထားရမှာ ထုံးစံပဲလေ...မင်းလည်းဆရာဝန်တစ်ယောက်ဘဲ မင်းသိမှာပါ Tae..လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ်ကွာ...ပြီးတော့ ဟန်ဆောင်ရုံနဲ့ ငါကဘာဖြစ်သွားမှာမို့လို့လဲ"
"ဘာမှမဖြစ်ဘူး ဟုတ်လား..ကိုယ့်ချစ်သူတစ်
ယောက်လုံး အခြားတစ်ယောက်နဲ့ နမ်းနေတာကို ဒီတိုင်းကြည့်နေရတဲ့အထိ ကျွန်တော်သဘော မကောင်းဘူး Hyung..."Taehyung ဒေါသအသံနဲ့ ပြောပြီး ဆံပင်တွေကို လက်နဲ့ဖွာထုတ်ရင်း Seokjin ကို ကျောပေးလိုက်
မိသည်။
အခြေအနေတွေက မဖြစ်သင့်တာချည်းကို....
ချစ်သူဖြစ်တဲ့ သူဒေါသထွက်တာ မထူးဆန်းလှ....
YOU ARE READING
𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionတစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ Main couple - Kookjin / Vmin Side couple - Taejin / Sope Yoai Romance