ကျွန်တော့်မှာ အခါခါသေရတယ်။ ကျွန်တော်မြတ်နိုးရတဲ့ မျက်ဝန်းလေးထဲ နာကျင်ခြင်းတွေတည်လာတဲ့အခါလေ။
--------------------
"ဆေးခန်းသွားရအောင် ကျန့်ကော"
"ဟင့်အင်း..အိမ်ပြန်ပြီးအနားယူလိုက်ရင် ကောင်းသွားမှာ"
ရိပေါ်ကျန့်ကောကိုဘာမှ ထပ်မပြောမိတော့။ ငြိမ်ငြိမ်လေးပဲ တွဲခေါ်လာလိုက်တယ်။ ပူကျစ်နေတဲ့အသားကိုအဝတ်ကနေတောင် ခံစားမိပေမယ့် အခုချိန်က ကျန့်ကောစိတ်လိုရာလုပ်ပေးရမယ့်အချိန်ဖြစ်တယ်။
ဆေးတွေလည်းဝယ်ခဲ့ပြီးသားမို့ စိတ်ပူစရာတော့ မရှိပါဘူး။ ဆေးအကြောင်းကို ကျန့်ကောလောက်နားမလည်ပေမယ့် ဆရာဝန်ဆီကမေးပြီးမှ သေချာဝယ်ခဲ့တာမို့
အဆင်ပြေပါတယ်။အမှန်ပြောရရင် ရိပေါ်ကတစ်ညနေလုံးကျန့်ကော ငိုနေခဲ့တာကိုသိတယ်။
တစ်နေ့လုံးလည်း ထိုင်စောင့်ပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ DDU ကခေါ်လို့သွားပြီးပြန်လာတော့ သူကျန့်ကောဆီတန်းလာခဲ့တာ။
ကျန့်ကောကိုသတင်းကောင်းပြောရင်း...ကျန့်ကောဆီကလည်း သတင်းကောင်းကြားရင်းလို့ တွေးရင်းပေါ့။ဒါပေမဲ့ သူ့ရဲ့ မြတ်နိုးရာကျန့်ကောက စာမေးပွဲခန်းထဲမှာ ခေါင်းကို ခဏခဏ ဖိနှိပ်နေတည်းက အခြေအနေမဟန်မှန်းသိခဲ့ရတယ်။
စာရတာ မရတာကိုမဟုတ်၊ ကျန့်ကောနေမကောင်းဘူးဆိုတာကိုသိခဲ့တာ။
သူစိတ်ပူနေခဲ့သလိုဖြစ်လာပြီ။ဒါ့ကြောင့် တစ်နေကုန်လိုက်စောင့်ပေးနေခဲ့ရုံ။ သူလုပ်ပေးနိုင်တာ ဘာမှမရှိဘူး။
သူဟာတစ်ကယ်အသုံးမကျတာပါပဲ။ ကျန့်ကောပျော်ဖို့ ဘာများလုပ်နိုင်တာရှိမလဲ။သူတစ်လမ်းလုံးလည်း ကျန့်ကောရဲ့မျက်ဝန်းတွေ ဆိုင်မကြည့်ဝံ့ခဲ့။
မျက်လုံးမို့မို့တွေက မှေးပြီးပြုံးပြလာတဲ့အခါ သူ့ရင်ဘတ်ကြီးကို ပင်အပ်နဲ့ စိုက်နေသလိုပဲ။ အရမ်းနာကျင်ရတယ်။ ကျန့်ကောလည်း ဘယ်လောက်နာကျင်နေမလဲ။ဒါတောင်ကျန့်ကောက သူစိတ်မညစ်ရအောင် ပြုံးပေးနေပါသေးတယ်။
YOU ARE READING
Dear My Life...
FanfictionDear My Life, I love you. By the way, I was made for loving you. This is all for now.The only thing is that I love you. With best loves. ...