ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဖြစ်သောကြောင့် နောင်တရ ကြပါ- စစ်မှန်သော နောင်တကို ရရှိမည့် နည်းလမ်း
၂၀၂၀ ခုနှစ်တွင်၊ ကိုဗစ် ၁၉ ဗိုင်းရပ်စ်က ကမ္ဘာလောကကို ကျီးလန့်စာစား ဖြစ်ခြင်းထဲသို့ ဦးစောက်ကျွမ်းပြန်ရောက်စေလျက် တစ်ကမ္ဘာလုံးကို မွှေနှောက်လိုက်သည်။ ထို့အပြင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့်အရာမှာ အာဖရိကအနှံ့ အုံခဲနေသည့် များပြားလှသော ကျိုင်းကောင်များ ဖြစ်သည်။ ပလိပ် နှင့် ငတ်မွတ်ခေါင်းပါးမှုဘေး ပေါ်ပေါက်လာသောကြောင့် သခင်၏ ကြွရောက်မည့်ရက် နီးလာပြီဖြစ်ကြောင်း နှင့် ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဖြစ်ကြောင်းတို့ကို အရေအတွက် တိုးပွားနေသော သခင့်ကို ယုံကြည်သူများက စတင်ခံစားသိရှိလာကြသည်။ တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ- "သည် တည်လုနီး ပြီ။ ထို့ကြောင့် နောင်တရကြလော့။" (ရှင်မဿဲခရစ်ဝင် ၃:၁-၂). ဤသည်မှာ ကျွန်မတို့ တစ်ယောက်စီတိုင်းကို သခင် တောင်းဆိုသည့်အရာဖြစ်သည်။ ကျွန်မတို့ အမှန်တကယ် နောင်တရမှသာလျှင် ကျွန်မတို့သည် ဘုရားသခင်၏ ကွယ်ကာခြင်းခံရပြီး၊ ဘေးဒုက္ခကြီး မတိုင်မီ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်းခံရမည် ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့် နောင်တ ဆိုသည်မှာ အဘယ်နည်း၊ ပြီးလျှင် စစ်မှန်သော နောင်တကို ကျွန်မတို့ မည်သို့ ရရှိနိုင်သနည်း။
အပြုအမူကောင်းသည် စစ်မှန်သော နောင်တကို ရည်ညွှန်းပါသလား။
နောင်တနှင့် ပတ်သက်ပြီး ပြောကြရာတွင်၊ သခင့်ကို ယုံကြည်သူများစွာက "အခု ကျွန်မတို့က သခင့်ကို ယုံကြည်တဲ့အတွက်၊ ကျွန်မတို့ မဆဲဆိုဘူး၊ ရန်မဖြစ်ဘူး၊ ကျွန်မတို့ဟာ သူတပါး အပေါ်သည်းခံပြီး စိတ်ရှည်တယ်၊ သခင့်ဆီ မကြာခဏ ပြီး၊ ဝန်ခံတယ်၊ သခင့်အတွက် ကျွန်မတို့ အလုပ်လုပ်ပြီး၊ အသုံးတော်ခံကြတယ်၊ ပြီးတော့ ထောင်ချခံရပြီးတဲ့နောက်မှာတောင် သခင့်ရဲ့ နာမတော်ကို ကျွန်မတို့ မငြင်းပယ်ခဲ့ပါဘူး။ ဒီအပြုအမူကောင်းက ကျွန်မတို့ တကယ့်ကို နောင်တရပြီးပြီဆိုတာကို သက်သေပြတာပဲ။ သခင်ပြန် ကြွလာတဲ့အချိန်မှာ၊ ကျွန်မတို့က ကိုယ်တော်နဲ့အတူ ကောင်းကင် နိုင်ငံတော်ထဲကို ဝင်ရောက်ရလိမ့်မယ်။" ဟု ပြောကြလိမ့်မည်။ ကျွန်မတို့သည် သခင့်ကို စတင်ယုံကြည် ပြီးနောက်တွင်၊ ကျွန်မတို့၏ ဆိုးယုတ်သော အကျင့်များကို ဖယ်ရှား လိုက်သည်၊ ကျွန်မတို့ နှိမ့်ချလာသည်၊ သည်းခံတတ်လာသည်၊ အခြားသူများကို ကျွန်မတို့ ကူညီခဲ့ပြီး ကို ဖြန့်ဝေဖို့နှင့် သခင့်ကို သက်သေခံဖို့ ကျွန်မတို့က ဥစ္စာပစ္စည်းတွေ စွန့်လွှတ်လာနိုင်ကြပြီး၊ မိမိကိုယ်ကိုယ် အသုံးခံနိုင်လာကြသည်။ ကျွန်မတို့၏ အပြုအမူတွင် အပြောင်းအလဲ တစ်ချို့ အမှန်တကယ် ရှိခဲ့သော်လည်း၊ ကျွန်မတို့သည် အပြစ်၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် မဖယ်ရှားနိုင်သေးသကဲ့သို့ မလွတ်မြောက်နိုင်ဘဲ အပြစ်တရား၏ အလယ်တွင် မကြာခဏ အသက်ရှင်နေကြဆဲဖြစ်သည်မှာ ငြင်းမရနိုင်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က ကျွန်မတို့၏ အဓိကအကျိုးစီးပွားကို မထိပါးစေဘဲ ကျွန်မတို့ကို ထိခိုက်စေသည့်အရာ တစ်စုံတစ်ခုကို ပြောသည့်အခါတွင်၊ ကျွန်မတို့သည် စိတ်ရှည်နိုင်စွမ်းရှိကောင်း ရှိနိုင်ပြီး ၎င်းတို့ကို ကျွန်မတို့ ခွန်းတုံ့ပြန်ပြောမည် မဟုတ်ပေ။ သို့သော် ကျွန်မတို့၏ ဂုဏ်သိက္ခာ နှင့် အဆင့်အတန်းတို့ကို ထိခိုက်စေပြီး ကျွန်မတို့ကို အရှက်ရစေသည့် အရာတစ်ခုခုတို့ကို တစ်စုံတစ်ယောက်က ပြောပါက၊ ကျွန်မတို့သည် သူတို့ကို အပြစ်ရှာသောအရာ တစ်ခုမျှ မပြောဘဲနေကောင်းနေမည် ဖြစ်သော်လည်း၊ ကျွန်မတို့၏ စိတ်နှလုံးများတွင် သူတို့အပေါ် မကျေမချမ်းမှုနှင့် မလိုမုန်းထားမှုများ ရှိပြီး၊ လက်စားချေဖို့ပင် ကျွန်မတို့ တွေးကောင်းတွေနိုင်သည်။ ကိစ္စတော်တော်များများတွင်၊ ကျွန်မတို့သည် ကြီးမားသည့် ဆိုးယုတ်မှုတစ်ခုတစ်လေကိုမျှ မပြုသည့်ပုံပေါ်သော်လည်း၊ ကျွန်မတို့၏ စိတ်နှလုံးများသည် ဆိုးယုတ်သော အတွေးများကို မကြာခဏ ပြနေလေသည်။ တစ်ခါတစ်ရံတွင် ကျွန်မတို့သည် စိတ်ရှည်သည်းခံခြင်းနှင့် မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းတို့ကို အချိန်ကာလတစ်ခုထိ လုပ်နိုင် သော်လည်း၊ ကျွန်မတို့အတွက် ထိုအရာက လွန်လာသည့်အခိုက်တွင် ဆိုးယုတ်မှုကို ကျူးလွန်တတ်ဆဲဖြစ်လေသည်။ ထိုကဲ့သို့သော အရာများက ကျွန်မတို့ထဲတွင် ဖော်ထုတ်ခံရပြီး၊ ပေါ်လွင်လာကာ၊ အပြစ်၏ အချုပ်အနှောင်များမှ ကျွန်မတို့ ရုန်းထွက်မလွတ်မြောက် သေးသည့်အခါတွင်၊ ကျွန်မတို့ အမှန်တကယ် နောင်တရပြီးဖြစ်သည်ဟု ဆို၍ရပါသလား။
ဘုရားနှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြပါစို့၊ "အပြုအမူထက်မပိုသော အပြောင်းအလဲ များမှာ ရေရှည်မတည်တံ့ကြောင်းပင် ဖြစ်သည်။ အကယ်၍ လူတို့၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်း မရှိပါက ၎င်းတို့၏ ဆိုးယုတ်သောဘက်သည် မိမိဘာသာ အနှေးနှင့်အမြန် ပေါ်လာမည် ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် တစ်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် သနားကြင်နာမှုပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ 'ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်' ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံး ကောင်းမှုများကို မပြုနိုင်ကြပေ။ ၎င်းတို့၏အပြုအမူသည် အသက်တာ၏ စီမံညွှန်ကြားခြင်းကို ခံရသည်၊ ၎င်းတို့၏ဘဝမှာ မည်ကဲ့သို့ဖြစ်ပါစေ ၎င်းတို့၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာနှင့် လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ၊ ဘုရားသခင်၏အမှုမှာ လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။...ကောင်းမွန်စွာ ပြုမူခြင်းမှာ ဘုရားသခင်ကို နာခံခြင်းနှင့် မတူညီပေ၊ ၎င်းမှာ နှင့် သဟဇာတဖြစ်ခြင်းနှင့် သာ၍ပင် မတူပေ။ အပြုအမူ အပြောင်းအလဲများ သည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက် လာခြင်း ဖြစ်သည်၊ ၎င်းတို့မှာ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေပြုရန်အကြောင်း သာ၍ပင်မရှိချေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း ဤသည်မှာ အသက်တာ၏ ဖော်ပြချက် မဟုတ်ပေ၊ ဘုရားသခင်ကို သိခြင်းနှင့် တူညီရန်အကြောင်း သာ၍ပင် မရှိချေ၊ လူတစ်ဦး၏ အပြုအမူ မည်မျှပင်ကောင်းပါစေ ၎င်းတို့သည် ဘုရားသခင်ကို နာခံသည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာ ဖြစ်သော စိတ်၏လှည့်စားမှုတစ်ခု ဖြစ်သည်၊ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်ဖြစ်ပြီး အသက်တာ၏ ဖော်ပြချက် မဟုတ်ပေ။" (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ "အပြင်ပန်း ပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်")
ကျွန်မတို့ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက် ကျွန်မတို့၏ အပြုအမူသည် တိုးတက်ခဲ့သော်လည်း၊ ယင်းက ကျွန်မတို့၏ အသက်တာ စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခု ရှိနေပြီဟု ဆိုလိုခြင်း မဟုတ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့ကို ပြသပေသည်။ အပြုအမူကောင်း အများစုသည် စိတ်အားထက်သန်မှု၏ ရလဒ်ဖြစ်သည်၊ ယင်းသည် အယူဝါဒနှင့် စည်းမျဉ်းများမှ ပေါက်ဖွား လာခြင်းဖြစ်သည်၊ သို့မဟုတ် ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်းမှ ပေါ်ပေါက်လာသည့် လက်တွေ့ လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ ယင်းမှာ ကျွန်မတို့က သမ္မာတရားကို နားလည် သဘောပေါက်သောကြောင့် မဟုတ်၊ ကျွန်မတို့ထံတွင် ဘုရားသခင်ကို သိကျွမ်းခြင်း ရှိသောကြောင့်မဟုတ်သကဲ့သို့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် ချစ်ဖို့ ကျွန်မတို့၏ ဆန္ဒမှ အလိုအလျောက် ထွက်ပေါ် လာသည့် လက်တွေ့လုပ်ဆောင်မှုတစ်ခု မဟုတ်ပေ။ ကျွန်မတို့သည် နှစ်ထောင်ပေါင်းများစွာ စာတန်၏ ဖောက်ပြန်ဖျက်ဆီး ခံထားရသည်၊ ကျွန်မတို့သည် မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်း ဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ကောက်ကျစ်ခြင်းစသည့် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားပုံစံမျိုးစုံဖြင့် ပြည့်လျှံနေသည်။ ဤစိတ်သဘောထားများသည် မဖြေရှင်းသေးဘဲ ကျန်ရှိ နေပါက၊ ကျွန်မတို့သည် အချို့သော စည်းမျဉ်းများကို လိုက်နာကောင်း လိုက်နာနိုင်ပြီး၊ အပြင်ပန်းတွင် ဘာသာတရားကိုင်းရှိုင်း ပုံပေါက်နိုင် သော်လည်း၊ ဤသည်မှာ ကြာရှည်မခံသကဲ့သို့၊ မနှစ်မြို့စရာ ကောင်းသည့်အရာ တစ်စုံတစ်ခုကို ကျွန်မတို့ ကြုံတွေ့သည့်အခါတွင်၊ မိမိကိုယ်ကိုယ် အပြစ်လုပ်ခြင်းမှ မရပ်တန့်နိုင်ပေ။ ဥပမာအားဖြင့်၊ ကျွန်မတို့၏ မောက်မာပြီး စိတ်ကြီးဝင်သည့် ဆိုးယုတ်သော သဘာဝဖြင့် ထိန်းချုပ်ခံရလျက်၊ အခြားသူများက ကျွန်မတို့ကို လေးစားဂုဏ်ပြုစေဖို့ အမြဲတမ်း ကြိုးစားကာ၊ အခြားသူများက ကျွန်မတို့ ပြောသည့်အရာကို မလုပ်ဆောင်ပါက၊ ကျွန်မတို့ ဒေါသထွက်ပြီး၊ သူတို့ကို စတင် သြဝါဒချွေတော့သည်။ ကျွန်မတို့၏ တစ်ကိုယ်ကောင်းဆန်သည့် သဘာဝအားဖြင့် ညွှန်ကြားခံရလျက်၊ ကျွန်မတို့ လုပ်သမျှတိုင်းသည် ကျွန်မတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အတုန့်အပြန်အားဖြင့် ဖြစ်သည်။ နေအိမ်တွင် အရာအားလုံး အဆင်ပြေချောမွေ့သည့်အချိန်တွင်၊ ကျွန်မတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်လိုပြီး၊ အသုံးခံလိုကြကာ မည်သည့်အခက်အခဲကိုမဆို ကျွန်မတို့ သည်းခံနိုင် လေသည်။ သို့သော် ကံဆိုးမှု ရောက်လာသည့်အခါတွင်၊ ကျွန်မတို့ကို မကွယ်ကာခြင်းအတွက် ဘုရားသခင်ကို ကျွန်မတို့ အပြစ်တင်ကြသည်။ ကျွန်မတို့ စွန့်လွှတ်ခဲ့သည့်အရာကိုပင် စတင် နောင်တရကောင်း ရနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့ စဉ်းစားကောင်း စဉ်းစားနိုင်လေသည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ သွန်သင်ချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်သည့်၊ အသင်းတော်၏ အကျိုးစီးပွားကိုပင် ထိခိုက်စေသည့် အသင်းတော်ထဲမှ ညီအစ်ကိုမောင်နှမများ၏ လုပ်ရပ်များကို ကျွန်မတို့ စောင့်ကြည့်လေ့လာကြပြီး၊ ကျွန်မတို့က သူတို့ကို တစ်စုံတစ်ခု ပြောသင့်သည်။ သို့သော်လည်း "မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေ ပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှု ဖြစ်စေ၏" နှင့် "ပြဿနာနည်းလေ ပိုကောင်းလေ" တို့ကဲ့သို့သော အသက်ရှင်သန်ခြင်းအတွက် ဆိုးယုတ်သော ဒဿနများ၏ လွှမ်းမိုးခြင်းကို ခံရလျက်၊ သူတို့နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းဖို့ အသင်းတော်၏ အကျိုးစီးပွားကို စတေးရန် လိုလားရင်း၊ ကျွန်မတို့ နှုတ်ဆိတ်နေကြသည်။ အခြားသော အရာများလည်း ကျန်ပါသေးသည်။ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် မဖြေရှင်းဘဲကျန်နေပါက ကျွန်မတို့သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်နိုင်သကဲ့သို့၊ ဘုရားသခင်ကိုလည်း မနာခံနိုင်သည့်အပြင်၊ ကျွန်မတို့သည် ကိုယ်တော့်ကိုပင် ဆန့်ကျင်နိုင်သည်ကို ဤအရာက ပြနေသည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်က ဖာရိရှဲများကို ကြည့်ပါ။ အပြင်ပန်းတွင် သူတို့က မည်သည့်ဆိုးယုတ်မှုကိုမျှ ကျူးလွန်ပုံမပေါ်ခဲ့ပေ။ ၎င်းတို့သည် ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရင်း ဝေးလံခေါင်သီသော နေရာများသို့ ခရီးသွားကြသည်၊ လူတို့အား ကို မကြာခဏ အသေးစိတ်ရှင်းပြသည်၊ ပြီးလျှင် လူများ ပညတ်တော်ကို နာခံဖို့ သွန်သင်သည်။ သူတို့၏ အပြုအမူများစွာသည် ကောင်းမြတ်ကြ သော်လည်း၊ သခင်ယေရှု ပေါ်ထွန်းပြီး၊ သူ၏ အမှုတော်ကို စတင်သည့် အချိန်တွင်၊ ကိုယ်တော်သည် အပြင်ပန်းတွင် အလွန်ရိုးရှင်းပြီး သာမန်ဖြစ်ကာ၊ မေရှိယဟု မခေါ်ဝေါ်သောကြောင့်၊ ပြီးလျှင် ကိုယ်တော်နှင့် ပတ်သက်သမျှ အရာအားလုံးတို့သည် သူတို့ အယူအဆများနှင့် မကိုက်ညီသောကြောင့် သူတို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော ဆိုးယုတ်သော စိတ်သဘောထားများ ဖော်ထုတ်ခံကြရသည်။ သူတို့သည် ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး၊ ပြစ်မှားစော်ကား ခဲ့ကြသည်၊ သခင်ယေရှု မိန့်တော်မူသည့် သတင်းစကားသည် သမ္မာတရား ဟုတ်မဟုတ်ဆိုသည်ကို အလေးဂရုမပြုကြပေ၊ ကိုယ်တော်က နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်အမှုများစွာကို မည်မျှ ဆောင်ရွက်ပါစေ၊ ကိုယ်တော့်ကို သူတို့ အရေးမလုပ်ကြပေ၊ အဆုံးသတ်တွင် သူတို့က သခင်ကို ကားစင်တင်ဖို့ ရောမအာဏာပိုင်များနှင့်ပင် လျှို့ဝှက် ပူးပေါင်း ကြံစည် ခဲ့ကြသည်။
ကျွန်မတို့၏ အပြင်ပန်း အမူအကျင့်များ၌ ပြောင်းလဲမှုများ ရှိကောင်း ရှိနိုင်သော်လည်း၊ ကျွန်မတို့၏ အတွင်းပိုင်း အသက်တာ စိတ်သဘောထားများ၌ ပြောင်းလဲမှု မရှိပါက၊ ကျွန်မတို့သည် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ စိုးမိုးမှုကို ခံရဦးမည်ဖြစ်ပြီး၊ အချိန်မရွေး အပြစ်ကျူးလွန်နိုင်ကာ၊ ဘုရားသခင်ကို အချိန်မရွေး ဆန့်ကျင်တတ်လိမ့်မည်ကို အထက်ပါအကြောင်းအရာက ပြသပေသည်။ ထိုသို့သော လူတို့သည်လည်း စစ်မှန်စွာ နောင်တမရသကဲ့သို့၊ အခြေခံအားဖြင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီပေ။ သမ္မာကျမ်းစာတွင် ပြောထားသည့်အတိုင်းပင် ဖြစ်သည်၊ "ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။" (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)
YOU ARE READING
ခရစ်ယာန် သက်သေခံချက်များ
Non-Fictionငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြ...