Part-36(Uni)

14.2K 1K 68
                                    

"ဦးခန့်ညား အားထည့်ပါဦး...
ဒီလူကောင်ကြီးနဲ့ အားကဒီလောက်ပဲလား..."

ခန့်ညားလည်း ဧကက အားထည့်ခိုင်းနေတာကြောင့် အားထည့်လိုက်သည်..။

"အ!...အာ့!...ဦးခန့်ညား!..."

"ဟာ...ဘာဖြစ်တာလဲ?...
ဖြေးဖြေးလေးလုပ်ပေးနေတဲ့ဟာကို..."

ပြောလည်းပြော ခန့်ညားကအားထည့်လိုက်တာကြောင့်..ဧက အော်မိသွားသည်..။

"အား!....ဦးခန့်ညား!...."

"ဘာလို့အော်တာလဲ?....
လူကြီးလန့်နိုးသွားဦးမယ်..."

"အဲ့တာဆို ဦးခန့်ညားဘာလို့အားထည့်လိုက်တာလဲ?...
ဟင့်...နာပါတယ်ဆိုတာကို...
လူကို တမင်လုပ်တာ...အီး...ပါပါး...."

"ဟာ...ဟေ့...ကလေး ဘာလို့ငိုတာလဲ?...
လူကြီးတွေအိပ်နေပြီလေ..."

"မသိဘူး မသိဘူး...
ဦးခန့်ညား လူကိုအနိုင်ကျင့်တယ်..."

"ဟင်...ကိုယ်ဘယ်မှာအနိုင်ကျင့်ရသေးလို့လဲ?.."

"ဒေါက်!...ဒေါက်!...
သားသား...သားသားဘာဖြစ်လို့လဲ?..."

"အီး...ပါပါး...
ပါပါးကို တံခါးဖွင့်ပေးလိုက်လေ..."

"ကလေး...အဲ့တာက..."

"ပါပါးကို တံခါးသွားဖွင့်ပေးလိုက်ပါဆို..."

ခန့်ညားလည်း ဧကကဖွင့်ခိုင်းနေတာကြောင့်..ပုဆိုးကိုပြင်ဝတ်ပြီး တံခါးကိုသွားဖွင့်ပေးလိုက်သည်..။

တံခါးဖွင့်ပေးလိုက်သည်နှင့်..ပါပါးရော ဖေဖေပါ အတူတွဲဝင်လာကြသည်..။

"မောင်ခန့်ညား...
သားသားက မွေးဖို့၁ပတ်၂ပတ်လောက်လိုတော့တာလေ...
အခုလိုတွေမလုပ်ပါနဲ့တော့...
ကလေးမွေးပြီးရင်...အင်း....."

ခန့်ညားကိုသေချာကြည့်ပြီး ပြောလာတဲ့ဦးနေမင်းကြောင့် ခန့်ညားမှာကြောင်သွားသည်..။

"ဗျာ....အဖေ ဘာပြောတာလဲမသိဘူး..."

"မင်းတို့အခု....ဟင်း...."

"ဖေဖေ ဘာပြောနေတာလဲဟင်...
ဦးခန့်ညားက သားခြေသလုံးကိုဆေးလိမ်းပြီးနှိပ်ပေးနေတာပါ..."

"ဟမ်!..."     "ဟမ်!..."

"ဟုတ်တယ်...
အဲ့ဦးခန့်ညားပေါ့ သားကိုအားထည့်လာနှိပ်နေတာ...
မလုပ်ပေးချင်သလိုနဲ့..."

ဦးရဲ့ကလေးဆိုးလေး (ချစ်တော့ချစ်တယ်..အလိုမလိုက်ဘူး..) (completed)Where stories live. Discover now