တစ်ကယ်ပါ ကျွန်မ Nini အနောက်လူလွတ်ခိုင်းရပေမဲ့
ကိုယ်တိုင်ကစိတ်မချချင် အလုပ်လုပ်ရတာလဲ စိတ်ကတစ်
ခြားစီလွင့်နေတော့ သိပ်အဆင်မပြေဘူးရယ်။"မမလေး"
"ဝင်ခဲ့ပါ"
ဓာတ်ပုံလိုအရာလေးနှင့်အတူ Gam ကဝင်လာသည်။
" မမလေး Jennie ရဲ့ပုံတွေပါ"
"အင်း စားပွဲပေါ်မှာထားခဲ့လိုက်"
Gam ထွက်သွားသည်နှင့် ဆိုဖာပေါ် ကျွန်မကော်ဖီထိုင်သောက်နေရင်းမှ ထပြီး
စားပွဲပေါ်မှ Jen ပုံတွေကိုယူကြည့်ကာ သက်ပြင်းတစ်ချက်
ချလိုက်သည်။ပုံထဲတွင် Mino နှင့် စားသောက်ဆိုင်ထိုင်တဲ့ပုံတွေ
Shopping ထွက်တဲ့ပုံတွေ သို့ပေမဲ့ ကျွန်မတစ်ယောက်
ထဲကိုပဲ နီနီ ချစ်တယ်ဆိုတာ အကြွင်းမဲ့ယုံကြည်သည်။"Lisa Yah "
Chae Young အသံကြောင့် အတွေးစတို့ပျံလွင့်သွားသည်။
"အော် အင်းဝင်ခဲ့"
"ငါ ပြောစရာရှိလို့"
"အင်း အလုပ်ကိစ္စလား"
"ဟုတ်တယ် ငါတို့ Company အတွက် မင်းသမီး Kim Jisoo ကိုခေါ်ရအောင်"
" Kim...ဘာ..."
"Kim Jisoo လေ ဒီလောက်နာမည်ကြီးနေတာကို "
"နင်ကလဲ နင်သိတဲ့တိုင်းပဲ ငါကအဲ့ဖက်တွေစိတ်မဝင်စားဘူး
လေ...ပြီးတော့ အဲ့ဒီ Kim ဘာဆိုလား ကိုလဲ နင်အဆင်ပြေရင်ခေါ်လိုက်""အင်းပါ ဒါဆို ငါသွားပြီနော် ဒါနဲ့ ဒီနေ့ညငါ Daddy ဆီမှာ
တစ်ညသွားအိပ်မယ်""အင်း Daddy ကိုလဲပြန်ခံမပြောနဲ့အုံး သူကနင့်ကိုသိပ်
ချစ်တာနင်သိပါတယ်"Chae ၏ Daddy နှင့် Chae က မတည့်နိုင်သော သားအဖပါ ထို့ကြောင့် သတိပေးစကားဆိုလိုက်သည်။
"အေးပါ သွားပြီ"
Chae ကိုမကြည့်ပဲ လက်ပြရင်း သာ အလုပ်တွေဆက်
လုပ်နေလိုက်သည်။ညနေအိမ်ပြန်ရောက်တော့ပင်ပန်းနေတာမို့
ကိုယ့်အခန်းသာတက်သွား လိုက်သည်။⚜↘⬇
ကျွန်မရဲ့ ကျောင်းတုန်းက သူငယ်ချင်း Mino က တွေ့
ချင်သည်ဟူ၍ သွားတွေ့ခဲ့ပါသည်။ လီလီကိုတော့ မပြော
ပြဖြစ် ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ လီလီ ကို
စိတ်ထင့်တာမျိုးမဖြစ်စေချင်ဘူး။
အိမ်ပြန်ရောက်တော့လဲ လီလီ့ ဖိနပ်ကိုတွေ့သော်လဲ လူ
ကိုမတွေ့ ခါတိုင်းဆို ဧည့်ခန်းမှာစောင့်နေကျပါ။ရေမိုးချိုးပြီးအောက်သို့ဆင်းလာသည်အထိ လီလီ့ အရိပ်
အယောင်ကို မတွေ့သည်မို့ လီလီ့အခန်းစီသွားလိုက်သည်။ဒေါက်...ဒေါက်
ဝုန်း!
"လီလီ "
တံခါးကဝုန်းကနဲပွင့်လာပြီး မျက်လုံးနီရဲရဲတွေနဲ့ ကျွန်မကို
ကြည့်နေသော လီလီကြောင့် သူမအမည်နာမကိုတိုး
ငြင်းစွာရေရွတ်မိသည်။"ဝင်ခဲ့လေ နီနီ"
"အင်း လီလီ အရက်တွေသောက်ထားတာလား "
"နည်းနည်းပါ နီနီရဲ့"
"စိတ်ညစ်စရာကိစ္စတွေရှိလို့လား"
"မရှိဘူး ဒီတိုင်းပဲ မသောက်တာကြာလို့ နီနီရော စိတ်ပြေ
လက်ပျောက်သောက်အုံးမလားး""အင်း "
"လာ လသာဆောင်သွားရအောင်"
တစ်ဖက်ကျွန်မလက်ကိုဆွဲပြီး နောက်တစ်ဖက်က Black
ပုလင်းကိုကိုင်ကာသွားနေသော LiLi ကိုအထူးအဆန်း
ကြည့်နေမိသည်။" ကြယ်တွေစုံတယ်နော် ဒီနေ့ နီနီရှိတော့ပိုပြည့်စုံသွားပြီ"
"လီလီပါရှိရင် ပိုပြည့်စုံမှာ"
"ရှိနေတယ်လေ"
"အင်း သိတယ်"
" ညအချိန်ဆို လမင်းကြီးက နီနီကိုကိုယ်စားပြုတယ်
လီကတော့ နီနီဘေးက ကြယ်ကလေးပေါ့...
နေ့ဘက်ဆိုရင်တော့ နေမင်းကြီးကနီနီ့ကိုကိုယ်စားပြုတယ်
လီကတော့ လီလီပန်းခင်းလေးပေါ့ အထူးသဖြင့်
နေမင်းကြီးရဲ့နွေးထွေးမှုနဲ့အလင်းရောင်ကိုရမှ အသက်ရှင်နိုင်
မဲ့လီလီပန်းကလေး..."ရေခဲတုံးကြီးက ကျွန်မကိုဒီလိုတွေချွေတော့လဲ အကြိမ်ကြိမ်
ကြွေရပြန်ပါတယ်။ ကြည်နူးရိပ်တို့ကလဲတိုးရင်းပဲ..."နေမင်းကြီးကလဲ ဒီကလီလီပန်းကလေးကြောင့် နေဝင်
ချိန်မရောက်အောင် အချိန်တွေကိုမနည်းဆွဲဆန့်ထားရ
တာပါနော် ဒါပေမဲ့ နေဝင်သွားရင်လဲ လမင်းကြီးဘေးက
ကြယ်ကလေးအဖြစ်ရှိနေတာဆိုတော့ ပိုလို့ဝမ်းသာတယ်..."