Chapter 1 (Unicode)

30.6K 2K 66
                                    

ဒီနေ့ မင်္ဂလာပွဲဟာ တကယ်ကို စည်စည်ကားကားရှိနေတယ်။

ရှောင်းကျန့်က မင်္ဂလာခန်းမရဲ့ ထောင့်လေးမှာ ညပ်နေတယ်။ သူ့ဘေးမှာတော့ ငှားထားတဲ့ဓါတ်ပုံဆရာက ခဏလောက် ဖယ်ပေးပါဦးဘာညာ ခွင့်တောင်းတဲ့စကားတွေနဲ့အတူ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေလေရဲ့။

မင်္ဂလာခန်းမအလယ်ရဲ့ မျက်နှာကြက်မှာ အဖြူနဲ့ ခရမ်းရောင်ပူစီဖောင်းတွေကို ချိတ်ဆွဲထားပြီး ဖဲကြိုးတွေက လေထဲမှာ တလွင့်လွင့်ဝဲနေတယ်။ သတို့သားဟာ သပ်ရပ်တဲ့ အနောက်တိုင်း မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး မတ်မတ်ရပ်လို့ သတို့သမီးရဲ့ လက်သူကြွယ်ပေါ် မင်္ဂလာလက်စွပ်ကို ဆင်မြန်းပေးနေတယ်။ Aisle ထိ လျှောက်လာပေးတဲ့ သတို့သမီးရဲ့ဖခင်ကတော့ အနည်းငယ်ရဲနေတဲ့မျက်ဝန်းတွေနဲ့ မိုက်ခရိုဖုန်းကို မသိမသာတုန်ယင်နေတဲ့လက်အစုံနဲ့ ကိုင်ထားတယ်။

လတ်တလော တီးခတ်နေတဲ့သံစဉ်ကတော့ “Wedding March”တီးလုံးဖြစ်ပြီး ဒီ Ritz-Carlton Banquet Hall ကြီးထဲမှာ ဒီသံစဉ်ဟာ အခါတစ်ရာမကတောင် ပျံ့လွင့်ခဲ့ပြီးဖြစ်တယ်။

ရှောင်းကျန့် ရုတ်တရက်ပဲ အရင်တစ်ခေါက်ကကိစ္စတစ်ခုကို သတိရသွားတယ်။ အဲ့တုန်းက တကယ့်အရေးကြီးတဲ့အချိန်ကျမှ ကကျိုးကကြောင်ထဖြစ်တဲ့မိုက်ခရိုဖုန်းကြောင့် ပျံ့လွင့်နေတဲ့သံစဉ်တွေ ခေတ္တရပ်သွားတယ်။ ဘေလ်ရှင်းပြီးသွားတဲ့အချိန်မှာ သတို့သမီးက တော်တော်ကို မကျေမနပ်ဖြစ်သွားခဲ့တာ။ နောက်တစ်ခါ ဒီဟိုတယ်နဲ့လုံးဝမပတ်သက်တော့ဘူးဆိုတဲ့အထိ စိတ်ဆိုးသွားခဲ့တာ ဖြစ်တယ်။

ဒီနေ့ပွဲမှာတော့ ဘာပြဿနာမှ မရှိလို့တော်သေးတယ်။ မိုက်ကရိုဖုန်းနဲ့ စပီကာကို သေချာစစ်ပြီးချိန်မှ လူက သက်ပြင်းချနိုင်တော့တယ်။ ထိန်နေအောင်ထွန်းထားတဲ့ မီးရောင်တွေအောက် မင်္ဂလာမောင်နှံရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ စိုစွတ်နေသလို စန္တယားသံကလည်း မပြတ်ထွက်ပေါ်နေလေရဲ့။

ဘယ်လို ရိုးရှင်းတဲ့နေရာမှာ မင်္ဂလာပွဲ ကျင်းပသည်ဖြစ်စေ မင်္ဂလာစတိတ်စင်ပေါ်မှာ ရပ်နေတဲ့လူနှစ်ယောက်ရဲ့ ကတိသစ္စာဆိုခါနီးအချိန်ဟာ အမြဲတမ်းအရေးကြီးဆုံးအချိန်သာဖြစ်တယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now