part.7

6.4K 552 26
                                    

  Uni

     

              "ကြင်ယာတော်ရှောင်း မိဖုရားကောင်းကခေါ်ခိုင်းလိုက်ပါတယ်"

        "ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ်"

         အရှင့်ကိုလွမ်းနေတဲ့စိတ်ကိုခဏဖျောက်ပြီး မိဖုရားကောင်းစီသွားရတယ် ဘာတွေခိုင်းဦးမယ်မသိဘူး နန်းတော်ထဲမှာရှိတဲ့ တစ်ချို့မိဖုရားကြင်ယာတော်တွေက ကြင်နာသလောက် မိဖုရားကောင်းနဲ့ သူ့လက်အောက်ကကြင်ယာတော်တစ်ချို့က အပယ်ခံအဆောင်ကကြင်ယာတော်တွေကို ချိုးနှိမ်ကြတယ်မညာမတာခိုင်းတယ်

       "မိဖုရားကောင်းကို ဂါဝရပြုပါတယ်"

      "ကောင်းပြီ မင်းက အခုတလော တော်တော်လေးအဆင်ပြေနေတယ်နော် မင်းကြီးကအိပ်ဆောင်ခေါ်နေတယ်ဆိုတော့"

       "မဟုတ်ပါဘူးမိဖုရား အရှင်ကမေးစရာရှိလို့ခေါ်တာပါ"

       "ဟုတ်လို့လား မိဖုရားမယုံနဲ့ သူညာနေတာ သူမင်းကြီးကိုမြူဆွယ်ထားတာ"

     "ကြင်ယာတော်ကျင့်မဟုတ်ပဲနဲ့ မပြောပါနဲ့ ကျွန်တော်အရှင့်ကို မြူဆွယ်ထားတာမဟုတ်ဘူး အဲ့လိုမျိုးတွေကျွန်တော်မလုပ်တတ်ဘူး"

       "မင်းမမြူဆွယ်ထားရင် မင်းကြီးကမင်းကိုအိပ်ဆောင်ခေါ်မှာမဟုတ်ဘူး ပြီးတော့မင်းကြီးကဘယ်မိဖုရားကိုမှအိပ်ဆောင်ခေါ်ဖူးထားမဟုတ်ဘူး"

        အရှင်ကဘယ်သူ့ကိုအိပ်ဆောင်မခေါ်ဘူးတဲ့လား ဒါဆိုကျွန်တော်ကပထမဦးဆုံးပေါ့ တစ်နှစ်လုံးသိခဲ့ထင်ခဲ့တာက အရှင်ကမိဖုရားလီကိုသာချစ်မြတ်နိုးပြီး သူနဲ့သာအိပ်ဆောင်ဝင်သည်လို့လေ.............အခုတော့ ကျွန်တော့်ကိုသာအိပ်ဆောင်သွင်းသည်တဲ့လေ.........ပျော်လိုက်တာ...........

          ဖြန်း...........မျက်နှာပေါ်ကျရောက်လာတဲ့ လက်တစ်စုံ...............ပါးနုနုကရဲသွားပေမယ့် ကျွန်တော့်နှလုံးသားက နာကျင်မှုမရှိ ကြည်နူးမှုနဲ့ပြည့်နေတဲ့အချိန် ပြင်ပထိခိုက်ဒဏ်ရာတွေရဲ့နာကျင်မှုတွေကိုမခံစားရတော့ဘူး စိတ်ထဲမှာလည်း အရှင်ပဲ သွေးတွေကလည်း အရှင့်ကြောင့်ပဲစီးဆင်းနေတာမို့ မိဖုရားတွေ ကြာပွတ်နဲ့ရိုက်တာ နည်းနည်းလေးတောင်မနာဘူးအရှင် ကြာပွတ်ရိုက်သံတွေအစား အရှင်ကဘယ်သူ့ကိုမှအိပ်ဆောင်မခေါ်ဖူးဘူးဆိုတဲ့စကားသဲ့သဲ့ပဲကြားနေရတော့တယ် မျက်နှာထက်မှာရဲနေတဲ့ပါးနဲ့ဆန့်ကျင်ဖက်အပြုံးက မိဖုရားကောင်းကိုစိတ်ဆိုးစေမှာမှန်ပေမယ့် ကျွန်တော့်အပြုံးတွေကရပ်တန့်လို့မရပြန်ဘူး အရှင်ကသာ ကျွန်တော့်ကို ပြုံးအောင်လုပ်နိုင်သူ မျက်ရည်မိုးတွေသွန်ဖြိုးနိုင်သူမို့ မျက်ရည်တွေအစား အပြုံးတွေကိုသာ ဆင်မြန်းပေးစေချင်တယ်အရှင်.....................

အပယ္ခံနန္းေဆာင္သခင္အပယ်ခံနန်းဆောင်သခင်S.1(completed)Where stories live. Discover now