Ep(12)
#Zawgyiအိမ်တော်ထိန်းအွန်းက အရင်အပတ်ကတည်းက နယ်ပြန်သွားတာကြောင့် အခုတလော Jungkookကပဲ တက်နိုင်သမျှနဲ့ မနက်စာကို စီစဉ်ပေးသည်...
မနက်စာ ကြက်ဥပေါင်မုန့်ကြော်၊sandwich၊ coffeeသောက်ပြီးသည်နှင့်
Taehyung Chanhwaနဲ့ Companyကို စောစောထွက်လာခဲ့သည်....
Jungkookကတော့ သွားနှင့်နေလေပြီ....Taehyungတို့Companyက ဆောက်လုပ်ရေး Companyဖြစ်တဲ့အလျောက် တစ်လတစ်ခါလောက်တော့ နယ်ဘက်က construction siteတွေကို သွားစစ်ရသည်....
ဒီနေ့လဲ သွားစစ်ရမဲ့ ရက်မို့ ရုံးခန်းထဲက လိုအပ်တဲ့ စာရွက်စာတမ်းတွေ အမြန်ယူလိုက်ပြီး Chanhwaနဲ့ တူတူထွက်လာခဲ့သည်....
Siteထဲ ရောက်ခန့်နီးမှ သိတာက ဒီhotelဆောက်လုပ်ရေးအတွက် designဆွဲထားတဲ့ ပုံကြမ်းအချို့ မေ့ကျန်နေခဲ့ခြင်းပင်....
'သေလိုက်ပါတော့လား Kim Taehyungရာ'ဆိုပြီး ကိုယ့်နဖူး ကိုယ်ပြန်ရိုက်ကာ companyကို လှမ်းဖုန်းဆက်တော့ မန်နေဂျာကလဲ companyက အလုပ်တစ်ချို့ လုပ်ဖို့ရှိနေသေးတာကြောင့် Jungkookကိုသာ ဖုန်းလွှဲခိုင်းလိုက်ရင်း လိပ်စာပြောကာ taxiနဲ့ လာပို့ခိုင်းရတော့သည်....
Siteထဲ ရောက်တော့ ဒီအလုပ်အတွက် တာဝန်ယူထားတဲ့ engineersတစ်ချို့နဲ့ ဆွေးနွေးရင်း 2နာရီလောက် အကြာမှာတော့ Jungkookရောက်လာလေသည်....
"hyung အဆင်ပြေလား...."
ဖိုင်တွဲကို ပေးရင်း jungkookမေးလိုက်တော့"အင်း ...siteထဲက အခုမှ ဆောက်နေတုန်းဆိုတော့ အန္တရာယ်များတယ် ပေးပြီးရင် ပြန်တော့..."
"ဟို ကျွန်တော် ညနေမှပဲ hyungနဲ့ အတူတူပြန်လို့ ရလားဟင်...."
Taehyung ငြင်းဖို့ ပြင်လိုက်ပေမဲ့ တောင်းဆိုနေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကြား သူအရှုံးပေးမိလိုက်သည်....
သူလဲ ညက ငါ့ပြုစုပေးနေရတာနဲ့ အသွားအပြန် ပင်ပန်းနေမှာပဲ ထားလိုက်ပါတော့လေ ဒ်ီတစ်ခါတော့...."ငါ့အလုပ် ဝင်မရှုပ်ရင် ပြီးတာပဲ....စောင့်ချင်ရင်လဲ နားနေဆောင်ဘက်ပဲနေ ဒီဘက်မလာနဲ့ ကြားလား...."
"ဟုတ်...."
မေးတာတခြား ဖြေတာတခြား ဆိုပေမဲ့ ဆိုလိုရင်းအရ ညနေမှ ပြန်လို့ရတယ်ဆိုတဲ့ အဓိပ်ပါယ် ရတာကြောင့် Jungkookပြုံးလိုက်မိသည်....
YOU ARE READING
Only Then💔 [Unicode+Zawgyi]
Fanfictionချစ်ခြင်းနဲ့ နာကျင်ခြင်းက တိုက်ရိုက်အချိုးကျတယ်💔