9

7.3K 1.2K 172
                                    

Unicode,

"Jimin.. တကယ်တော့ ငါက တိုင်းပြည်ရဲ့ အရှင်ဘုရင်ပါ"

ရုတ်တရပ် ဖွင့်ဟလာသည့် မေတ္တာမျှနေသူရဲ့ စကားကြောင့် Jimin ထိတ်လန့်ကာ ဒူးထောက်လိုက်မိသည်။

"စိုးရွံ့မိပါတယ် အရှင်"

Jimin လက်တစ်စုံကို နူးနူးညံ့ညံ့ ဆုပ်ကိုင်ပြီး အရှင်က စိတ်မကောင်းသလို ကြည့်ကာ

"ဘာဒူးထောက်စရာ လိုလို့လဲ ကလေးရယ်.. ကိုယ်က မပြောခဲ့တာကို၊ ကိုယ်က ဘုရင်ဖြစ်နေလို့ မချစ်တော့တာတော့ မဟုတ်ဘူးမလား"

အရှင့်စကားကြောင့် Jimin ကြောင်သွားသည်။ မေတ္တာမျှနေသည့်သူက တိုင်းပြည်ရဲ့ ဘုရင်တဲ့လား...။ ဘယ်လိုစိတ်နဲ့ ချစ်ရဲမှာလဲ..။

"မသင့်တော်ပါဘူး အရှင်.. ကျွန်တော့်လို အညာတရ ဆေးဆရာကို အရှင့်အနေနဲ့"

"ကိုယ်က မင်းနဲ့မှ အချစ်ကို ခံစားမိလာတာလို့ ပြောဖူးတယ်လေ.. မင်းသာ ပထမဆုံးနဲ့ နောက်ဆုံး အချစ်မို့ ကိုယ့်ကို စိတ်ညစ်ရအောင် မလုပ်ပါနဲ့ကွာ"

အရှင့် စကားကို Jimin ဘယ်လို တုံ့ပြန်ရမလဲ မသိ။ စိတ်ထဲ အရင်ကလို တရင်းတနှီး ဆက်ဆံဖို့တော့ မဝံ့ရဲတော့ပါ။

"ကိုယ့်ကို ချစ်သေးရဲ့လား"

"ကျွန်တော်မျိုး မဖြေဝံ့ပါဘူး အရှင်"

ခေါင်းငုံပြီး ဖြေလိုက်တဲ့ Jimin အဖြေကို အရှင်က လွယ်လွယ် လက်ခံမည့်သူ မဟုတ်။ Jimin မေးလေးကို နူးနူးညံ့ညံ့ မော့ယူစေလျက်..

"ကိုယ် မင်းကို သိပ်ချစ်တာ သိတယ်မလား"

"အရှင်"

Jimin နှုတ်ခမ်းဖူးလေးပေါ် နူးနူးညံ့ညံ့ ထိတွေ့ဖို့ ကြိုးစားလာတဲ့ အရှင့်နှုတ်ခမ်း အထိအတွေ့ကို Jimin ရုန်းမိသည်။

"မသင့်တော်ပါဘူး အရှင်.."

"ကိုယ့်ကို မထားခဲ့ပါနဲ့နော်.. ကိုယ်လေ မင်းလေး မရှိပဲ တစ်မနက်လေးတောင် မနေနိုင်ဘူး ဆိုတာ သိတယ်မလား"

"တိုင်းပြည်ကို ဦးဆောင်မယ့် ဘုရင်တစ်ပါးက ဒီလို မပျော့ညံ့သင့်ပါဘူး အရှင်"

အရှင် ဆုပ်ကိုင်ထားသည့် လက်ကို ဖယ်ချလိုက်ပြီး ကျောခိုင်းလိုက်သည်။ မချစ်တော့လို့ ဆိုတာထက် ရင်ဆိုင်ပြီး မပြောရဲလို့ဆို ပိုမှန်လိမ့်မည်။

Fortunes of Sleeping BeautyWhere stories live. Discover now