၁၈

7.7K 477 8
                                    

အခန်း ၁၈

လိုချင်တဲ့ရေခဲမှုန့်အရသာကိုမှာရင်း ခုံမှာထိုင်စောင့်နေစဉ် မှန်မှာမြင်နေရတဲ့ ကိုယ့်ပုံရိပ်ကိုသဘောတကျကြည့်ရင်း ဆံပင်တွေကိုခဏခဏ သပ်တင်နေမိတယ် ။

အညိုရင့်ရောင် ပျော့ပျောင်းနေတဲ့ဆံကေသာက သပ်တင်ပြီးတိုင်း ပုံစံတကျလှပနေသည် ။ ဂုတ်ပိုးနားအထိ မရောက်တရောက် အလည်ခွဲဆံပင်က ကိုးလ်ရဲ့ရုပ်ရည်ကိုအများကြီးနုနယ်သွားစေသလို နဖူးတဝှိုက်ကျနေတဲ့ ဆံနွယ်စတွေက သန့်ပြန့်နေတဲ့ရုပ်ရည်ကို ပိုပေါ်စေသည် ။

ဆံပင်ဆေးဆိုးတာ ၊ ပုံသွင်းတာနဲ့ ညှပ်တာအကုန်လုံးပေါင်း ကုန်ကျငွေက ပြန်တောင်မတွေးချင်လောက်အောင်ဆိုပေမဲ့ ဖြူ့ရှေ့မှာ ကြည့်ကောင်းနေစေဖို့ပဲဆိုတော့ ဘာပဲဖြစ်ဖြစ် တန်သည်လို့ပဲပြောရမည် ။ ကောင်မလေးရဲ့ ကြွေသွားတဲ့မျက်နှာရီအက်ရှင်ကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူး ။

"ကိုးလ် .....။ "

ခေါ်သံနဲ့အတူ မျက်နှာချင်းဆိုင်ခုံမှာ လာထိုင်တဲ့လူက ဘလက်ဖြစ်တာကြောင့် ကိုးလ်ကဆိုင်ထဲကနေ ထပြန်ဖို့ပြင်သည် ။

"ငါနဲ့စကားပြောရအောင် ကိုးလ် ။"

"မပြောချင်ဘူး ။ "

"ငါးမိနစ်ပဲ ။ ငါကမ်းလှမ်းစရာရှိလို့ပါ ။မင်းအတွက်အကျိုးမယုတ်ပါဘူး ။ "

"ဟုတ်ပြီလေ ။ "

" အဲ့ဒီကောင်မလေးရဲ့ အမြုတေကို ငါ့ကိုပေးပါ ။ "

" F**k ! "

ထထိုးမိတော့မလို့ စိတ်ကိုမနည်းထိန်းလိုက်ရသည် ။ အခုအဲ့ဒီကောင်က မျက်စိရှေ့တည့်တည့်ကိုလာပြီး ဖြူ့ရဲ့သက်တမ်းကုန်မဲ့အကြောင်းကိုလာပြောနေတာ ၊ နည်းနည်းမှသည်းခံချင်စရာမရှိဘူး ။

"ဒေါသမထွက်ဘဲနဲ့ ငါပြောတာကို နားထောင်ပါ ။ မင်းလည်းသိတဲ့အတိုင်း အဲ့ဒီကျွန်းသူက မင်းနဲ့ဘာလုပ်လုပ် အစွန်းထင်းမဖြစ်ဘူး ။ မင်းကလူသားတစ်ယောက်မဟုတ်တာမို့လို့ ။ "

စကားပြန်ပြောချင်ပေမဲ့ ဘာသံမှထွက်မလာဘူး ။ နေရာကနေလည်းရွေ့မရဘဲ အရာအားလုံးကရပ်တန့်နေသလိုပဲ ။

COE (၁၉+)Where stories live. Discover now